Your cart is currently empty!
Hongdae ကတော့ ကိုရီးယားကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားများကြား ရေပန်းစားတဲ့ နေရာတခုဖြစ်ပါတယ်။ ဒီနေရာက နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းတွေကို ပြသထားတဲ့ ဖက်ရှင်စတိုးဆိုင်များ၊ အလှကုန်အမှတ်တံဆိပ်များနှင့်အတူ စျေးဝယ်လို့ကောင်းတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် Hongdae မှာ လည်ပတ်ဖို့ ရေပန်းအစားဆုံး အဝတ်အစားဆိုင်တွေကို စုစည်းပြီး ပြောပြလိုက်ပါတယ်။
1. Musinsa Standard
Hongdae ဟာ ဖက်ရှင်ကျတဲ့ လူငယ်တွေအတွက် သွားရောက်လည်ပတ်လို့ အကောင်းဆုံးနေရာတခုဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ခေတ်မီတဲ့ အဝတ်အစားတွေကို သင့်လျော်တဲ့စျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ဖက်ရှင်အမှတ်တံဆိပ် အမျိုးမျိုးရှိပါတယ်။ Musinsa ကို အသက် 20 ၀န်းကျင် ယောကျာ်းလေးအများအပြား ဈေးဝယ်ထွက်တဲ့ နံပါတ် 1 ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပါတယ်။ Hongdae ရှိ Musinsa Standard စတိုးဆိုင်ကတော့ စုစုပေါင်း အထပ် 3 ထပ် ရှိပါတယ်။ အမျိုးသားဖက်ရှင်တွေကို ပထမထပ်နဲ့ မြေညီထပ်မှာ ရောင်းချပြီး ဒုတိယထပ်မှာ အမျိုးသမီးဖက်ရှင်တွေကို ရောင်းချပါတယ်။
ခေတ်မီပြီး စတိုင်လ်ကျလွယ်တဲ့ အထည်များကို သက်သာတဲ့ စျေးနှုန်းတွေနဲ့လဲ ရောင်းချပေးပါတယ်။
လိပ်စာ- 서울 마포구 양화로 144
(144 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-21:00
2. Market A
Hongdae ကိုသွားလည်တဲ့အခါ Market A ကိုတော့ သွားကြည့်သင့်ပါတယ်။ ဈေးနှုန်းတွေက ဈေးကြီးတတ်ပေမယ့် လျှော့စျေးတွေလဲ အများကြီးရှိတတ်ပါတယ်။ လာဝယ်တဲ့ စျေးဝယ်သူတွေ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ဖို့ သပ်သပ်ရပ်ရပ် စီစဉ်ပေးထားပြီး အမျိုးသားရော အမျိုးသမီး ၀တ်စုံများကိုပါ ဒီဆိုင်မှာ ရရှိနိုင်ပါတယ်။
လိပ်စာ- 서울 마포구 홍익로3길 8
(8 Hongik-ro 3-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သု၊ တနင်္ဂနွေ 12:00-23:00 သောကြာ-စနေ- 11:30-23:00
Market A Hongdae ဆိုင်ခွဲ ၂
လိပ်စာ- 서울 마포구 와우산로27길 39
(39 Wausan-ro 27-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-23:00
3. thisisneverthat
thisisneverthat ဟာ ကိုရီးယား ဟစ်ဟော့နှင့် R&B အနုပညာရှင်များကြားတွင် ရေပန်းစားတဲ့ ကိုရီးယား streetwear fashion brand တစ်ခုဖြစ်ပါတယ်။။ ဒီ brand ကို ကိုရီးယားပြင်ပတွင်လည်း လူကြိုက်များတာကြောင့် အချို့နိုင်ငံတွေ ဝယ်ယူရန်အတွက် နိုင်ငံတကာကို တင်ပို့တဲ့ အွန်လိုင်းစတိုးတစ်ခုလည်း ရှိပါသည်။ ဆိုင်ရဲ့ interior design သစ်သားတွေနဲ့ အနောက်တိုင်းဆန်ဆန် ပြုလုပ်ထားပြီး LA က ဖက်ရှင်စတိုးဆိုင်မှာ ရောက်ရှိနေသလိုမျိုး ခံစားရမှာဘဲဖြစ်ပါတယ်။ ဦးထုပ်နှင့် နေကာမျက်မှန်များကဲ့သို့သော ရိုးရှင်းသော အခြေခံအသုံးအဆောင်များအပြင် အ၀တ်အစားများနဲ့ အခြားဆက်စပ်ပစ္စည်းများကို ဒီဆိုင်မှာ တွေ့နိုင်ပါတယ်။ အကယ်၍ သင်က streetwear ကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီဆိုင်ကို သွားကြည့်သင့်ပါတယ်။ ဒီအမှတ်တံဆိပ်ဟာ BTS၊ TXT၊ (G)I-DLE နှင့် ENHYPEN ကဲ့သို့ K-pop idol များကြားတွင်လဲ ရေပန်းစားပါတယ်။
လိပ်စာ- 1F၊ 32잔다리로 마포구 서울특별시
(1F၊ 32 Jandari-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန် : နေ့စဉ် 12:00 မှ 21:00 ထိ
4. M Playground
M Playground ကတော့ အလွန်သက်သာတဲ့စျေးနှုန်းတွေနဲ့ အမျိုးသား၊ အမျိုးသမီးအ၀တ်အထည်များကို ရောင်းချပေးနေတဲ့ ဖက်ရှင်စတိုးဆိုင်တခုဖြစ်ပါ။ ဘတ်ဂျက်ချွေတာချင်တဲ့သူတွေရှိရင်လဲ ဒီနေရာက သွားလို့ ကောင်းတဲ့ နေရာဖြစ်ပါတယ်။ အဝတ်အစားများ၊ အသုံးအဆောင်များ၊ ဦးထုပ်များနှင့် ခြေအိတ်အမျိုးမျိုးအပြင် ရာသီအလိုက် လျော့စျေးတွေ အများကြီးရှိတာမို့ သွားကြည့်သင့်ပါတယ်။
M Playground Hongdae ဆိုင်ခွဲ ၂
လိပ်စာ- 서울 마포구 어울마당로 94
(94 Eulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:00-24:00
M Playground Hongdae ဆိုင်ခွဲ ၃
လိပ်စာ- 서울 마포구 어울로마당로 132
(132 Eullomadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:00-24:00
M Playground Hongdae ဆိုင်ခွဲ ၄
လိပ်စာ- 서울 마포구 잔다리로 16
(16 Zandari-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-24:00
#hongdae #fashion #korea #myanmar #MyanGoal #clothing #streetwear #style







Leave a Reply
You must be logged in to post a comment.