Your cart is currently empty!
လက်ဆောင်ပေးခြင်း အနုပညာကတော့ ကိုရီးယားယဉ်ကျေးမှုမှာ အလွန်တန်ဖိုးရှိပြီး လူမှုအသိုင်းအဝိုင်း အတွင်းမှာလဲ ကြင်နာမှုနဲ့ လေးစားမှုကို ကိုယ်စားပြုပါတယ်။ ဘယ်အချိန်အခါမဆို လက်ဆောင်ပေးခြင်းဟာ ကြင်နာမှုတွေ၊ လေးစားမှုတွေ ပြသခြင်းမျိုးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးကိုလဲ တိုးတက်ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Seollal (설날) ဒါမှမဟုတ် ကိုးရီးယားနှစ်သစ်မှာ ကိုရီးယားလူမျိုးတွေဟာ ကိုယ့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခင်လေးစားကြောင်း ဖော်ပြဖို့နဲ့ နှစ်သစ်ကို ကြိုဆိုဖို့အတွက် လက်ဆောင်တွေ ပြင်ဆင်ကြပါတယ်။ ဒါကြောင့် Seollal ကာလအတွင်း လက်ဆောင်တွေ ပေးတဲ့အခါ ဘယ်လိုဓလေ့ထုံးစံတွေ ရှိသလဲ နဲ့ Seollal လက်ဆောင်ပေးဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။
Seollal မှာ လက်ဆောင်ပေးတဲ့အခါ ဓလေ့ထုံးစံများ
Seollal ကာလအတွင်း မိသားစုဝင်တွေဟာ အတူတူ စုဝေးအချိန်ဖြုန်းကြပြီး Seollal အစားအစာတွေ စားကြရင်း ကိုရီးယားရိုးရာကစားနည်းတွေကိုလည်း ကစားကြပါတယ်။ Seollal လက်ဆောင်ပေးခြင်းသည် Seollal ကာလအတွင်း လာရောက်လည်ပတ်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို လာရောက် လည်ပတ်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြသဖို့ လက်ဆောင်တွေ ပြန်လည်ပေးကြပါတယ်။
ဒီ Seollal အတွက် လက်ဆောင်တွေကို Hong (홍၊ အနီရောင်)၊ jeong (정၊ အပြာ)၊ baek (백၊ အဖြူ)၊ heuk (흑၊ အနက်) နဲ့ hwang (황၊ အဝါ) စတဲ့ အရောင်တောက်တောက်တွေနဲ့ ထုပ်ပိုးလေ့ရှိပါတယ်။ ဒီအရောင်တွေဟာ Obangsaek (오방색၊ ဒြပ်ငါးပါး) နဲ့ ဆက်စပ်နေပြီး အရောင်တစ်ခုစီဟာ ကံကောင်းခြင်း၊ မျှော်လင့်ချက်၊ အပြစ်ကင်းခြင်း၊ ဖြစ်တည်မှုနဲ့ ကရုဏာတို့ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။
Seollal ကာလအတွင်းမှာ ကိုရီးယားလူမျိုးတွေ Hanbok (한복၊ ကိုရီးယားရိုးရာဝတ်စုံ) ကို ဝတ်ဆင်တဲ့ အခါမှာလဲ ဒီ Obangsaek ကို အခြေခံပြီး အရောင်တွေကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားလူမျိုးတွေဟာ အဖြူနဲ့ အနက်ကို ရှောင်ရှားလေ့ရှိကြပြီး ဒီအရောင်နှစ်မျိုးဟာ Jangryesik (장례식၊ ဈာပနအခမ်းအနား) မှာ အသုံးပြုတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တခြားအရောင်တွေကို ၀တ်ဆင်တာဟာ နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ မျှော်လင့်ချက်တွေ ရရှိနိုင်မယ်လို့ ယူဆကြပါတယ်။
Seollal ကာလအတွင်း လက်ဆောင်ပေးတဲ့အခါမှာ သတိပြုသင့်တဲ့ အချက်များ
ကိုရီးယားလို နိုင်ငံမျိုးမှာ ကိုယ့်ကိုကိုယ်နှိမ့်ချမှုနဲ့ ရိုသေလေးစားမှုတို့ကတော့ မရှိမဖြစ်လိုအပ်ပြီး လက်ဆောင်လက်ခံတဲ့အခါ ဒါမှမဟုတ် ပေးတဲ့အခါမှာလဲ လက်နှစ်ဖက်လုံးကို အသုံးပြုသင့်တာကို သတိမမေ့ပါနဲ့။ ဒါ့အပြင် ချွန်ထက်တဲ့ အရာတွေကို လက်ဆောင်ပေးခြင်းကို ရှောင်ကြဉ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးဖြတ်တောက်တာမျိုးကို ဆိုလိုတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဆောင်တွေ ပြင်ဆင်တဲ့အခါမှာ အနက်ရောင်၊ အဖြူ ဒါမှမဟုတ် အနီရောင်ရောင့်ရောင့်တွေ ပါတာတွေကို မရွေးချယ်ပါနဲ့။
ကိုရီးယားယဉ်ကျေးမှုမှာ Seollal လက်ဆောင်ပေးခြင်းဟာ မိသားစုနဲ့ ချစ်ရသူတွေဆီက ကောင်းချီးမင်္ဂလာတွေကို ခံယူတာမျိုးဖြစ်ပြီး ကိုယ်ကလဲ တဖန်ကြိုက်နှစ်သက်ရာ လက်ဆောင်ပြန်ပေးပြီးတော့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးတာ ဖြစ်ပါတယ်။
#seollal #gift #event #festival #korea #myanmar #MyanGoal
Leave a Reply
You must be logged in to post a comment.