Your cart is currently empty!

YouTube ပေါ်မှာ အရိုးရှင်းဆုံးအရာလေးတစ်ခုကနေ ဒေါ်လာသန်းကြွယ်သူဌေးဖြစ်သွားစေတဲ့ “Fireplace 10 Hours”
YouTube ပေါ်မှာ အရိုးရှင်းဆုံးအရာလေးတစ်ခုကနေ ဒေါ်လာသန်းကြွယ်သူဌေးဖြစ်သွားစေတဲ့ “Fireplace 10 Hours”
YouTube ပေါ်မှာ ဗီဒီယိုအလန်းစားတွေ၊ Edit အမိုက်စားတွေ လုပ်မှ အောင်မြင်မယ်လို့ ထင်နေပါသလား? အခုပြောပြမယ့် ဖြစ်ရပ်ကတော့ ထိုအယူအဆကို ပြောင်းလဲပစ်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက တင်ထားတဲ့ ၁၀ နာရီကြာ “မီးဖိုမီးတောက်လောင်နေပုံ” ဗီဒီယိုလေးဟာ ယနေ့အချိန်မှာ ကြည့်ရှုသူအကြိမ်ရေ ၁၅၀ သန်း (150M Views) ကျော်သွားပြီဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ ဘာသရုပ်ဆောင်မှ မပါသလို၊ ဘာစကားသံမှလည်း မပါပါဘူး။ တောက်လောင်နေတဲ့ မီးတောက်ရဲ့ အသံနဲ့ ပုံရိပ်သက်သက်ပဲ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာ လေ့လာဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ ဒီဗီဒီယိုတစ်ခုတည်းကနေတင် ကြော်ငြာဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ သန်း (မြန်မာငွေ သိန်းပေါင်းသောင်းချီ) ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဗီဒီယိုဟာ အထူးသဖြင့် ဥရောပနဲ့ အမေရိကန်နိုင်ငံတွေရဲ့ ဆောင်းရာသီ မှာ အကြည့်များဆုံးဖြစ်ပါတယ်။ အိမ်ထဲမှာ နွေးထွေးတဲ့ ခံစားချက်ရဖို့ TV ဒါမှမဟုတ် Tablet တွေမှာ ဖွင့်ထားကြတာပါ။
စာဖတ်တဲ့အခါ ဒါမှမဟုတ် အိပ်စက်တဲ့အခါမှာ ပတ်ဝန်းကျင်က အသံတွေကို ဖျောက်ဖို့အတွက် ဒီလို အသံငြိမ်ငြိမ်လေးတွေကို လူတွေက နှစ်သက်ကြပါတယ်။
ဒီဗီဒီယိုကို ဖန်တီးခဲ့တဲ့ Fireplace 10 Hours ချန်နယ်ဟာ YouTube ရဲ့ Partner Programme ကို အထိရောက်ဆုံး အသုံးချသွားနိုင်ခဲ့ပါတယ်။ ဗီဒီယိုက ရှည်လျားတဲ့အတွက် ကြော်ငြာအရေအတွက် ပိုမိုထည့်သွင်းနိုင်သလို၊ Subscriber အခြေပြု ဝင်ငွေတွေပါ ရရှိနေတာ ဖြစ်ပါတယ်။





