0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 / Seaside Cafes In Busan
Jun 13, 2025
—
by
Milo Kevin
in
Travel
အရင်တစ်ပတ်က Busan မှာ ပင်လယ်သမုဒ္ဒရာရဲ့ အံ့သြဖွယ် မြင်ကွင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်တွေထဲက ကျန်နေသေးတဲ့ ဆိုင် 4 ဆိုင်ကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
5.Cafe Roof Top 카페 루프탑
Cafe Roof Top ကတော့ Haeundae နဲ့ Cheongsapo ဧရိယာမှာ အကျော်ကြားဆုံး ကော်ဖီဆိုင်လို့ ဆိုနိုင်ပါတယ်။ ဒီဆိုင်ကို သွားတဲ့အခါ ထိုင်ခုံရဖို့ စောင့်ရတာကြောင့် သူငယ်ချင်းတွေနဲ့ သွားရင်တော့ တစ်ယောက်က အော်ဒါမှာထားရင် နောက်တစ်ယောက်က ထိုင်ခုံရှာလို့ရပါတယ်။ နာမည်အရ Cafe Roof Top ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာကတော့ ခေါင်မိုးပေါ်ရှိ လှေကားထစ်ဖြစ်ပါတယ်။ ဓာတ်ပုံကောင်းကောင်း ရိုက်ဖို့ ပုံစံအမျိုးမျိုးနဲ့ ထိုင်ခုံနေရာများစွာကို ပြုလုပ်ထားပေမယ့် ပင်လယ်နဲ့ နီးတဲ့နေရာကတော့ လူကြိုက်အများဆုံး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပရိဘောကတွေနဲ့ အလှဆင်ထားတာကြောင့် ဓာတ်ပုံတွေကိုတော့ အလှဆုံး ရိုက်နိုင်မှာဘဲ ဖြစ်ပါတယ်။
လိပ်စာ – 부산해운대구 청사포로 139-4 / 139-4 Cheonsapo-ro၊ Haeundae-gu၊ Busan
အလုပ်ချိန်- 11:00-22:00
6.Sonmokseoga 손목서가
Sonmokseoga လို့ခေါ်တဲ့ ချစ်စရာ book cafe ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ စာအုပ်တွေ ဖတ်ရတာကြိုက်ပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ရင်တော့ ဒီကဖေးဆိုင်ကို မဖြစ်မနေ သွားကြည့်သင့်ပါတယ်။ စာအုပ်တွေအပြင် ဒီဆိုင်မှာ အရမ်းလှတဲ့ ပို့စကတ်တွေလဲ ရှိပါတယ်။ ကော်ဖီဆိုင်မှာ အပြင်ဘက်ရော အတွင်းမှာပါ ထိုင်လို့ရပါတယ်။ အပြင်က စားပွဲတွေမှာ ထိုင်ရင်လဲ ပင်လယ်ပြင်ကိုကြည့်ရင်း ကော်ဖီတစ်ခွက်သောက်ပြီး သာယာတဲ့နေ့လေးကို ဖြတ်သန်းနိုင်ပါတယ်။ ဒီကော်ဖီဆိုင်ရဲ့ အပြင်အဆင်ကို ဂန္တဝင်အငွေ့အသက်ရအောင် ဖန်တီးထားပါတယ်။ ဒါ့အပြင် နံရံတွေမှာလဲ ပန်းချီကားများစွာ ချိတ်ဆွဲထားပါသေးတယ်။ Mixer စက်အဟောင်းနဲ့ CD အဟောင်းတို့လို vintage ပစ္စည်းတွေနဲ့လဲ ပြင်ဆင်ထားပါတယ်။
လိပ်စာ- 부산 영도구 흰여울길 307 / 307 Huinnyeoul-gil, Yeongseon 2 (i)-dong, Yeongdo-gu, Busan
ဖွင့်ချိန်- ၁၁း၀၀-၁၉း၀၀
7.CUP&CUP 컵앤컵
နောက်ထပ် ပင်လယ်နဲ့နီးတဲ့ ကော်ဖီဆိုင်ကတော့ Gwangan တံတားနားမှာရှိတဲ့ CUP&CUP ဆိုတဲ့ ကော်ဖီဆိုင် ဖြစ်ပါတယ်။ ကော်ဖီဆိုင်က 4 လွှာမှာရှိတာကြောင့် ဆိုင်ကိုရောက်တဲ့အခါ ဓာတ်လှေကားကို တက်ရပါမယ်။ ဆိုင်ရဲ့ အတွင်းဘက်ကနေ Gwangan တံတားကို ကောင်းမွန်စွာ လှမ်းကြည့်နိုင်ပြီး အပေါ်ဆုံးထပ်က လှေကားထစ်အတိုင်း တက်သွားရင်တော့ ပင်လယ်လေကို ခံစားနိုင်ပါတယ်။
လိပ်စာ- 부산 수영구 광안해변로 177 4F
4F 177 Gwanganhaebyeon-ro, Suyeong-gu, Busan
အလုပ်ချိန်- 11:00-21:00၊ အပေါ်ထပ်တွင် 20:00 အထိဖွင့်သည်၊ နောက်ဆုံးမှာယူမှု 20:30
8.Maison Cote 메종꽃떼
Haeundae ရဲ့ စီးပွားရေး ရပ်ကွက်ထဲက လမ်းကြားထဲမှာတော့ Maison Cote လို့ခေါတဲ့ ကော်ဖီဆိုင်ရှိပါတယ်။ ဒီဆိုင်ကို အနုပညာပြပွဲတစ်ခုလို ပြင်ဆင်ထားပြီး ထောင့်တိုင်းကို အရောင်အသွေးအစုံကို ရောနှောပေါင်းစပ်ပြီး လှပစွာ အလှဆင်ထားပါတယ်။ ပင်လယ်သမုဒ္ဒရာရဲ့ လှပတဲ့ ရှုခင်းအတွက် ဒုတိယထပ်မှာ အေးချမ်းစွာ အပန်းဖြေနိုင်ပါတယ်။ ကော်ဖီဆိုင်ရှေ့မှာ အဆောက်အဦများစွာ မရှိတာကြောင့် ဒီနေရာကနေ သမုဒ္ဒရာကို ကောင်းစွာ မြင်နိုင်ပါတယ်။
လိပ်စာ- 부산 해운대구 달맞이길50번길 20
20 Dalmaji-gil 50-beongil၊ Haeundae၊ ဘူဆန်
အလုပ်ချိန်- တနင်္လာ-သောကြာ- 11:00-21:00, စနေ-တနင်္ဂနွေ- 10:00-2:00
←
Previous:
နာမီးဘီးယားလူငယ်ရဲ့ ကမ္ဘာ့အံ့အားသင့်စရာ တီထွင်မှု
Next:
(AI) ကို အသုံးပြုပြီး စာခိုးချမှုတွေ မဖြစ်ပေါ်အောင် ထိန်းချုပ်ဖို့ တင်းကြပ်တဲ့ အစီအမံတွေ လုပ်ဆောင်
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications