0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မြို့က အကောင်းဆုံး ပန်းခြံများ
Jun 26, 2025
—
by
Milo Kevin
in
Travel
ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာနဲ့ ခေတ်မီတိုးတက်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဆိုးလ်မှာ ခေတ်မီ အထပ်မြင့် အဆောက်အအုံတွေအပြင် Hangang မြစ်နဲ့ တောင်တန်းတွေတလျှောက် အပန်းဖြေ အနားယူနိုင်မယ့် စိမ်းလန်းစိုပြေတဲ့ ပန်းခြံတွေအများအပြားလဲ ရှိပါတယ်။ ဒီနေ့မှာတော့ ချစ်ရသူလေးနဲ့ ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ပျော်ပွဲစားထွက်ရင်း သဘာဝဆန်ဆန် အနားယူနိုင်မယ့် ဆိုးလ်မြို့က အကောင်းဆုံး ပန်းခြံတွေကို ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ တင်ဆက်ပေးသွားမှာဘဲ ဖြစ်ပါတယ်။
1.Yeouido Hangang ပန်းခြံ
Yeouido Hangang ပန်းခြံဟာ ဆွဲဆောင်မှုများစွာရှိတဲ့ မြစ်ကမ်းဘေးပန်းခြံ တစ်ခုဖြစ်ပြီး ကိုရီးယားရဲ့ နိုင်ငံရေး၊ ဘဏ္ဍာရေးနဲ့ မီဒီယာရဲ့ ဗဟိုချက်ဖြစ်တဲ့ Yeouido နေရာမှာ တည်ရှိပါတယ်။ ဒီပန်းခြံဟာ ဆိုးလ်မြို့သူ၊ မြို့သားတွေရဲ့ အနှစ်သက်ဆုံး အနားယူရာနေရာလဲ ဖြစ်ပါတယ်။ မြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားတို့လို public transportation တွေနဲ့လဲ လွယ်ကူစွာ သွားလာနိုင်ပြီး ဒီပန်းခြံဟာ ၃၆၅ ရက် တစ်နှစ်ပတ်လုံး ရုံးဝန်ထမ်းတွေနဲ့ နိုင်ငံသား အများအပြားကို ဆွဲဆောင်နေပါတယ်။ Yeouido Hangang ပန်းခြံဟာ နာမည်ကျော် ချယ်ရီပန်းပွဲတော်နဲ့ မီးရှူးမီးပန်းပွဲတော် ကျင်းပရာနေရာဖြစ်ပြီး တနင်္ဂနွေ ပိတ်ရက်တွေမှာလဲ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေနဲ့ လာရောက် အနားယူတဲ့သူတွေကို ဖျော်ဖြေပေးနေတဲ့ နေရာဖြစ်ပါတယ်။ စက်ဘီးစီးဖို့ လမ်းနဲ့ လူသွားလမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ထားတာကြောင့် ညနေဘက် စက်ဘီးစီးတာနဲ့ လမ်းလျှောက်ထွက်တာတွေအတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ ပန်းခြံကို သွားရောက်လည်ပတ်ရင်လဲ ဘဲလှေစီးတာ၊ ရွက်လှေစီးတာတွေလဲ ပြုလုပ်နိုင်ပါသေးတယ်။
တည်နေရာ- ၃၃၀၊ Yeouidong-ro၊ Yeongdeungpo-gu၊ ဆိုးလ်၊ ကိုရီးယားသမ္မတနိုင်ငံ
2.Haneul ပန်းခြံ
စွဲမက်ဖွယ်ကောင်းတဲ့ ဆောင်းဦးရာသီရဲ့ မြက်ခင်းပြင်နဲ့ ညဘက်မြင်ကွင်းတွေဟာ ဒီပန်းခြံရဲ့ signature ပါဘဲ။
Haneul ပန်းခြံဟာ Korea နဲ့ Japan မှာ ကျင်းပခဲ့တဲ့ 2002 ကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် Nanjido Waste Landfill ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် World Cup Stadium ပတ်ပတ်လည်လည်မှာ ဆောက်လုပ်ထားတဲ့ပန်းခြံတွေထဲက တစ်ခုဖြစ်ပါတယ်။ တောင်ကုန်းပေါ်ရှိ ဧရိယာကျယ်ဝန်းတဲ့ ဒီပန်းခြံမှာ ညဘက်မြင်ကွင်းတွေနဲ့ နေ၀င်ချိန်တွေ လှပတာကြောင့် လူသိများပါတယ်။ ဒါ့အပြင် ဒီပန်းခြံမှာ နှစ်စဉ် အောက်တိုဘာလဆို ကျင်းပတဲ့ Silver Grass ပွဲတော်ဟာ ဆိုးလ်ရဲ့ ကိုယ်စားပြု ဆောင်းဦးပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပန်းခြံရဲ့ မြက်ခင်းပြင်တလျှောက် romantic ဆန်ဆန် စုံတွဲတွေအနေနဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ပါသေးတယ်။
