Tiktok ကိုပြန်သုံးခွင့်ပေးလိုက်တဲ့ ဒေါ်နယ်ထရမ့်
ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာပြီးနောက်မှာတော့ US မှာ TikTok တွေကို ပိတ်လိုက်ခဲ့ပါတယ်။ ဒီလို Tiktok ကို ပိတ်လိုက်တဲ့အတွက် တစ်ချို့ US Region အသုံးပြုနေတဲ့ User တွေစီမှာ Tiktok App က ပျောက်သွားတာတွေမျိုးကြုံနေရပါတယ်။
ဒါပေမယ့် ဒေါ်နယ်ထရမ့်ကတော့ User တွေအကျိုးကိုကြည့်ပြီး Tiktok ကို ၇၅ ရက်အသုံးပြုခွင့်ပေးထားပြီး ဒီ ၇၅ ရက်အတွင်းမှာ Tiktok ကို အမေရိကန်ပိုင် App အဖြစ် ဝယ်ယူမယ့်သူရှိခဲ့ရင် ရောင်းချဖို့ပြောခဲ့တာဖြစ်ပါတယ်။ တကယ်လို့မှ ရောင်းချဖို့ အဆင်မပြေဘူးဆိုရင်တော့ လာမယ့် ဧပြီလ ၅ ရက်နေ့မှာပိတ်သိမ်းသွားဦးမှာဖြစ်ပါတယ်။
အမေရိကန် အစိုးရကတော့ တရုတ် ကုမ္ပဏီအပိုင်ဖြစ်တဲ့ Bytedance ရဲ့ TikTok ဟာ တစ်ချိန်မှာ နိုင်ငံကို အများကြီးထိခိုက်လာနိုင်မယ်လို့ စိုးရိမ်တဲ့အတွက် US မှာ Tiktok မရှိရေးကြိုးစားနေတာဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.