Tips & Tricks for Seoul’s Festivals Part-2

ဆိုးလ်မြို့လို တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့မှာ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတော်ပေါင်းများစွာကို ကျင်းပလေ့ရှိပါတယ်။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်တဲ့ ယဥ်ကျေးမှုပွဲတော်တွေ၊ ဂီတပွဲတော်တွေ အပါအဝင် ပွဲတော်ပေါင်းများစွာ ရှိပါတယ်။ အရင်ရက်တွေကလည်း ဒီလိုစိတ်ဝင်စားစရာ ပွဲတော်တွေအတွက် လှည့်ကွက်‌ကောင်းလေးတွေကို ပြောပြခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်ပွဲတော်တွေနဲ့အတူ ဘယ်လို tips & tricks တွေ သုံးလို့ရမလည်းဆိုတာ ပြောပြပေးလိုက်ပါတယ်။ 

၆။ Seoul Fringe Festival

   – အကြံပြုချက်: အနုပညာရှင် တစ်ယောက်ဖြစ်ချင်ပြီး ကိုယ့်ရဲ့ အရည်အချင်းကို ချပြချင်ရင်‌တော့ ဒီပွဲတော်မှာ ပါဝင်လိုက်ပါ! ဒီပွဲတော်ဟာ အကြီးမားဆုံး လွတ်လပ်တဲ့ အနုပညာပွဲတော်ဖြစ်ပြီး မည်သူမဆို ပါဝင်နိုင်ပါတယ်။

   – **လှည့်ကွက်:** ကိုယ့်ရဲ့ အနုပညာအရည်အသွေးတွေကို အကောင်းဆုံး ပြသနိုင်တာမလို့ အနုပညာကို ချပြဖို့ မကြောက်ပါနဲ့။

၇။ Yeoworak Festival

   – အကြံပြုချက်: ကိုရီးယားရိုးရာ ယဥ်ကျေးမှုတွေကြီးပဲ မဟုတ်ဘဲ ဒီပွဲတော်ဟာ ရိုးရာကိုရီးယားဂီတနဲ့ ခေတ်ပေါ်အနုပညာကို ပေါင်းစပ်ထားတာကြောင့် LED ဖျော်ဖြေပွဲတွေကနေ ရှေးဟောင်းတွေအထိ စုံလင်ပါတယ်။

   – **လှည့်ကွက်:** ခေတ်သစ်ဂီတ band တွေနဲ့ ရိုးရာ Gugak (국악) အဖွဲ့တွေ ပူးပေါင်းဖျော်ဖြေတဲ့ အစီအစဉ်တွေကို သွားရောက်ဆင်နွှဲပါ။

၈။ Sinchon Water Gun Festival

   – အကြံပြုချက်: ရေစိုခံနိုင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်သွားပါ။ မြန်မာပြည်က သင်္ကြန်နဲ့ဆင်တူတာကြောင့် ဒီပွဲတော်က ဆင်နွှဲသင့်ဆုံး ပွဲတော်ဖြစ်ပါတယ်။

   – **လှည့်ကွက်:**  ကျင်းပတဲ့ နှစ်အလိုက် အကြောင်းအရာတွေ မတူတတ်တာကြောင့် ပွဲတော်ကိုအသေးစိတ် လေ့လာပါ။

၉။ Seoul Lantern Festival

   – အကြံပြုချက်: ညဘက်မှာ သွားကြည့်ပါ။ ဒါမှသာ ချောင်းကမ်းဘေးမှာ လင်းထိန်နေတဲ့ မီးအိမ်တွေရဲ့ အလှကို ခံစားနိုင်ပါတယ်။

   – **လှည့်ကွက်:** လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ရဲ့ လှပမှုကို ခံစားကြည့်ပါ။

၁၀။ Gwanak Gang Gamchan Festival

   – အကြံပြုချက်: ပွဲတော်မှာ ဂုဏ်ပြုတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ အကြောင်း လေ့လာနိုင်ပါတယ်။

   – **လှည့်ကွက်:** ကိုရီးယား သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူတွေအတွက် အွန်လိုင်းပြိုင်ပွဲတွေ ဒါမှမဟုတ် ဆွေးနွေးပွဲတွေမှာ ပါဝင်ကြည့်ပါ။

ဒီအကြံပြုချက်တွေနဲ့ လှည့်ကွက်လေးတွေက ဆိုးလ်မြို့ရဲ့ စည်ကားသိုက်မြိုက်တဲ့ ယဉ်ကျေးမှုပွဲတော်တွေကို အပြည့်အဝ ခံစားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဆိုးလ်မြို့မှာ ကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေ!

#Seoul #Korea #festivals #MyanGoal 


Latest