Your cart is currently empty!
Samsung က Nokia ကို ဝယ်တော့မှာလား !!
စျေးကွက်မှာ Samsung ရဲ့ Smartphone တွေဟာ နေရာယူထားပြီဖြစ်ပေမယ့် Nokia ရဲ့ စျေးကွက်ကတော့ တော်တော်လေးမြှပ်နေတာကို တွေ့လာရပါတယ်။
Bloomberg ဆိုထားတာကတော့ Samsung က Nokia ရဲ့ တယ်လီကွန်းလုပ်ငန်းကို စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
Network လောကမှာ Nokia က ပြိုင်ဘက်ကင်းဆိုပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ ဈေးကွက်ထဲက နာမည်ကြီး Ericsson , Huawei တို့လို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်
ရင်းနဲ့ ရုန်းကန်နေရပါတယ်။
Samsung က ဒီအချက်ကိုတွေ့ထားပြီး Nokia ရဲ့ တယ်လီကွန်းလုပ်ငန်းကို ကို ဝယ်လိုက်မယ်ဆိုရင် Samsung အနေနဲ့ ယခုနှစ် စျေးကွက်မှာ နံပါတစ်ကိုရောက်လာနိုင်ပြီး စျေးကွက်ကိုလည်း ထိန်းချုပ်လာနိုင်မှာပါ။







Leave a Reply
You must be logged in to post a comment.