Your cart is currently empty!

ကိုရီးယားရဲ့ Major Cultural Events မှာ လုပ်ကြည့်ခဲ့သင့်တဲ့ activities များ! 🇰🇷✨
ကိုရီးယားနိုင်ငံဟာ စည်ကားတဲ့ ရိုးရာဓလေ့တွေ၊ စိတ်လှုပ်ရှားဖွယ် ပွဲတော်တွေနဲ့ အမှတ်ရစရာ ယဉ်ကျေးမှုအတွေ့အကြုံတွေနဲ့ ပြည့်နှက်နေပါတယ်။ လှပတဲ့ မီးပုံးတွေ၊ energy အပြည့်နဲ့ K-pop ဖျော်ဖြေပွဲတွေ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ ရိုးရာပွဲတော်တွေကို စိတ်ဝင်စားပါသလား။ ဒီနေ့မှာတော့ ကိုရီးယားရဲ့ အထင်ကရ ယဉ်ကျေးမှုပွဲတော်တွေမှာ လုပ်ကြည့်ခဲ့သင့်တဲ့ activities များ ကို ဖော်ပြထားပါတယ်။
—
1. Andong Mask Dance Festival – မီးပုံပွဲတော်နဲ့ မျက်နှာဖုံးအကများ 🎭🔥
📅 *စက်တင်ဘာလကုန် – အောက်တိုဘာလအစ*
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– ရိုးရာပြက်လုံးတွေ ပါဝင်တဲ့ မျက်နှာဖုံးအကများ (talchum) ကိုကြည့်ရှုပါ။
– Nakdong မြစ်ကမ်းပေါ်က မီးပုံကြီးနားမှာ သီချင်းဆိုတာ ကတာပြုလုပ်ပါ။
– ရောင်စုံ ကိုရီးယားမျက်နှာဖုံး တွေ ဝတ်ဆင်ပြီး social media မှာ တင်ဖို့အတွက် ဓာတ်ပုံရိုက်ပါ။
– Andong ရဲ့ နာမည်ကြီးအစားအစာတွေ ဖြစ်တဲ့ Andong jjimdak 안동찜닭(Andong စတိုလ် ကြက်သားနှပ်) နဲ့ soju ကိုမြည်းကြည့်ပါ။
—
2. Lotus Lantern Festival (Yeon Deung Hoe) – မီးပုံးတွေနဲ့ အလှဆင်ခြင်း 🪷🏮
📅 *ဧပြီ – မေ *
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– ဆိုးလ်မြို့ရဲ့ မီးပုံးတွေနဲ့ စီတန်းလှည့်လည်ပွဲမှာ ပါဝင်ပါ—ထောင်နဲ့ချီတဲ့ မီးပုံးတွေနဲ့လည်း လမ်းတလျှောက်ကို အလှဆင်ထားပါတယ်။
– ကိုယ့်ရဲ့ ကိုယ်ပိုင်ရိုးရာမီးအိမ် ပြုလုပ်ကြည့်ပါ။
– ဘုန်းကြီးကျောင်းမှာ တရားထိုင်ခြင်း နဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ပူဇော်ပွဲတွေမှာ ပါဝင်ကြည့်ပါ။
– ဘုန်းကြီးကျောင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သက်သက်လွတ် အစားအစာတွေကို မြည်းစမ်းကြည့်ပါ။
—
3. Busan International Rock Festival တွင် ဂီတသံများနှင့်အတူ ပျော်ရွှင်ပါ 🎸🤘
📅 *ဩဂုတ်လ*
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– ကိုရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းက rock bands တွေရဲ့ သံစဥ်ကို နားဆင်ပါ။
– နေ့ဘက်မှာ Haeundae ကမ်းခြေ မှာ အနားယူပြီး ညဘက်မှာ ဂီတဖျော်ဖြေပွဲကို ခံစားကြည့်ပါ။
– Busan ရဲ့ street food မျာ*— ssiat hotteok 씨앗호떡 (အစေ့အဆန် မျိုးစုံပါတဲ့ ပန်ကိတ်) ကိုမြည်းစမ်းပါ။
– After-parties တွေကိုလည်း ထပ်ပြီး join ကြည့်ပါ။
နောက်ရက်တွေကျရင်လည်း နောက်ထပ် ဒီလိုမျိုး စိတ်ဝင်စားစရာ ယဉ်ကျေးမှုပွဲတော်တွေနဲ့အတူ activities တွေကိုလည်း ပြောပြပေးမှာမလို့ သိချင်တယ်ဆိုရင်တော့ like & follow လုပ်ထားဖို့ မမေ့ပါနဲ့။ 😉
#KoreaTravel #CulturalFestivals #ExploreKorea 🌏✈️