လက်ရှိ ကျင်းပနေတဲ့ CES 2026 ပြပွဲကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Samsung ရဲ့ ထိပ်သီးခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိမယ့် စမတ်ဖုန်းသစ်တွေဟာ ဈေးနှုန်းမြင့်တက်ဖို့ ရှိနေကြောင်း တရားဝင် အရိပ်အမြွက် ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။
ဈေးတက်ရခြင်းရဲ့ အဓိကတရားခံကတော့ Memory Chip တွေ ဒီတစ်ခါ ဈေးတက်တာက နည်းပညာအသစ်တွေကြောင့်ထက် Memory (RAM) ဈေးကွက် ကမောက်ကမ ဖြစ်နေတာကြောင့်ပါ။
နောက်ပြီး ကမ္ဘာတစ်ဝန်း AI Data Center တွေက Memory Chip တွေကို အလုံးအရင်းနဲ့ အော်ဒါမှာယူနေကြတာကြောင့် ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းတွေ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။
အရင်က Chip ဝယ်ယူမှုကို တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပေမဲ့ အခုအခါမှာတော့ ဈေးကွက်မတည်ငြိမ်မှုကြောင့် (၃) လတစ်ကြိမ်သာ စာချုပ်ချုပ်ဆိုနိုင်တော့တဲ့ အနေအထား ဖြစ်သွားပါတယ်။
Samsung ဟာ Memory Chip တွေကို ကိုယ်တိုင်ထုတ်လုပ်နေတာ မှန်ပေမဲ့ Samsung Mobile Unit ဟာ Samsung Memory Division ဆီကနေ စီးပွားရေးအရ ပြန်လည်ဝယ်ယူသုံးစွဲရတာပါ။ ဒါကြောင့် Memory ဌာနက ဈေးတင်လိုက်တဲ့အခါ ဖုန်းထုတ်လုပ်တဲ့ဘက်မှာ ကုန်ကျစရိတ် တိုက်ရိုက်မြင့်တက်သွားပါတယ်။
⚔️ Apple နဲ့လည်း တိုက်ပွဲဝင်နေရပါသေးတယ်။
ဈေးကွက်ယှဉ်ပြိုင်မှု အကျပ်အတည်း ဒီဈေးတက်မှုဟာ Samsung အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်
၂၀၂၅ ခုနှစ်မှာ Apple က Samsung ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ် (၁) ဖုန်းထုတ်လုပ်သူ ဖြစ်လာခဲ့သလို၊ လက်ရှိ iPhone 17 Series ကလည်း ရောင်းအား အရှိန်တက်နေပါတယ်။
ဒါပေမယ့် လာမယ့် Galaxy S26 မှာ ဈေးနှုန်းတက်သွားရင် Apple နဲ့ ယှဉ်ပြိုင်ဖို့ ပိုမိုခက်ခဲသွားနိုင်ပါတယ်။






