Part 2 – Best festivals in Busan

ဒီနေ့မှာတော့ ကျန်နေသေးတဲ့ ဘူဆန်မြို့က အကောင်းဆုံး ပွဲတော်တွေကို ထပ်မံပြောပြပေးမှာဘဲ ဖြစ်ပါတယ်။ ဘယ်လိုပွဲတော်တွေ ဖြစ်မလဲ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
6.Busan Sea Festival
ဘူဆန် အဓိကကမ်းခြေတွေမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂီတနဲ့ ပျော်ရွှင်စရာ water activities တွေကို နွေရာသီမှာ ကျင်းပတာကြောင့် အပူရှောင်နိုင်မယ့် ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်မှာ Haeundae အပါအဝင် Busan ရဲ့ ရှုခင်းသာကမ်းခြေတွေမှာ အမိုက်စား ပွဲလမ်းသဘင်အမျိုးမျိုးနဲ့ ကျင်းပတာဖြစ်ပါတယ်။ ညဘက်ရေကူးကန်ပါတီ၊ water activities နဲ့ Gwangalli သဲသောင်ပြင်မှာ အကပါတီတွေကိုလဲ ဆင်နွှဲရင်း နွေရာသီအားလပ်ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- ၃၄၄၊ World cup-daero၊ Yeonje-gu၊ ဘူဆန်၊
7.Busan နိုင်ငံတကာရုပ်ရှင်ပွဲတော်
Busan International Movie Festival ကတော့ ဆောင်းဦးရာသီတိုင်း Busan မှာ ကျင်းပတဲ့ အာအာရှတိုက်ရဲ့ ကိုယ်စားပြုရုပ်ရှင်ပွဲတော်ဖြစ်ပြီး ရုပ်ရှင်အမျိုးအစားစုံလင်စွာ ပါဝင်ပါတယ်။ ပွဲတော်ကာလမှာ တစ်မြို့လုံး စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အဖြစ် စတင်ခဲ့ပြီး အာရှရုပ်ရှင်တွေကို နိုင်ငံတကာကို ပြသဖို့အတွက် အာရှရုပ်ရှင် ဒါရိုက်တာတွေကို လမ်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ Nampo-dong ရှိ Busan ရုပ်ရှင်ရုံစင်တာနဲ့ BIFF ရင်ပြင်တို့မှာ အဓိကကျင်းပတာဖြစ်ပါတယ်။
တည်နေရာ- 120၊ Suyeonggangbyeon-daero၊ Haeundae-gu၊ Busan
8.Busan International Rock Festival
Busan International Rock Festival ကတော့ 2000 ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ကိုရီးယားနိုင်ငံရဲ့ အရှည်ကြာဆုံး ရော့ခ်ဂီတပွဲတော်ဖြစ်ပြီး ယနေ့တိုင် ဆက်လက်ကျင်းပတာဖြစ်ပါတယ်။ ဒီဂီတပွဲတော်ကြီးဟာ နှစ်စဉ်လာရောက်လည်ပတ်သူ 100,000 ကျော်ကို ဆွဲဆောင်လျက်ရှိပါတယ်။ Busan အပါအဝင် နိုင်ငံတစ်ဝှမ်းက Indie bands တွေအပြင် ထိပ်တန်းပြည်တွင်းနဲ့ နိုင်ငံတကာတီးဝိုင်းတွေပါ သုံးရက်ကြာ ဖျော်ဖြေတင်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ လူကြိုက်များတဲ့ ရော့ခ်ဂီတသမား အများအပြား ပါဝင်ဖျော်ဖြေတာကြောင့် ပြည်တွင်းပြည်ပက ရော့ခ်ဝါသနာရှင် တွေဟာ ဒီပွဲတော်ကို နှစ်စဉ် စောင့်မျှော်နေလေ့ ရှိပါတယ်။
9.ဘူဆန်နိုင်ငံတကာ မီးရှူးမီးပန်းပွဲတော်
Busan International Fireworks Festival ကို Gwangalli ကမ်းခြေနဲ့ Gwangandaegyo တံတားအနီးမှာ ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ ပြည်တွင်းပြည်ပက နှစ်စဉ် လူဦးရေ တစ်သန်းကျော် လာရောက်ကြလေ့ရှိပါတယ်။ ဒီပွဲတော်မှာ မီးရှူးမီးပန်းမျိုးစုံနဲ့ အမိုက်စား လေဆာရှိုးတွေ ပါဝင်ပါတယ်။ လူအများစုကတော့ မီးရှုးမီးပန်းကို နီးနီးကပ်ကပ် ကြည့်ချင်တာကြောင့် Gwangalli ကမ်းခြေကို လာရောက်လေ့ ရှိကြပေမယ့်လည်း အနီးနားက Hwangnyeongsan တောင်၊ Dongbaekseom ကျွန်းနဲ့ Igidae Coastal Park တို့ကလည်း မီးရှူးမီးပန်း ဖောက်တာတွေကို ကောင်းစွာမြင်နိုင်ပါတယ်။
တည်နေရာ- Gwangnam-ro၊ Suyeong-gu၊ Busan
10.Haeundae Light Festival
ဘူဆန်ရဲ့ ကိုယ်စားပြု ဆောင်းရာသီပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး Haeundae Light Festival ကတော့ မီးရောင်တွေကနေ မေတ္တာတွေနဲ့ မျှော်လင့်ချက်တွေကို ခံစားရပါတယ်။ ဒီဇင်ဘာလ အစောပိုင်းမှာ မီးထွန်းပွဲတော်ကို စတင်လေ့ရှိပြီး ပွဲတော်အတွင်း Haeundae ကမ်းခြေ၊ Haeundae Market နဲ့ Aehyang-gil Street အပါအဝင် Haeundae ဧရိယာရှိ ထင်ရှားတဲ့ ခရီးသွားနေရာတွေမှာ လှပတဲ့ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ ပွဲတော်ဧရိယာရဲ့ ဝင်ပေါက်ဖြစ်တဲ့ Gate of Light မှာ လက်ရေးနဲ့ ရေးထားတဲ့ supportive and hopeful ဖြစ်တဲ့ စာတိုတွေဟာ လည်ပတ်သူတွေရဲ့ အမြင်ကို ဆွဲဆောင်နိုင်ပြီး ပလာဇာရဲ့ အဆုံးမှာ ဧရာမ ခရစ္စမတ်သစ်ပင်ကြီးကလဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်။
တည်နေရာ- U-dong၊ Haeundae-gu၊ Busan
ဖွင့်ချိန်- ဒီဇင်ဘာ- ညနေ ၅း၃၀ မှ သန်းခေါင်ယံအထိ နေ့စဉ်
#myangoal #korea #Myanmar #festival #busan


Latest