0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Seongsan Ilchulbong
Jul 4, 2025
—
by
Milo Kevin
in
Travel
Seongsan Ilchulbong (성산일출봉) တောင်ဟာ အမြင့် 182 မီတာရှိပြီး Jeju ကျွန်း အရှေ့ဘက် Seongsan-ri ၊ Seogwipo မှာရှိတဲ့ မီးတောင်ဖြစ်ပါတယ်။ Seongsan Ilchulbong တောင်ကို Sunrise Peak လို့လည်း ခေါ်ပြီး တောင်ထိပ်မှာ မီးတောင်ပေါက် တစ်ခုရှိပါတယ်။
တောင်ကိုးရီးယားရဲ့ အလှပဆုံး ခရီးသွားနေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး Jeju ရဲ့ အရှေ့ဘက်ဆုံး တောင်ဖြစ်တာကြောင့် တစ်နှစ်တာရဲ့ ပထမဆုံး နေထွက်ချိန်ကို ကြည့်ရှုဖို့ နာမည်ကြီး အကောင်းဆုံးနေရာဖြစ်ပါတယ်။ Seongsan Ilchulbong တောင်ကလဲ Jeju မီးတောင်ကျွန်းနဲ့ Lava Tubes တို့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူနက်စကို သဘာဝ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု ဖြစ်ပါတယ်။
ဒီတောင်က နာမည်က အဓိပ္ပါယ်နှစ်မျိုးကို ပေါင်းစပ်ထားပြီး “Seongsan” ကတော့ “ခံတပ်တောင်” ဆိုပြီး တောင်ကို ကိုရီးယားခံတပ် နဲ့တူတယ်လို့ ပြောကြပါတယ်။ “Ilchulbong” ကတော့ “နေထွက်တောင်ထွတ်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါ။ ဒီနာမည်ကတော့ ရှေးခေတ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ဒီတောင်ကို တစ်ခါတစ်ရံ Cheongsan ( 청산 ;靑山; အလင်း စိမ်း/အပြာ တောင်) လို့လဲ သက်ကြီးရွယ်အိုတွေက တခါတရံ အသုံးပြုနေကြဆဲဖြစ်ပါတယ်။
ဒီတောင်ကြီးကတော့ ကမ္ဘာလှည့်ခရီးသည်တွေ ကြိုက်နှစ်သက်တဲ့ နေရာတစ်ခုဖြစ်ပြီး 2011 ခုနှစ်မှာတော့ လူပေါင်း 2.45 သန်းလည်ပတ်ခဲ့ပါတယ်။ 2022 ခုနှစ်မှာတော့ 1.4 သန်းကျော် လာရောက်ခဲ့ကြပါတယ်။ ခရီးသွားတွေအနေနဲ့ သစ်သားကုန်းပတ်လှေကားကို အသုံးပြုပြီး တောင်ပေါ်ကို တက်နိုင်ပါတယ်။ တောင်ထိပ်ကို ရောက်ဖို့ကတော့ မိနစ် 30 လောက် တက်ရပါတယ်။ နေမထွက်မီ တစ်နာရီအလို နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ည ၈ နာရီအထိနဲ့ မတ်လကနေ အောက်တိုဘာလဆို ည ၉ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဒီတောင်ကနေပြီးတော့ Hallasan၊ Udo ကျွန်း နဲ့ပင်လယ် သမုဒ္ဒရာကြီးကို တဝကြီးကြည့်ရှုနိုင်ပါတယ်။ တောင်ပတ်ပတ်လည် ဧရိယာတွေကို လည်ပတ်နိုင်တဲ့အပြင် Udo ကျွန်းရဲ့ ရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ အပျော်စီးသင်္ဘောတွေလဲ စီးနိုင်ပါသေးတယ်။
ဒါ့အပြင် Seongsan Sunrise ( 성산일출축제 ) ပွဲတော်ကိုလဲ ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။ Seongsan Sunrise ပွဲတော်ကတော့ နှစ်သစ်ကူးပြောင်းတဲ့ ရက်သတ္တပတ်မှာ ကျင်းပတာဖြစ်ပြီး စွမ်းရည်ရှိုးတွေ၊ ချီတက်ပွဲတွေ၊ မီးရှူးမီးပန်းရှိုးတွေနဲ့ လမ်းလျှောက်ပွဲတွေကို ဆင်နွှဲကြပါတယ်။ လူကြိုက်များတဲ့ တေးဂီတဖျော်ဖြေပွဲများအပြင် ကိုရီးယားရိုးရာအကတွေနဲ့လဲ ဖျော်ဖြေပါသေးတယ်။
ဒီလိုစိတ်လှုပ်ရှားစရာ တောင်မျိုးတွေကို သွားရောက်လည်ပတ်ပြီး Jeju ကျွန်းကို အပန်းဖြေထွက်ချင်လို့ ကိုရီးယားသွားချင်နေပြီလား ? ဒါဆိုရင်တော့ ကျွန်တော်တို့ MyanGoal – Travel လာခဲ့ပါ။ ကိုရီးယားသွားချင်လို့ လေယာဥ် လက်မှတ်ဖြတ်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ MyanGoal – Travel မှာ လာရောက်စုံစမ်းနိုင်ပါတယ်။
MyanGoal – Travel မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
1) နိုင်ငံတကာ လေယာဉ်လက်မှတ်
2) ကိုရီးယားနိုင်ငံအနှံ့ အပန်းဖြေခရီးများ
3) Visa အမျိုးမျိုး ဝန်ဆောင်မှု
4) ပြည်တွင်း/ ပြည်ပ Travel & Tour
5) Car Rental & Transportation
6) Money Exchange ငွေလွှဲ/ ငွေလဲ
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့
တောင်ကိုရီးယားရုံးချုပ်
☎️ Hotline: 010-2497-1478
📱 010-7675-8498 (မနက် (၁၀) နာရီမှ ည (၇) နာရီ ရုံးချိန်အတွင်း)
🗺️ 씰투 오피스텔, 계양구 계산로 76, Incheon, Korea
←
Previous:
Microsoft က AI နည်းပညာကို အားကိုးပြီး ဝန်ထမ်းအင်အား ၉၀၀၀ လောက်ကို အလုပ်ထုတ်ဖို့ စီစဉ်နေ
Next:
iOS 26 ရဲ့ FaceTime မှာ အဝတ်တွေချွတ်ရင် ခေါ်ဆိုမှု ရပ်တန့်ပေးမယ့် Feature
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications