Xiaomi က 15 Series မှာ အကြမ်းဆုံးဆိုတဲ့ Ultra ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ 

Xiaomi က 15 Series မှာ အကြမ်းဆုံးဆိုတဲ့ Ultra ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ 

အမိုက်စား Camera တွေ၊ ကြာရှည်အသုံးခံတဲ့ Battery Life နဲ့ အရမ်းမိုက်တဲ့ Design တို့နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 

Display အတွက် 6.73” 3200x1440p AMOLED ကို တပ်ဆင်ထားပြီး 1-120Hz Refresh Rate နဲ့ 3,200 Nits Brightness ထည့်ထားပါတယ်။ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ Xiaomi Shield Glass 2.0 နဲ့ Display ကို ကာကွယ်ထားပါတယ်။

Performance ပိုင်းမှာဆိုရင် Snapdragon 8 Elite ထည့်ထားပြီး 12GB နဲ့ 16GB RAM နဲ့က Base Model မှာပါဝင်လာမှာဖြစ်ပါတယ်။  256GB, 512GB, 1TB တို့ကိုတော့ UFS 4.1 Storage နဲ့ တွဲထားပါတယ်။ Chipset အသစ်ဟာ စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း ပိုကောင်းလာပြီး Performance မှာ သိသိသာသာတိုးလာမှာပါ။ 

ပြုတ်ကြမှုတွေကနေ ကာကွယ်ပေးဖို့ အကြမ်းဆုံး Glass တွေကို သုံးထားပြီး အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ Xiaomi Shield Glass 2.0 နဲ့ Display ကို ကာကွယ်ထားပါတယ်။ 

Camera ပိုင်းမှာတော့ 1-inch 50MP Sony LYT-900 ဖြစ်ပြီး 50MP Ultrawide , 50MP Telephoto , 200MP Periscope Telephoto တို့ကိုသုံးပေးထားပြီး Selfie Camera ကိုတော့ 32MP နဲ့သုံးပေးထားပါတယ်။ 

ဒီနှစ်အတွက် အကြမ်းဆုံးလို့ပြောလို့ရတဲ့ Xiaomi  ကတော့ တရုတ်မှာ 12/256GB ကို ၆,၄၉၉ ယွမ် (၈၉၃ ဒေါ်လာ)၊ 16/512GB ကို ၆,၉၉၉ ယွမ် (၉၆၁ ဒေါ်လာ)နဲ့ 16GB RAM/1TB ကို ၇,၇၉၉ ယွမ် (၁,၀၇၁ ဒေါ်လာ ) နဲ့ မတ်လမှာစတင်ရောင်းချသွားမှာဖြစ်ပါတယ်။ 


Latest