2025 မှာ ဘူဆန်ရောက်ရင် ဒီပွဲတော်ကိုတော့ လက်လွှတ်မခံပါနဲ့!

2025 မှာ ဘူဆန်ရောက်ရင် ဒီပွဲတော်ကိုတော့ လက်လွှတ်မခံပါနဲ့!

ဘူဆန်မြို့ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ အလှပဆုံးမြို့တစ်မြို့ဖြစ်သလို ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လည်ပတ်စရာနေရာတွေအပြင် ပွဲတော်ပေါင်း များစွာကိုလဲ ကျင်းပလေ့ရှိပါတယ်။ Busan မှာ ကျင်းပနေဆဲ ပွဲတော်တွေကို ကျောင်းပိတ်တုန်း ဖြစ်ဖြစ်၊ အလုပ်ပိတ်တုန်းဖြစ်ဖြစ် တစ်ခေါက်လောက်ရောက်ဖြစ်အောင် သွားကြည့်သင့်ပါတယ်။ ဒီပွဲတော်ထဲက နာမည်အကြီးဆုံးနဲ့ လူသွားအများဆုံး ပွဲတော်တစ်ခုကို ပြောပြပေးမှာ ဖြစ်ပါတယ်။

Haeundae Beach Lighting Festival

Haeundae Lighting Festival ကတော့ ဘူဆန်ရဲ့ Haeundae ကမ်းခြေမှာ ရေကူးဖို့ အလွန်အေးလွန်းလှတဲ့ ဆောင်းရာသီအချိန်မှာ တောက်ပတဲ့ မီးရောင်စုံတွေနဲ့အတူ ကျင်းပြကြတာဘဲ ဖြစ်ပါတယ်။ ကိုရီးယားရဲ့ အကြီးဆုံး ဆောင်းရာသီ lighting festival ဖြစ်တာနဲ့အညီ Haeundae မှာ LED မီးလုံး 800,000 ကျော်ကို တပ်ဆင်ထားပြီး အလန်းစားအခင်းအကျင်းတွေနဲ့ ပြသထားပါတယ်။ Gunam-ro လမ်းတလျှောက် သစ်ပင်ပန်းပုတွေကို မီးရောင်စုံနဲ့ အလှဆင်ပြီး နီယွန်သစ်တောပုံစံဖန်တီးထားပါတယ်။

ဘူဆန်ရဲ့ ကိုယ်စားပြု ဆောင်းရာသီပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး Haeundae Light Festival ကတော့ မီးရောင်တွေကနေ မေတ္တာတွေနဲ့ မျှော်လင့်ချက်တွေကို ခံစားရပါတယ်။ ဒီဇင်ဘာလ အစောပိုင်းမှာ မီးထွန်းပွဲတော်ကို စတင်လေ့ရှိပြီး ပွဲတော်အတွင်း Haeundae ကမ်းခြေ၊ Haeundae Market နဲ့ Aehyang-gil Street အပါအဝင် Haeundae ဧရိယာရှိ ထင်ရှားတဲ့ ခရီးသွားနေရာတွေမှာ လှပတဲ့ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ ပွဲတော်ဧရိယာရဲ့ ဝင်ပေါက်ဖြစ်တဲ့ Gate of Light မှာ လက်ရေးနဲ့ ရေးထားတဲ့ supportive and hopeful ဖြစ်တဲ့ စာတိုတွေဟာ လည်ပတ်သူတွေရဲ့ အမြင်ကို ဆွဲဆောင်နိုင်ပြီး ပလာဇာရဲ့ အဆုံးမှာ ဧရာမ ခရစ္စမတ်သစ်ပင်ကြီးကလဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်။

Haeundae ကမ်းခြေတလျှောက် လင်းထိန်နေတာကြောင့် ညဘက်မှာ လှိုင်းတွေ၊ jellyfish တွေ၊ သန္တာကျောက်တန်းတွေကို မြင်တွေ့နိုင်တဲ့အပြင် Dalmaji Hill တဝိုက်မှာလဲ စုံတွဲတွေ လမ်းလျှောက်ရင်း အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ဒီဆောင်းရာသီပွဲတော်ကို ညနေခင်းအချိန်မှာ လာရောက်လည်ပတ်သင့်ပြီး တေးဂီတ ကကွက်တွေနဲ့ ပြသထားတဲ့ light shows တွေကို ကြည့်ရှုလို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ Haeundae ကမ်းခြေမှာ lasers တွေနဲ့ မီးရှူးမီးပန်းတွေကို ပင်လယ်ပြင်နားမှာ ပြသလေ့ရှိပါတယ်။

Dates – 2024.12.14.(Sat) ~ 2025.02.02.(Sun)
Haeundae Beach Lighting Festival တည်နေရာ :
부산 해운대구 중동 1411-23

ဒီပွဲတော်ဟာ ပြီးခါလဲနီးနေပြီဆိုတော့ ဘူဆန်သွားဖို့ Plan ထားတယ်ဆိုရင်တော့ လက်လွှတ်မခံပဲ ပါဝင်ဆင်နွှဲဖို့ အကြုံပြုလိုက်ပါတယ်။ ဆောင်းရာသီပွဲတော်ဖြစ်ပြီး ဒီနှစ်ဟာ အရင်နှစ်တွေထက် ပိုပြီးအေးတာကြောင့် အနွေးထည်တွေ သေချာဝတ်ဖို့ မမေ့ပါနဲ့နော်။

#busan #festival #beach #korea #myanmar #MyanGoal


Latest