여러분! 안녕하세요❗တောင်ကိုရီးယားနိုင်ငံသို့ လေယာဉ်ခရီးရှည်ကြီးတွေနဲ့ သွားရတော့ ခရီးဆောင်အိတ်တွေကို သယ်ယူရတဲ့အခါ ပင်ပန်းနွမ်းနယ်နေတဲ့ဒဏ်တွေကြောင့် လေဆိပ်အဝင်အထွက်မှာ အတော်လေးကို စိတ်ဖိစီးကြရတယ် မဟုတ်လား?
လေဆိပ်မှ ဆိုးလ်မြို့လယ်သို့ သွားရန် နည်းလမ်းများစွာရှိသော်လည်း အမြန်ဆန်ဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်းမှာ ဆိုးလ်ဘူတာမှ တိုက်ရိုက်ရထားဖြစ်သည့် AREX Express ရထားကို စီးတာကအကောင်းဆုံး ဖြစ်ပါတယ်။
AREX မှာ ရထားအမျိုးအစား နှစ်မျိုးခွဲထားပြီးတော့ ပထမတစ်ခုက ဘူတာ ၁၃ ခုတွင် ရပ်နားသည့် ပုံမှန်ရထားဖြစ်ပြီး နောက်တစ်မျိုးမှာ ဆိုးလ်ဘူတာမှ အင်ချွန်းလေဆိပ် (Terminal 1) သို့ တိုက်ရိုက်ပြေးဆွဲသော ပုံမှန်ရထားလိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက Incheon Airport ပုံမှန်လိုင်း ကလဲအတော်လေး affordable ဖြစ်တဲ့အတွက် AREX Express ရထားလိုင်းနဲ့ Incheon Airport လိုင်း အကြောင်းတွေကို အနည်းအကျဉ်း မိတ်ဆက်ပေးလိုက်ပါတယ်။
AREX Express Train အတွက် လက်မှတ်၀ယ်ရင်တော့ အွန်လိုင်းဘွတ်ကင်တင်ရပြီး QR ကုဒ်ပြန်ပေးပါတယ်၊ အဲ့ QR ကုဒ်မှာ ရထားဆိုက်ရောက်ချိန်၊ ဆိုက်ရောက်မည့်နေရာစတာတွေပါတဲ့ လက်မှတ်တစ်စောင်ကို ရရှိမှာဖြစ်ပါတယ်။ဂိတ်တွေမှာ အဲ့ QR ကုဒ်ကို scanner ပေါ်တွင် scan ဖတ်ပြိးမှ AREX Express ရထားပလပ်ဖောင်းတွေထဲ ဝင်လို့ရမှာဖြစ်ပါတယ်။
AREX Express ရထားပေါ်မှာ ထိုင်ခုံများကလဲ သက်တောင့်သက်သာလဲရှိတဲ့အပြင် လူတိုင်းအသုံးပြုရန် WIFI အခမဲ့၊ အိမ်သာနှင့် ခရီးဆောင်အိတ်တွေ တင်ဖို့အတွက်လဲ စင်လေးတွေ ရှိပါသေးတယ်။
AREX Airport Express က ယော်ရော်ဘွန်းတို့ကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က ဂိတ်နှစ်ခုမှ Seoul ဘူတာသို့ တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။
မှတ်တိုင်များ- အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 & 2 <-> ဆိုးလ်ဘူတာရုံ
ကြာချိန် – 43~53 minutes
လက်မှတ်ခ – 9,500 KRW
Incheon Airport Line
ဆိုးလ်မြို့ကို သွားချင်ရင်လဲ ဒီရထားလိုင်းကို စီးလို့ရတာကြောင့် ဒေသခံတွေကလဲ ဆိုးလ်မြို့ကို အသွားအပြန်အတွက် ဒီလိုင်းကို မကြာခဏ အသုံးများတာကြောင့် များသောအားဖြင့် လူကြပ်တတ်ပါတယ်။ မှတ်တိုင်တွေလဲများတဲ့အတွက် အချိန်ကြာတာ၊ မှတ်တိုင်မှားဆင်းတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ မှတ်တိုင်များ – Incheon International Airport Terminal 2 -> Incheon International Airport Terminal 1 -> Airport Cargo Office Station -> Unseo Station -> Yeongjong Station -> Cheongna International City Station -> Gunam Station -> Kyeyang Station -> Gimpo Airport Station -> Magok Naru Station -> Digital Media City Station -> Hongik Univ Station -> Gongdeok Station -> Seoul Station
ကြာချိန် – 59 minutes to 66 minutes
လက်မှတ်ခ : လူကြီးများအတွက် 4,750 KRW (ကလေးများအတွက် 2,200 KRW)
အေးဆေးလေးစီးပြီး Seoul တိုက်ရိုက်သွားချင်ရင်တော့ AREX Express Train ကပိုကောင်းပါတယ်။ 5-15 မိနစ်တိုင်း ရထားရှိတာကြောင့်လဲ တော်တော်လေး အဆင်ပြေပါတယ်။ စျေးသက်သာတာကို ရွေးချင်ရင်တော့ Incheon Airport လိုင်းကတော့ ရွေးချယ်ချင်စရာပါ။ ဘယ်ရထားလိုင်းကို ရွေးချယ်မလဲကတော့ ကိုယ့်လူတို့အပိုင်းပါ။ ဒီနေ့အတွက်ကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာလဲ ဒီလိုစိတ်၀င်စားစရာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ MyanGoal Travel Page ကို like & follow လုပ်သွားခဲ့လို့ရပါတယ်။
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.