2025 ခုနှစ်မှာ ကျင်းပပြုလုပ်ဆဲ ကိုရီးယား ဆောင်းရာသီပွဲတော်
Morning Calm Light Festival 2024-2025
ဆောင်းရာသီရောက်တဲ့အချိန်တိုင်း Morning Calm ရဲ့ ဥယျာဥ်မှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားပြီ ဆောင်းရာသီမှာ အလှပဆုံးရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ တည်နေရာကလဲ ဆိုးလ်နဲ့ သိပ်မဝေးတာကြောင့် ဆောင်းရာသီမှာ နေ့ချင်းပြန်ခရီးသွားဖို့ ရေပန်းစားပါတယ်။
နှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်တွေ၊ ချိုင့်ဝှမ်းတွေနဲ့ ဝန်းရံထားပြီး နေ့ခင်းဘက်မှာဆိုရင် Garden of Morning Calm ဟာ Disney နာမည်ကြီး animation ရုပ်ရှင် “Frozen” ထဲ ရောက်သွားသလို ခံစားရမှာပဲ ဖြစ်ပါတယ်။
နေဝင်ပြီးသွားရင်တော့ vibe က လုံးဝကွာခြားသွားပြီး ဥယျာဉ်အနှံ့ အလှဆင်ထားတဲ့ မီးအလင်းရောင်တွေကြောင့် တလက်လက်တောက်ပလာပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ ဒီဥယျာဥ်ကြီးဟာ အမိုက်စားရှုခင်းတွေကို တမျိုးတဖုံ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ဥယျာဥ်ထဲဝင်တာနဲ့ ရှေ့ခြေလှမ်း တစ်လှမ်းလှမ်းတိုင်း မီးရောင်စုံတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်တွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြင်းနဲ့ရထား ပုံစံတူတွေ၊ ဥမင်လိုဏ်ခေါင်းတွေကိုလဲ မီးရောင်စုံနဲ့ ပြုလုပ်ထားပြီး ဒီပွဲတော်အတွက် အထူးပြုလုပ်ထားတဲ့ အနုပညာလက်ရာအချို့ကိုလဲ မြင်တွေ့နိုင်ပါတယ်။
Garden of Morning Calm ရဲ့ Light Festival ဘယ်အချိန်တွေ သွားလည်ပတ်ရမလဲ ?
ဥယျာဥ်ကတော့ တစ်နှစ်ပတ်လုံး နံနက် ၁၁း၀၀ နာရီကနေ ည ၉း၀၀ နာရီအထိ နေ့တိုင်း ဖွင့်လှစ်ပါတယ်။ မီးထွန်းပွဲတော်ကို သွားချင်ရင်တော့ ဆောင်းရာသီအချိန်မှာ ညနေ ၅ နာရီနောက်ပိုင်းသွားတာက အကောင်းဆုံးဖြစ်ပါတယ်။
2024-2025 ခုနှစ်ရဲ့ ပွဲတော်ကာလကတော့ ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၄ ~ မတ်လ ၁၆ ရက်၊ ၂၀၂၅
လည်ပတ်ချိန် တနင်္ဂနွေ ~ သောကြာ ညနေ ၅း၀၀ မှ ၉း၀၀ နာရီ၊ စနေနေ့- ညနေ ၅း၀၀ မှ ၁၁း၀၀ နာရီ
* ပန်းခြံဟာ နံနက် ၁၁ နာရီမှာ ဖွင့်ပေမယ့်လည်း မီးထွန်းပွဲတော်ကတော့ ညနေ ၅ နာရီမှ စတင်တာ ဖြစ်ပါတယ်။
ဥယျာဉ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေဟာ များသောအားဖြင့် ည ၈ နာရီအထိ ဖွင့်လှစ်ကြပါတယ်။ ဒါကြောင့် ညနေပိုင်း ဗိုက်ဆာရင် အလွယ်တကူ စားနိုင်ပေမယ့် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်ကိုတော့ သတိပြုပါ။
Garden of Morning Calm ရဲ့ Light Festival ရောက်ရင် things to do အနေနဲ့ ဘာတွေလုပ်ကြည့်လို့ရသေးလဲ ?
Eobi Ice Valley – Eobi ရေခဲတောင်ကြားကတော့ နာမည်ကြီး အေးခဲနေတဲ့ ရေတံခွန်ကြောင့် လူသိများပြီး ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ နှင်းလျှောစီးချင်တဲ့ သူတွေအတွက်လဲ Ski Resorts တွေလဲ ရှိပြီး ဒီ Gyeonggi-do ပြည်နယ်မှာ Strawberry ခြံတွေလဲ ရှိတာမလို့ Strawberry ကိုလဲ ကိုယ်တိုင်စိတ်ကြိုက် ခူးယူဝယ်နိုင်ပါတယ်။
လိပ်စာ
လမ်းညွှန်ချက်များ
432 Sumogwon-ro၊ Gapyeong-gun၊ Gyeonggi-do
경기도 가평군 상면 수목원로 432
ဆိုးလ်မြို့ကနေ သွားမယ်ဆိုရင် public transport တွေနဲ့လဲ အလွယ်တကူ သွားနိုင်ပါသေးတယ်။
ဘတ်စ်ကားနဲ့ဆိုရင် Gangbyeon ဘူတာအနီး Dong Seoul Bus Terminal (ဆိုးလ်မြေအောက်ရထားလိုင်း 2) စစီးရမှာ ဖြစ်ပါတယ်။
မြေအောက်ရထားနဲ့ သွားမယ်ဆိုရင်တော့ ဆိုးလ်မြေအောက်ရထားလိုင်း Gyeongchun လိုင်းကိုစီးရမှာ ဖြစ်ပါတယ်။
#festival #korea #myanmar #MynaGoal #thingstodo







Leave a Reply
You must be logged in to post a comment.