Your cart is currently empty!
iPhone 17 Air ကတော့ 5.5mm အထူပဲရှိမယ်လို့ သတင်းထွက်နေတာဖြစ်ပြီး Sim Card တွေအစား eSim တွေကို ထည့်သွင်းအသုံးပြုတော့မယ်ဆိုပြီး Apple ကနေလုပ်တော့မှာဖြစ်ပါတယ်။
ဒီ အစီအစဥ်ကအရင်ထဲက Apple က လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး iPhone 16 Series ရဲ့ US အလုံးတွေမှာဆိုရင် Sim ထည့်တဲ့ Slot မပါဝင်တော့တာကိုတွေ့ရမှာပါ။
ဒါပေမယ့် iPhone 17 Air မှာတော့ iPhone တွေကို အပါးဆုံးပုံစံနဲ့ထုတ်လုပ်မှာဖြစ်တဲ့အတွက် ဖြစ်နိုင်တာကတော့ iPhone တွေမှာ Sim Slot မပါဝင်တော့တာသေချာနေသလောက်ရှိနေပါပြီ။
ဒီလိုဆိုရင်တော့ eSim တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုရတော့မှာဖြစ်ပြီး iPhone တွေလည်း Design အသစ်တွေကို တစ်နှစ်တစ်မျိုးနဲ့ မရိုးနိုင်အောင် ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်နိုင်တော့မှာပါ။
ဒီလိုသာဆိုရင်တော့ iPhone တွေရဲ့ ခြေလှမ်းအသစ်တွေကတော့ တခြား ဖုန်းတွေထက် ပိုဦးသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။







Leave a Reply
You must be logged in to post a comment.