0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
K-pop ပရိသတ်တွေအတွက် Ktown4u COEX
May 22, 2025
—
by
Milo Kevin
in
Travel
Coex Artium အဆောက်အဦးမှာတည်ရှိတဲ့ Ktown4u ဟာ K-POP နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ရနိုင်တဲ့နေရာဖြစ်ပြီး၊ offline စတိုး၊ K-POP Academy၊ ကော်ဖီဆိုင်နဲ့ အမျိုးမျိုး pop-up စတိုးတို့ရှိပါတယ်။
2nd Floor: SQUARE
Ktown4u ရဲ့ ဒုတိယထပ်မှာရှိတဲ့ SQUARE ကတော့ K-pop ပရိသတ်တွေအတွက် အိပ်မက်ထဲ ရောက်နေသလား ထင်ရအောင် K-pop merchandise အစုံအလင်ရနိုင်ပြီး lightsticks တွေကနေ အယ်လ်ဘမ်တွေ၊ ဓာတ်ပုံကတ်တွေနဲ့ ပိုစတာတွေအထိပါရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်ရုံပါဘဲ။ အယ်လ်ဘမ်အသစ်တွေနဲ့ ဗီနိုင်းများအပြင် အရင်ကထွက်ရှိခဲ့တဲ့ အနုပညာရှင်တွေရဲ့ အယ်လ်ဘမ်အဟောင်း တွေပါ ရနိုင်ပါတယ်။ အခြားထုတ်ကုန်တွေအနေနဲ့ စတစ်ကာတွေ သော့ချိတ်တွေ၊ အဝတ်အထည်တွေနဲ့ အလှကုန်တွေအထိ ရှိပါ။ Photo booths တွေလဲ ရှိပြီး ကိုယ်ကြိုက်တဲ့ K-pop idols တွေပါတဲ့ ဓာတ်ပုံ frame တွေနဲ့ ဓာတ်ပုံရိုက်လို့ ရပါ။ နံရံတွေပေါ်မှာလဲ K-pop idols တွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ သူတို့ရဲ့ လက်မှတ်တွေနဲ့ပါ အလှဆင်ထားတာကြောင့် K-pop ပရိတ်သတ်တွေအတွက် နိဗ္ဗာန်ပါဘဲ။
3rd Floor: ACADEMY
အဆောက်အဦးရဲ့ တတိယထပ်မှာ K-pop idols တွေနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ သင်တန်းဆရာတွေဆီကနေ K-pop အကတွေကိုပါ သင်ယူနိုင်တဲ့ အကယ်ဒမီကျောင်းရှိပါ။ နိုင်ငံတကာအတွက် မတူညီတဲ့ဘာသာစကားတွေနဲ့ သင်ကြားပို့ချပေးတဲ့ သင်တန်းတွေ၊ တစ်ရက်တာသင်တန်းတွေ ရှိတာကြောင့် ပျော်စရာကောင်းတဲ့ အတွေ့အကြုံကို ရရှိနိုင်မှာပါ။ Ktown4u COEX Academy မှာ နာမည်ကြီးတဲ့ entertainment ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး လူရွေးပွဲတွေလဲ မကြာခဏ ကျင်းပလေ့ရှိပါတယ်။ K-pop စတားတစ်ယောက်ဖြစ်ချင်တဲ့သူတွေရှိရင်လဲ ဒီ Ktown4u ရဲ့ အကယ်ဒမီဟာ လမ်းစတစ်ခုဖြစ်နိုင်ပါတယ်။
4th Floor: POP-UP Store & CAFE
စတုတ္ထထပ်မှာတော့ pop-up စတိုးဆိုင်တွေနဲ့ ပွဲလမ်းသဘင်တွေအတွက်လဲ နေရာတစ်ခုရှိပါတယ်။ ဒီအထပ်မှာ (G)I-DLE၊ VERIVERY နဲ့ ZEROBASEONE တို့အတွက် pop-up စတိုးဆိုင်တွေအပြင် Got7 က BamBam နဲ့ TREASURE တို့ရဲ့ fan meeting ပွဲတွေလဲ ပြုလုပ်ခဲ့ပါတယ်။
K-POP ယဉ်ကျေးမှုပွဲတော်
K-POP Culture Festa ကတော့ Ktown4u နဲ့ Starfield COEX Mall တို့က ပူးပေါင်းကျင်းပတဲ့ K-pop ပွဲတော်တစ်ခု ဖြစ်ပါတယ်။ Starfield COEX Mall ရဲ့ ဒုတိယမြေအောက်ထပ်မှာရှိတဲ့ Live Plaza မှာ လစဉ် လတစ်လရဲ့ နောက်ဆုံးသောကြာနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်မှာ K-pop အဆိုနဲ့ အကပြိုင်ပွဲ ဖြစ်တဲ့ “Challenge Open Class” ကိုပါ ကျင်းပပြီး K-pop idols တွေရဲ့ ဖျော်ဖြေမှုတွေကိုလဲ ကြည့်နိုင်ပါသေးတယ်။
တည်နေရာ – 2F-4F၊ 513 Yeongdong-daero၊ Gangnam-gu၊ ဆိုးလ် (서울특별시 강남구 영동대로 513 2~4층)
လမ်းညွှန်ချက် – Samseong ဘူတာရုံ (ဆိုးလ်မြေအောက်ရထားလိုင်း 9) ရဲ့ ထွက်ပေါက် 5 နဲ့ 6 အကြား ဂိတ်ပေါက်ကနေ ဆက်သွယ်ထားတဲ့ လမ်းကို ဖြတ်ပြီး McDonald’s နှင့် H&M ကိုကျော်ပြီး Starbucks ဘေးက စက်လှေကားအတိုင်း တက်ရင် အဆောက်အဦးက ညာဖက်ခြမ်းမှာ ရှိနေပါလိမ့်မယ်။
#kpop #shop #coex #myangoal #korea #visit #Myanmar #activities #seoul
←
Previous:
Amazon က iPhone၊ AirPods နဲ့ AirTag လို Apple ထုတ်ကုန်တွေကို ဒရုန်းနဲ့ ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို စတင်ကြေညာလိုက်ပါပြီ။
Next:
Samsung Galaxy S25 Edge ကို ဘာကြောင့် ဝယ်သင့်တာလဲ ?
→
Latest
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့…
Read more
: Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူသားပုံတူ Humanoid Robots…
Read more
: အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား
Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား ‘ကျွန်တော်တို့ ဘာတစ်ခုမှ မှားမှားယွင်းယွင်း မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ တစ်ချက်လေး…
Read more
: Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား
Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ်
Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ် နည်းပညာလောကရဲ့…
Read more
: Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ်
စာသင်ပေးတော့မယ့် AI စက်ရုပ်များ
စာသင်ပေးတော့မယ့် AI စက်ရုပ်များ အနာဂတ်ရဲ့ စာသင်ခန်းတွေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို နယူးယောက်ပြည်နယ်က ဆာလာမန်ကာ (Salamanca) ကျောင်းခရိုင်မှာ…
Read more
: စာသင်ပေးတော့မယ့် AI စက်ရုပ်များ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications