0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Part – 2 တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု
May 16, 2025
—
by
Milo Kevin
in
Travel
အရင်ရက်က တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု ထဲက 4 ခုဖြစ်တြ့ Lotte World, Everland, Seoul Land, နဲ့ E-World တို့ကို ဖော်ပြခဲ့ပါတယ်။ ဒီနေ့မှာလဲ ကျန်နေသေးတဲ့ အပန်းဖြေဥယျာဥ် 4 ခုဖြစ်တဲ့ Vivaldi Park Ocean World, Maze Land, Gyeongju World, Imsil Cheese ပန်းခြံ တို့ကို ထပ်ပြီးဖော်ပြလိုက်ပါတယ်။
Vivaldi Park Ocean World
ဒီရေပန်းဥယျာဉ်ကတော့ Vivaldi Park အပန်းဖြေစခန်းရဲ့ ဧရိယာတစ်ခုဖြစ်ပြီး အကျယ်အဝန်းက ဘောလုံးကွင်းထက် 14 ဆပိုကြီးပြီး လူပေါင်း 18,000 အထိ ဝင်ဆံ့နိုင်ပါတယ်။ ဒီရေပန်းဥယျာဉ်မှာ indoor နဲ့ outdoor ရှိပြီး indoor မှာဆိုရင် လာရောက်လည်ပတ်သူတွေအနေနဲ့ လှိုင်းတုရေကူးကန်၊ lazy river၊ ရေလွှာလျှော တွေကို စီးနင်းနိုင်ပါတယ်။ Outdoor ဧရိယာမှာ ရေငုပ်သရုပ်ပြပွဲတွေနဲ့ DJ နဲ့ ဖျော်ဖြေတဲ့ပွဲတွေ ကျင်းပရာနေရာအဖြစ် လှိုင်းတုရေကန်အကြီးမှာ ပြုလုပ်ကြပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရေပေါ်စီးစရာတွေအပြင် အစားအသောက်အတွက် မုန့်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေလဲ ရှိတာမလို့ လာရောက်လည်ပတ် အပန်းဖြေသူတွေအတွက် သက်တောင့်သက်သာနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံကို ရရှိစေမှာပါ။
Maze Land
ဒီပန်းခြံတစ်ခုလုံးဟာ ဝင်္ကပါတွေအတွက် သီးသန့်ဆောက်ထားတာပြီး ကမ္ဘာ့အကြီးဆုံး ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ဝင်္ကပါ ဖြစ်ပါတယ်။ ဒါကြောင့် ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ကြိုက်နှစ်သက်ပြီး အခက်အခဲတွေကို စိန်ခေါ်ချင်သူတွေအနေနဲ့ သွားရောက်လည်ပတ်ကြည့်သင့်ပါတယ်။ Jeju ကျွန်းပေါ်မှာ တည်ရှိသောကြောင့် Jeju ကျွန်းရဲ့အလှအပတွေကို ခံစားရင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။
Gyeongju World
Gyeongju World မှာတော့ လာရောက်လည်ပတ်သူတွေအနေနဲ့ နွေရာသီမှာ ကယ်လီဖိုးနီးယား ကမ်းခြေဆိုပြီး နာမည်ကြီး ရေပန်းစားတဲ့ ရေပန်းဥယျာဥ်နဲ့ ဆောင်းရာသီမှာလဲ ကြီးမားတဲ့ နှင်းတွေနဲ့ ဖုမ်းလွှမ်းနေတဲ့ပန်းခြံအဖြစ် ခံစားနိုင်ပါတယ်။ Gyeongju World ရှိ Bazaar ဧရိယာဆိုရင် ဒဏ္ဍာရီပုံပြင်တွေ ရောက်သွားသလိုခံစားရပြီး လူကြိုက်များတဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ Gyeongju World ဟာ ခရီးသွားတွေ လည်ပတ်ကြည့်ရှုဖို နေရာတွေ၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စီးစရာတွေ၊ စားသောက်ဖို့အတွက် စားသောက်ဆိုင်တွေလဲ ရှိတာမလို့ လွယ်ကူသက်သာစွာနဲ့ ပျော်ရွှင်စရာအတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။
Imsil Cheese ပန်းခြံ
Cheese ချစ်သူတွေအတွက်တော့ ဒီနေရာဟာ သုခဘုံတခုဖြစ်ပြီး ပန်းခြံရဲ့ အစိတ်အပိုင်း တော်တော်များများကို ဒိန်ခဲတွေနဲ့ တည်ဆောက်ထားပါတယ်။ ဒိန်ခဲပုံစံ စီးစရာတွေ၊ ဒိန်ခဲ ပုံသဏ္ဍာန် ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေအပြင် Cheese နဲ့ ပြုလုပ်ထားတဲ့ အစားအစာမျိုးစုံကိုလဲ မြည်းစမ်းကြည့်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေမကြိုက်ပေမယ့် ထူးခြားတဲ့ အတွေ့အကြုံ ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ်ရာ အပန်းဖြေကစားကွင်း သွားချင်ရင်တော့ လည်ပတ်ကြည့်သင့်တဲ့ ပန်းခြံတစ်ခုတော့ ဖြစ်နေဆဲဖြစ်ပါတယ်။
#korea #amusementpark #themepark #fun #activities #korea #myanmar #visit #travel #airticket #myangoal
←
Previous:
iPhone 18 Pro မှာ ကင်မရာဒီဇိုင်းအသစ်ထွက်လာတော့မယ်ဆိုတဲ့ သတင်းက တကယ်ကို စိတ်ဝင်စားစရာပါ။
Next:
Best Things to Do with Kids in Busan
→
Latest
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း…
Read more
: OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications