0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2-တောင်ကိုရီးယားကအပြန် ဝယ်ယူသွားသင့်တဲ့ ရိုးရာ အမှတ်တရပစ္စည်းများ
May 14, 2025
—
by
Milo Kevin
in
Travel
အရင်တပတ်က ကိုရီးယားရိုးရာ Celadon ဗုဒ္ဓအမွှေးတိုင်အိုး၊ ကိုရီးယားရိုးရာ မျက်နှာဖုံးများ၊ Korean Hanbok အရုပ်များ၊ အထူးပြု အော်ဂဲနစ် ကိုရီးယား Jakseol Green Tea (Jakseolcha) တွေကို အမှတ်တရလက်ဆောင်အနေနဲ့ ဝယ်ယူဖို့ ဖော်ပြခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရိုးရာအသုံးအဆောင်တွေ ဖြစ်တဲ့ ကိုရီးယားရိုးရာ စက္ကူ (Hanji)၊ ပိုး ဒါမှမဟုတ် Hanji နဲ့ ပြုလုပ်ထားတဲ့ ကိုရီးယားရိုးရာ ခေါက်ယပ်တောင်၊ ကိုးရီးယားရိုးရာ ပိုးအကြွေစေ့အိတ်၊ ကိုရီးယား ဆန်မုန့် (Tteok) တို့ဟာလဲ ကိုရီးယားရောက်ရင် အမှတ်တရ ဝယ်သွားရင် ဖြစ်ဖြစ် သူများကို လက်ဆောင်ပေးချင်လဲ အဆင်ပြေတဲ့ ပစ္စည်းလေးတွေမလို့ ဝယ်ယူဖို့ အကြံပေးပါရစေ။
5. ကိုရီးယားရိုးရာ စက္ကူ (Hanji)
Hanji ဟာ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီဖြစ်ပြီး ကိုရီးယားရိုးရာအမွေအနှစ် တခုဖြစ်ပါတယ်။ ကိုရီးယားက ရိုးရာလက်လုပ်စက္ကူတွေဟာ အရှေ့အာရှမှာ အကောင်းဆုံး စက္ကူတွေထဲက တခုဖြစ်ပါတယ်။ Hanji ဟာ သူ့ရဲ့ ကြံ့ခိုင်မှု၊ လှပမှုနှင့် တောက်ပြောင်မှုတွေကြောင့် လူသိများပါတယ်။ ဒီစက္ကူရဲ့ တာရှည်ခံမှုနဲ့ ကာကွယ်နိုင်မှုတွေကြောင့် ကိုးရီးယားရိုးရာအိမ်တွေရှိ နံရံတွေ၊ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ hanji ကို အသုံးပြုခဲ့ကြပါတယ်။ ဒီစက္ကူကို စက္ကူပိုးစာပင်ရဲ့ အခေါက်မှ ပြုလုပ်ထားပြီး လက်ရေးလှရေးတဲ့နေရာတွေနဲ့ အနုပညာဖန်တီးမှုတွေအတွက် အသုံးပြုနေဆဲဖြစ်ပါတယ်။ Jikji လို့ခေါ်တဲ့ ဗုဒ္ဓဘာသာရဲ့ ထင်ရှားကျော်ကြားတဲ့ စာတမ်းတွေထဲက တစ်ခုကို ၁၃၇၇ ခုနှစ်မှာ Hanji ကိုအသုံးပြုပြီး ရိုက်နှိပ်ခဲ့ပါတယ်။ Hanji ကို ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်း အနောက်တိုင်း ပုံနှိပ်နည်းပညာတွေ ကိုရီးယားကို ရောက်မလာခင်အထိ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ ကိုရီးယားမှာ Hanji စက္ကူစက် နှစ်ဒါဇင်ခန့်သာ ကျန်ရှိတော့တာကြောင့် နှစ်စဉ်ပြုလုပ်တဲ့ hanji စက္ကူပမာဏဟာ နည်းပါးလာပါပြီး။ Hanji မှာ စက္ကူပြုလုပ်တဲ့ လုပ်ငန်းစဉ်အတွင်း ထည့်သွင်းအသုံးပြုထားတဲ့ ဆိုးဆေးပေါ် မူတည်ပြီး အရောင်အမျိုးမျိုး ရရှိနိုင်ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတွေထံ စာတစ်စောင်ပေးပို့ဖို့ ထူးခြားတဲ့နည်းလမ်း တခုကတော့ Hanji စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး ပေးပို့ခြင်းဖြစ်ပါတယ်။
6. ပိုး ဒါမှမဟုတ် Hanji နဲ့ ပြုလုပ်ထားတဲ့ ကိုရီးယားရိုးရာ ခေါက်ယပ်တောင်
