MyanGoal Travel ရဲ့ Vietnam ခရီးစဥ်

🇻🇳 ဗီယက်နမ်နိုင်ငံကို သွားမယ်ဆိုရင် ခရီးစဉ်အတွင်း သွားလည်လို့ရတဲ့နေရာတွေကို လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားလည်မယ်ဆိုရင် နေရာ (3 ပိုင်း) ရှိပြီး Southern Vietnam, Central Vietnam နဲ့ Northern Vietnam ဆိုပြီးရှိပါတယ်။
✈️ Southern Vietnam (တောင်ပိုင်း) ဘက်ကိုသွားမယ်ဆိုရင်တော့
. Tan Son Nhat International Airport လေဆိပ်မှာ ဆင်းရမှာဖြစ်ပြီး
. Ho Chi Minh City, Dalat စတဲ့ ဗီယက်နမ်ရဲ့ မြို့ပြနဲ့ စိုက်ပျိုးရေးရှုခင်းတွေ
. HO CHI MINH MEMORIAL COMPLEX (ဂူဗိမာန်)
. သမ္မတအိမ်တော် (ဟိုချီမင်းရဲ့ နောက်ဆုံးနေ့တွေအထိ နေထိုင်ခဲ့တဲ့ အခန်းနှစ်ခန်းပါ ရိုးရှင်းတဲ့အိမ်တော်)
. 1070 ခုနှစ်တွင် ဧကရာဇ် Ly Thanh Tong မှ ကွန်ဖြူးရှပ်ကို ဂုဏ်ပြုတဲ့ အေနနဲ့ တည်ဆောက်ထားတဲ့ စာပေဗိမာန်များစီ သွားရောက်လည်ပတ်နိုင်ပါတယ်။
✈️ Central Vietnam (ဗီယက်နမ်အလယ်ပိုင်း) ဘက်သွားမယ်ဆိုရင်
. Da Nang, Hoi An, Hue အစရှိတဲ့ ခေတ်မီဖွင့်ဖြိုးလာတဲ့ ဗီယက်နမ်ရဲ့ မြို့သစ်တွေကို သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး Da Nang Airport လေဆိပ်မှာ ဆင်းရမှာဘဲ ဖြစ်ပါတယ်။
. ဗီယက်နမ်အလယ်ပိုင်းရဲ့ လှပတဲ့ Danang မြို့ဟာဆိုရင် ကမ်းရိုးတန်းမြို့တခု ဖြစ်တဲ့အတွက် တောင်တန်းတွေနဲ့ ကမ်းခြေရှိတဲ့အပြင် စျေးသက်သာပြီး အရသာရှိတဲ့ အစားစာတွေ၊ Bar/ Club တွေအပြင် ဈေးနှုန်းချိုသာစွာနဲ့ Shopping ထွက်နိုင်တဲ့ ဈေးတွေ၊ Shopping mall ကြီးတွေလဲ အများကြီးရှိပြီး နိုင်ငံတကာခရီးသွားတွေနဲ့ အမြဲစည်ကားလျက်ရှိပါတယ်။
. BaNa Hills တောင်ပေါ်မှာရှိတဲ့ sightseeing ရှုခင်းတွေကို ကြည့်ရှုဖို့ တောင်ထိပ်အထိရောက်တဲ့ ကေဘယ်ကားစီးပြီး Mo စမ်းချောင်း၊ Toc Tien ရေတံခွန်တွေရဲ့ လှပတဲ့ရှုခင်းတွေကိုလဲ ခံစားနိုင်ပါတယ်။
. Golden Bridge (Hand of the gods hold) ဗီယက်နမ်ရဲ့ နာမည်ကြီးနေရာများထဲမှ တခုဖြစ်တဲ့ လက်ဖဝါးရွှေတံတားကြီးကိုလဲ သွားရောက်လည်ပတ်နိုင်ပြီး
