နာမည်ကြီး power bank ကုမ္ပဏီ Anker နဲ့ Romoss က အပူလွန်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ power bank ၁.၂ သန်းကျော်ကို ဈေးကွက်က ပြန်သိမ်း

နာမည်ကြီး power bank ကုမ္ပဏီ Anker နဲ့ Romoss က အပူလွန်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ power bank ၁.၂ သန်းကျော်ကို ဈေးကွက်က ပြန်သိမ်းနေပါတယ်။ အမေရိကန်ရဲ့ CPSC က ဒီ power bank တွေမှာ လစ်သီယမ်ဘက်ထရီ ချို့ယွင်းချက်ရှိတယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

Anker ရဲ့ PowerCore 10000 (A1263) မော်ဒယ်နဲ့ ပတ်သက်ပြီး မီးလောင်မှု တိုင်ကြားချက် ၁၉ ခု ရှိခဲ့ပြီး ဒဏ်ရာ ၂ ခုနဲ့ ပစ္စည်းဆုံးရှုံးမှု ဒေါ်လာ ၆၀,၇၀၀ ကျော်ဖိုး ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ကနေ ၂၀၂၂ အထိ Amazon, eBay လို အွန်လိုင်းမှာ ဒီပစ္စည်း ၁.၁၅ သန်းကျော် ရောင်းခဲ့ပါတယ်။ Anker က ပြန်သိမ်းတဲ့ မော်ဒယ်တွေအတွက် ဒေါ်လာ ၃၀ တန် gift card ဒါမှမဟုတ် အသစ် power bank တစ်လုံး လဲပေးမယ်လို့ ဆိုပါတယ်။ တရုတ်မှာလည်း Anker ရဲ့ မော်ဒယ် ၇ မျိုး၊ အလုံးရေ ၇.၁၂ သန်းကို ပြန်သိမ်းနေပါတယ်။

Romoss ကလည်း ဟောင်ကောင်လေယာဉ်ပေါ် မီးလောင်မှုနဲ့ ဆက်စပ်ပြီး မော်ဒယ် ၃ မျိုး၊ အလုံးရေ ၄.၉၁ သန်းကို ပြန်သိမ်းနေပါတယ်။ ဒီမော်ဒယ်တွေကို ဘေဂျင်းက တက္ကသိုလ်တွေမှာ ပေါက်ကွဲနိုင်တယ်ဆိုပြီး တားမြစ်ခဲ့ဖူးပါတယ်။ Romoss ကလည်း အသစ်လဲပေးတာ၊ ပိုက်ဆံပြန်အမ်းတာ လုပ်ပေးမယ်လို့ ပြောပါတယ်။


Latest