ကိုရီးယားရိုးရာ ခေါက်ယပ်တောင်တွေဟာလဲ Hanji စက္ကူလိုဘဲ ကောင်းမွန်တဲ့ အရည်အသွေးနဲ့ လှပတဲ့ဒီဇိုင်းကြောင့် နာမည်ကြီးပါတယ်။ ဒီခေါက်ယပ်တောင်ကို Goryeo ခေတ်က ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက တီထွင်ခဲ့တယ်လို့ ကိုရီးယား အနုပညာသမိုင်းပညာရှင်တွေက ယူဆကြပါတယ်။ buchae လို့ ကိုရီးယားလူမျိုးတွေခေါ်တဲ့ ဒီယပ်တောင်တွေကို ဆောင်းရာသီမှာပါ ကိုရီးယားတွေဟာ ဆောင်ထားလေ့ရှိတဲ့ ပစ္စည်းတခုဖြစ်ပါတယ်။ ယပ်တောင်တွေကို များသောအားဖြင့် ခန္ဓာကိုယ်ကို အပူဒဏ်ကနေ သက်သာအောင် ယပ်ခပ်တဲ့အပြင် နေပူတဲ့ ဒဏ်ကနေ မျက်နှာကို ကာကွယ်ဖို့လဲ သုံးကြလေ့ရှိပါတယ်။ ကိုရီးယားရိုးရာ ဖျော်ဖြေပွဲတွေနဲ့ အကတွေမှာလဲ အဓိကအသုံးပြုတဲ့ ပစ္စည်းတခုဖြစ်ပါတယ်။ ဒီယပ်တောင်လက်ကိုင် အောက်ခြေအစိတ်အပိုင်းကို ဝါးပြုလုပ်ထားပြီး၊ ယပ်တောင်အရွက်ကို hanji ဒါမှမဟုတ် ပိုးနဲ့ ပြုလုပ်ထားပါတယ်။ ဒီလက်လုပ်ယပ်တောင်တွေကို ကိုရီးယားရိုးရာဒီဇိုင်းပုံစံတွေ ထုတ်လုပ်ထားပြီး သယ်ဆောင်ရလွယ်ကူပါတယ်။ ဒီဇိုင်းတွေမှာဆိုလဲ ရိုးရိုးရှင်းရှင် ပန်းပွင့်ဒီဇိုင်းတွေကနေ ကိုရီးယားစာ အရေးအသားတွေနဲ့ ကျား၊ကြိုးကြာတို့လို ရိုးရာတိရစ္ဆာန် ဒီဇိုင်းတွေ ရှိပါတယ်။
7. ကိုးရီးယားရိုးရာ ပိုးအကြွေစေ့အိတ်
ကိုရီးယားဒင်္ဂါးပြားတွေကို တီထွင်ချိန်ကနေစပြီး အမျိုးသမီးတွေဟာ အကြွေစေ့အိတ်တွေကို အသုံးပြုခဲ့ကြပါတယ်။ ကိုရီးယားအကြွေစေ့အိတ်တွေဟာ အကြွေစေ့တွေကို သိမ်းဆည်းရုံသာမက hanbok လို့ခေါ်တဲ့ ကိုရီးယားရိုးရာဝတ်စုံနဲ့ တွဲဖက်ပြီး အသုံးပြုကြလေ့ ရှိပါတယ်။ မကြာခဏဆိုသလို ကိုရီးယားမိန်းကလေးတွေဟာ သူတို့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ လိုက်ဖက်တဲ့ အကြွေစေ့အိတ်တွေကို ၀ယ်ယူကြလေ့ရှိပါတယ်။ ဒါ့အပြင် ကိုရီးယားရိုးရာ အခမ်းအနားတွေမှာလဲ တခါတရံ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အိတ်တွေကိုလဲ ကိုရီးယားပန်းပွင့်ဒီဇိုင်းနဲ့ လက်နဲ့ဘဲ ပြုလုပ်ထားတာ ဖြစ်ပါပြီး ရွေးချယ်စရာ အရောင်နဲ့ ဒီဇိုင်းများစွာ ရှိပါတယ်။ ပိုးသားနဲ့ ပြုလုပ်ထားတာကြောင့်လဲ ကိုင်ရတာ ချောမွေ့ပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ မိန်းကလေး သူငယ်ချင်းတွေ ဒါမှမဟုတ် လူကြီးမိဘ၊ အသိမိတ်ဆွေတွေအတွက် လက်ဆောင်ပေးတဲ့အခါ သင့်တော်ပါတယ်။
8. ကိုရီးယား ဆန်မုန့် (Tteok)
Tteok ကတော့ ကိုရီးယားမှာ အစားအများဆုံး အစားအစာတွေထဲက တခုဖြစ်ပြီး ကောက်ညှင်းဆန်မှုန့်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆန်မုန့် အမျိုးပေါင်း တစ်ရာကျော်ရှိတာကြောင့် ကိုရီးယားပြန်လက်ဆောင်အတွက် တစ်ခုချင်းစီ ဝယ်ယူဖို့တော့ ခက်ခဲပါလိမ့်မယ်။ ပဲနီလေးအနှစ်၊ ပျားရည် ဒါမှမဟုတ် အသီးတွေကို ဌာပနာထည့်ထားတဲ့ ဆန်ကိတ်အမျိုးအစားတွေကတော့ ချိုပါတယ်။ အခြားဆန်ကိတ်အမျိုးအစားတွေဆိုလဲ အချိုလုံးဝမပါဘဲ အစေ့အဆန်တွေနဲ့ဘဲကို အရသာပိုပြီး ရှိပါတယ်။ ဒီဆန်မုန့်တွေဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် ကိုရီးယားနိုင်ငံရဲ့ အမျိုးသားအားလပ်ရက်တွေဖြစ်တဲ့ နှစ်သစ်ကူးနေ့နဲ့ Chuseok တို့မှာ ပါလေ့ရှိတဲ့ အစားအစာတွေထဲက တခုဖြစ်ပါတယ်။
#korea #souvenir #Myanmar #myangoal #travel #visit #airticket #traditional #shopping
←
Previous:
ဘီလ်ဂိတ်စ်ရဲ့ စင်ကာပူလမ်းဘေးက ဒူးရင်းသီးစားတဲ့ ခရီးစဉ်လေး!
Next:
တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု
→
Latest
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း…
Read more
: OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications