Your cart is currently empty!

ကိုရီးယား ရိုးရာမျက်နှာဖုံး ပွဲတော်တွေနဲ့ ပြပွဲတွေကို ဘယ်မှာသွားကြည့်ရမလဲ? Part-2
ကိုရီးယား ရိုးရာ မျက်နှာဖုံးပွဲတော်တွေနဲ့ ပြပွဲတွေကို ခံစားကြည့်ရင်လည်း ကိုရီးယားရဲ့ ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝပုံကို သိနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုရီးယားမျက်နှာဖုံးတွေအကြောင်းကို ကိုယ်တိုင်လေ့လာချင်ရင်တော့ အန်ဒုံမြို့မှာ နှစ်စဉ်ကျင်းပတဲ့ အန်ဒုံမျက်နှာဖုံးအကပွဲတော် လိုမျိုးတွေကို သွားနိုင်တဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းက ယဉ်ကျေးမှုစင်တာတွေနဲ့ ပြတိုက်တွေမှာလည်း လေ့လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာလည်း ကျန်နေသေးတဲ့ ရိုးရာမျက်နှာဖုံး ပွဲတော်တွေနဲ့ ပြပွဲတွေကို သွားကြည့်လို့ရမယ့် နေရာတွေကို ပြောပြပေးလိုက်ပါတယ်။
၄။ ကိုရီးယားအမျိုးသား ကျေးရွာပြတိုက် (National Folk Museum of Korea)
တည်နေရာ: ဆိုးလ်မြို့ (Gyeongbokgung နန်းတော် (경복궁) အတွင်း)
ဆိုးလ်မြို့က ကိုရီးယားအမျိုးသား ကျေးရွာပြတိုက်မှာလည်း ကိုရီးယားရိုးရာ မျက်နှာဖုံးတွေကို သွားရောက်လေ့လာနိုင်ပါတယ်။ ဒီပြတိုက်မှာ ကိုရီးယားမျက်နှာဖုံးတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးပါပုံတွေကို ပြသထားပါတယ်။ ကပြဖျော်ဖြေမှုတွေ မရှိပေမယ့်လည်း၊ ကိုရီးယားမျက်နှာဖုံးတွေရဲ့ သမိုင်းနဲ့ သင်္ကေတတွေကို ကြည့်လို့ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။
—
၅။ ဘူဆန် နိုင်ငံတကာ မျက်နှာဖုံးအက ပွဲတော် (Busan International Mask Dance Festival)
တည်နေရာ: ဘူဆန်မြို့
ကျင်းပချိန်: မေလ
ဒီနိုင်ငံတကာပွဲတော်ကတော့ ကိုရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းပ မျက်နှာဖုံးနဲ့ ကပြတဲ့အဖွဲ့တွေကို စုစည်းပြီး ကျင်းပတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်မှာ:
– ကိုရီးယားနဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ကပြဖျော်ဖြေမှုများ
– မျက်နှာဖုံးအကနဲ့ ဆိုင်တဲ့ workshops များ
– ချီတက်ပွဲတွေနဲ့ ယဥ်ကျေးမှုဖလှယ်တဲ့ ပြပွဲများ
ဒီပွဲတော်ဟာ ကိုရီးယား ရိုးရာမျက်နှာဖုံး ကပြမှုတွေကို အခြားယဉ်ကျေးမှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရှုနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။
—
၆။ (Jeonju Hanok Village)
တည်နေရာ: Jeonju, Jeollabuk-do 전라북도 전주
ဒီကျေးရွာကလည်း Hahoe 하회 ကျေးရွာလိုဘဲ ကိုရီးယားရိုးရာကပြမှုတွေကို ခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီကျေးရွာမှာ မကြာခဏ ယဉ်ကျေးမှုပွဲတော်တွေနဲ့ ပြပွဲတွေကို ကျင်းပလေ့ရှိပြီး၊ Talchum (탈춤) ကပြမှုတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။
#Korea #traditional #mask #culture #MaskDance #Festival





