Seoul Lantern Festival

Seoul Lantern Festival ကတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ဆိုးလ်မှာ နာမည်အကြီးဆုံး မီးထွန်းပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းရာသီမှာ အမိုက်ဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး မီးလုံးတွေနဲ့ မီးပုံးပေါင်းများစွာတွေ ခင်းကျင်းထားတဲ့ ပွဲတော် ဖြစ်ပါတယ်။ ဒီအလန်းစားပွဲတော်ကို Gyeongbokgung နန်းတော်အပြင်ဘက်မှာ ပြန်လည်ပြုပြင်ထားတဲ့ Gwanghwamun ရင်ပြင်မှာလဲ ကျင်းပတာဖြစ်ပါတယ်။
ဆိုးလ်မီးပုံးပွဲတော်ကို ရက်သတ္တ 3 ပတ်လောက် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ Cheonggyecheon Stream တဝိုက်မှာ ပုံစံအမျိုးမျိုးပြုလုပ်ထားတဲ့ မီးပုံးတွေရှိပြီး လာရောက်လည်ပတ်သူတွေအနေနဲ့ ရိုးရာမီးပုံးတွေနဲ့ ခေတ်မီ LED မီးပုံး နှစ်မျိုးလုံးကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကို နှစ်စဉ်လာရောက်လည်ပတ်သူ 2 သန်းကျော်ကို ဆွဲဆောင်လျက်ရှိပြီး ကိုရီးယားရဲ့ နာမည်အကျော်ကြားဆုံး ဆောင်းရာသီ ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။
2009 ခုနှစ်မှာ စတင်ပွဲဦးထွက်ကတည်းက လူကြိုက်များခဲ့တဲ့ Seoul Lantern Festival ကတော့ ယခုနှစ် 2024 ခုနှစ်မှာတော့ 16 ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ယခုနှစ်ဆောင်းရာသီမှာတော့ Cheonggye Plaza နဲ့ Cheonggyecheon Stream ဧရိယာတဝိုက်ကို “SOUL LANTERN: Play with the Light of Seoul” ဆိုတဲ့ theme ပုံစံ ပြုလုပ်မှာဘဲ ဖြစ်ပါတယ်။
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မီးရောင်စုံဖန်တီးမှု 200 ကျော်နဲ့အတူ ဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာ ပါဝင်တဲ့ ဆိုးလ်မီးပုံးပွဲတော်ကို Cheonggyecheon Stream မှာ ရင်သပ်ရှုမောဖွယ် ခံစာရင်း ဆောင်းရာသီကို ချစ်ရတဲ့သူတွေနဲ့ အားလပ်ရက်အမှတ်တရတွေ တဝကြီး ဖန်တီးကြည့်လိုက်ပါ။
ပွဲတော်ကျင်းပမယ့်ရက်
Dec 13, 2024 ~ Jan 12, 2025
နေရာ
04520 1 Taepyeongno 1(il)-ga၊ Jung-gu၊ ဆိုးလ် (Seorin-dong-Janggyo-dong၊ Jongno-gu၊ ဆိုးလ်)
ဘယ်လိုသွားရမလဲ ?
မြေအောက်ရထားလိုင်း 1 & 2 စီးပြီး မြို့တော်ခန်းမဘူတာ ထွက်ပေါက် 4 ကနေ ၆ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။
မြေအောက်ရထားလိုင်း 5 စီးပြီး Gwanghwamun ဘူတာ ထွက်ပေါက် 5 ကနေ 2 မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။
#festival #myangoal #korea #Myanmar #seoul


Latest