. Sun World ဘက်ကိုသွားမယ်ဆိုရင် ပြင်သစ်ရွာ ဗိသုကာအဆောက်အဦတွေရှိတဲ့ L’Jardin Zone – Tinh Tâm Garden၊ French Stable၊ Fantasy Park နဲ့ Linh Chua Linh Tu temp တွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။
. ဗီယက်နမ်လူမျိုးတွေရဲ့ ရိုးရာအစဥ်အလာအရ ကိုးကွယ်တဲ့ ဗီယက်နမ်ရဲ့ အကြီးဆုံး Lady Buddha ဘုရားရုပ်တု Mahatma Buddha ကို ဆက်လက်လည်ပတ်နိုင်ပါသေးတယ်။
✈️ Northern Vietnam (ဗီယက်နမ် မြောက်ပိုင်း) ဘက်သွားမယ်ဆိုရင်
. မြို့တော် Hanoi မှာရှိတဲ့ Noi Bai International Airport လေဆိပ်မှာ ဆင်းရမှာဘဲ ဖြစ်ပါတယ်။
. Hanoi, Halong, Sa Pa အစရှိတဲ့ မြို့တွေရှိပြီး ဗီယက်နမ်ရဲ့ ရှေးဟောင်းရိုးရာ အစဉ်အလာနဲ့ ခမ်းနားလှပတဲ့ သဘာဝပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
. Hanoi ကနေ 165 km အကွာအဝေးမှာရှိတဲ့ Ha Long Bay
. Tuan Chau Marina အပျော်စီး သင်္ဘောပေါ်က အရသာရှိတဲ့ နေ့လယ်စာ
. Halong ပင်လယ်အော်ရဲ့ အကျယ်ဆုံးဂူတွေထဲက ထောင်နှင့်ချီတဲ့ ကျောက်စက်ပန်းဆွဲများစွာရှိတဲ့ အလှဆုံးလှိုဏ်ဂူတခုဖြစ်တဲ့ Sung Sot Cave (Surprising Cave)
. Ti Top ကျွန်းလဲ သွားရောက်လည်ပတ်နိုင်ပြီး ရေကူးပြီး အပန်းဖြေ လှေစီးပြီး နံနက်စာစားရင်း သဘာဝထိန်းသိမ်းမှုဇုန်တွေရဲ့ အလှကို လေ့လာနိုင်ပါတယ်။ Kaya လှေစီးပြီး ကမ်းနားတစ်ဝိုက်မှာရှိတဲ့ Ba Hang တံငါရွာ၊ Dog Islet နဲ့ အခြားရေပေါ်အိမ်တွေကို သွားရောက်ပြီး ဒေသခံတံငါသည်‌တွေရဲ့ နေ့စဉ်ဘဝအကြောင်းကို လေ့လာနိုင်ပါတယ်။
. Sa Pa မြို့ဘက်ကိုလဲ ထပ်ပြီး လည်ပတ်နိုင်ပါ‌သေးတယ်။
ဗီယက်နမ်နိုင်ငံ သွားလည်ချင်တဲ့ 여러분 လူကြီးမင်းတို့အတွက် Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ ခရီးစဉ် အသေးစိတ်ကို ဆက်သွယ် စုံစမ်းလိုလျင်…
တောင်ကိုရီးယားရုံးချုပ်
☎️ Hotline: 010-2497-1478
📱 010-7675-8498 (မနက် (၁၀) နာရီမှ ည (၇) နာရီ ရုံးချိန်အတွင်း)
🗺️ 씰투 오피스텔, 계양구 계산로 76, Incheon, Korea
ရန်ကုန်ရုံးခွဲ
☎️ Hotline: 09-444-074-488
🗺️ ရန်ကုန်၊ တိုက်(၁၈) အခန်း(၀၀၂)၊ မြသီတာလမ်း၊ (၉၂)ရပ်ကွက် အပိုင်း(၁)၊ ယုဇနဉယျာဉ်မြို့တော်
#Vietnam #Travel #MyanGoal #Myanmar


Latest