တည်နေရာ- ၉၅၊ Haneulgongwon-ro၊ Mapo-gu၊ ဆိုးလ်၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ
3.Ttukseom Hangang ပန်းခြံ
Ttukseom Hangang ပန်းခြံကတော့ Hangang ပန်းခြံကို မဆောက်ခင်က ဆိုးလ်က နာမည်ကျော် မြစ်ကမ်းဘေး အပန်းဖြေ ဥယျာဉ် ဖြစ်ခဲ့ပါတယ်။ အေးမြတဲ့မြစ်ရဲ့ လေနုအေးကြားမှာ လေလှိုင်းစီးတာ၊ ရေလွှာလျှောစီးတာနဲ့ ပါဝါလှေစီးတာစတဲ့ ရေကစားနည်း အမျိုးမျိုးကို ကစားနိုင်ပါတယ်။ ဘောလုံးကွင်းတွေ ဘတ်စကက်ဘောကွင်းတွေ၊တင်းနစ်ကွင်းတွေ၊ ကြက်တောင်ကွင်းတွေအပြင် တောင်တက်ခြင်းဆိုင်ရာ အဆောက်အအုံများ အပါအဝင် အားကစားဆိုင်ရာ အဆောက်အအုံ အမျိုးမျိုးကို ပန်းခြံအတွင်းတွင် တည်ရှိသည်။ နေ့ခင်းဘက် ပျော်ပွဲစားထွက်ရင်း ပျော်ပွဲစားထွက်ရင်းနဲ့ ညဘက်အေးတဲ့လေတိုက်တဲ့အခါ အစားအသောက်မျိုးစုံကို ခံစားဖို့ ပန်းခြံမှာ နွေရာသီမှာ ရွက်ဖျင်တဲတွေ ငှားလို့ရတယ်။
တည်နေရာ- 139၊ Gangbyeonbuk-ro၊ Gwangjin-gu၊ ဆိုးလ်၊
4.Naksan ပန်းခြံ
Daehak-ro လမ်းနဲ့ Dongdaemun ဂိတ်အထိ ချဲ့ထွင်ထားတဲ့ Naksan ပန်းခြံဟာ ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို တပြိုင်နက် ခံစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပန်းခြံမှာ ဆိုးလ်မြို့ရဲ့ လှပတဲ့ ညမြင်ကွင်းကို ကြည့်ရှုဖို့ ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Bukhansan တောင်ထိပ်ကနေလဲ ဆိုးလ်မြို့လယ်ရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို ကြည့်ရှုနိုင်ပါတယ်။ Dongdaemun ဂိတ်ကနေ စတင်တဲ့ တောင်တက်လမ်းကြောင်းတလျှောက် စိမ်းလန်းစိုပြေတဲ့ သစ်တောတွေကို ဖြတ်သန်းသွားရမှာဘဲ ဖြစ်ပါတယ်။ အကွေ့အကောက်တွေ ရှိတာကြောင့်လဲ ဒီခံတပ်လမ်းကြောင်းဟာ Naksan ပန်းခြံရဲ့ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ Daehak-ro လမ်းအတိုင်းသွားပြီး Ihwa Mural ရွာကို ရောက်ရင်လဲ ဒီရွာတဝိုက်မှာ တွေ့နိုင်တဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ဓာတ်ပုံရိုက်လို့ရပါသေးတယ်။
တည်နေရာ- 41၊ Naksan-gil၊ Jongno-gu၊ ဆိုးလ်၊
ဆိုးလ်းမြို့ရဲ့ အကောင်းဆုံးပန်းခြံတွေကတော့ ဒီလောက်နဲ့မကုန်သေးပါဘူး။ ကျန်နေသေးတဲ့ ပန်းခြံတွေကိုတော့ နောက်ရက်ကျရင်လဲ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
←
Previous:
နာမည်ကြီး power bank ကုမ္ပဏီ Anker နဲ့ Romoss က အပူလွန်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ power bank ၁.၂ သန်းကျော်ကို ဈေးကွက်က ပြန်သိမ်း
Next:
မြန်မာဖုန်းနံပတ်တွေဆီ Google ကနေ အတည်ပြုကုဒ် တွေ ပို့တာကို ရပ်ဆိုင်းလိုက်ပြီ
→
Latest
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း…
Read more
: OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications