ဂျယ်ဂျူးကျွန်းမှာ စိတ်လှုပ်ရှားဖွယ် လုပ်ဆောင်စရာများ

ဂျယ်ဂျူးကျွန်းဟာ လှပတဲ့ ကမ်းခြေတွေ၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ပဲ ကျော်ကြားတာမဟုတ်ပါဘူး။ စွန့်စားခန်းတွေ၊ ထူးခြားတဲ့ အတွေ့အကြုံတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပါ! ဒါကြောင့်မလို့ ဂျယ်ဂျူးကျွန်းမှာ မလုပ်မဖြစ် things to do တွေကို ဖော်ပြပေးလိုက်ပါတယ်။

🌿 သဘာဝနဲ့ လမ်းလျှောက်ခရီးစဉ်များ

1️⃣ Hallasan 한라산 တောင်တက်ခြင်း 🏔️ – တောင်ကုန်းပေါ်က မီးတောင်ကန်တစ်ခုဖြစ်တဲ့ ဒီတောင်ကို တက်ပြီး အံ့မခန်းရှုခင်းတွေကို ခံစားလိုက်ပါ!

2️⃣ Seongsan Ilchulbong 성산일출봉 မှာ နေထွက်တာကြည့်ခြင်း 🌅 – မနက်စောစော ဒီမီးတောင်ကုန်းကို တက်ပြီး နေထွက်တာ ကြည့်ရတာ မမေ့နိုင်စရာပါ!

3️⃣ Jeju Olle Trails လမ်းကြောင်းမှာ လမ်းလျှောက်ခြင်း 🚶‍♂️ – ကမ်းရိုးတန်းတစ်လျှောက် လမ်းလျှောက်ရင်း သဘာဝရဲ့ အလှတွေကို ခံစားပါ။

🏄 စွန့်စားခန်းနဲ့ ရေကစားစရာများ

4️⃣ Jungmun 중문 ကမ်းခြေမှာ လှိုင်းစီးခြင်း 🌊 – လှိုင်းစီးရတာ အရမ်းကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါ!

5️⃣ Seogwipo 서귀포 မှာ ရေငုပ်ခြင်း 🤿 – ရေကြည်လင်ပြီး ရောင်စုံငါးလေးတွေနဲ့ အတူရေငုပ်နိုင်ပါတယ်။

6️⃣ Hyeopjae 협재 ကမ်းခြေမှာ Paddleboard စီးခြင်း 🏄‍♂️ –  ဒီကမ်းခြေရဲ့ ကြည်လင်တဲ့ရေပြင်မှာ Paddle Board ကို စီးရတာ အရမ်းပျော်စရာကောင်းပါတယ်။

🗿 ထူးခြားတဲ့ ဂျယ်ဂျူးအတွေ့အကြုံများ

7️⃣ Manjanggul 만장굴 ချော်ရည်ပြပြွန်ကြီးကို လေ့လာခြင်း 🔥 – ရှေးဟောင်း မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီမြေအောက်လိုဏ်ခေါင်းကြီးကို လျှောက်ကြည့်ပါ!

8️⃣ Udo 우도 ကျွန်းကို ခရီးထွက်ခြင်း 🚲 – လျှပ်စစ်စက်ဘီးငှားပြီး ကျွန်းလေးကို လှည့်ပတ်ကြည့်ပါ။ မြေပဲအိုင်းစကရင်လေးတွေလည်း စားကြည့်ပါ!

9️⃣ Haenyeo 해녀 အမျိုးသမီး ငါးဖမ်းသမားတွေနဲ့ တွေ့ဆုံခြင်း 🐚 – ဒီရေငုပ်ပြီး ပင်လယ်ထွက်ပစ္စည်းတွေဖမ်းတဲ့ အဘွားတွေရဲ့ လုပ်ရပ်ကို ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

🍊 အစားအစာနဲ့ အခြားပျော်စရာများ

🔟 ဝက်မဲသားကင်စားခြင်း 🥩 – ဂျယ်ဂျူးရဲ့ နာမည်ကြီး အရသာရှိတဲ့ ဝက်သားကင်ကို မြည်းစမ်းပါ!

1️⃣1️⃣ ဂျယ်ဂျူးလိမ္မော်ရည် (Makgeolli) သောက်ခြင်း 🍊 – ချိုချဉ်အရသာရှိတဲ့ ဒီအရက်လေးကို သောက်ကြည့်ပါ!

1️⃣2️⃣ Camellia Hill 카멜리아힐 ကို လည်ပတ်ခြင်း 🌺 – ဆောင်းနဲ့ နွေဦးကာလမှာ ပန်းပွင့်တွေနဲ့ လှပတဲ့ ဒီဥယျာဉ်ကို လည်ပတ်ပါ!

💡 အကြံပြုချက်: ကားငှားပါ! ဂျယ်ဂျူးမှာ ဘတ်စ်ကားတွေက နှေးတတ်လို့ ကားနဲ့သွားရင် ပိုလွယ်ပါတယ်။

#Jeju #jejuisland #thingstodo #trip #Korea 


Latest