0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
စုံတွဲတွေအတွက် Incheon ရှိ အကောင်းဆုံး လည်ပတ်အပန်းဖြေ သွားလို့ကောင်းမယ့် နေရာတွေ
May 5, 2025
—
by
Milo Kevin
in
Travel
Incheon မြို့ကိုဘဲ စုံတွဲတွေ ခရီးအတူတူထွက်ဖို့ စဥ်းစားနေကြလား ? Incheon မြို့မှာ ကျောင်းအတူတက်နေကြတဲ့ စုံတွဲတွေရော ရှိကြလား ? ဒါမှမဟုတ် ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် Incheon မှာ အလုပ်လုပ်၊ ကျောင်းတက်နေလို့ သွားလည်ဖို့တွေးနေတဲ့သူတွေရော ရှိလား ? ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေ စုံတွဲတွေအတွက် Incheon ရှိ အကောင်းဆုံး လည်ပတ်အပန်းဖြေ သွားလို့ကောင်းမယ့် နေရာတွေကို ပြောပြလိုက်ပါတယ်။
1. Songdo Central Park
Songdo Central Park ကတော့ Songdo International City, Yeonsu-gu ရဲ့ အလယ်မှာ တည်ရှိပြီး ဒီပန်းခြံရဲ့ ထူးခြားဆန်းပြားတဲ့ ရှုခင်းနဲ့ လှပတဲ့ ညဘက်မြင်ကွင်းတွေကြောင့့််နာမည်ကြီး ကျော်ကြားပါတယ်။ ဒီပန်းခြံမှာ 1.8 ကီလိုမီတာရှည်တဲ့ ရေကန်ရှိပြီး ကနူးလှေစီးခြင်း၊ ကယပ်လှေစီးခြင်းနဲ့ လှေစီးခြင်းစတာတွေကိုလဲ နှစ်သက်ခံစားနိုင်ပါတယ်။ ပန်းခြံအတွင်း လမ်းလျှောက်ဥယျာဉ်တွေ၊ ပန်းပုဥယျာဉ်တွေနဲ့ ကောင်းမွန်စွာပြင်ဆင်ထားသော လျှောက်လမ်းတွေနဲ့ စက်ဘီးစီးတဲ့ လမ်းတွေလဲရှိပြီး လာရောက်လည်ပတ်တဲ့ စုံတွဲတွေအတွက် ကြီးမားတဲ့ ပန်းပုတွေနဲ့ ဓာတ်ပုံအေးဆေးရိုက်လို့ ရပါတယ်။ ကိုယ့်ရည်းစားနဲ့ နေဝင်ချိန်ကို ကော်ဖီဆိုင် ဒါမှမဟုတ် ပန်းခြံခုံတန်းပေါ်မှာ ထိုင်ပြီး ကြည့်ရင်း ညနေဆည်းဆာကို ခံစားလို့ ရပါတယ်။
တည်နေရာ- 196 Technopark-ro၊ Songdo-dong၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား
2. Cheongna Lake ပန်းခြံ
Cheongna Lake ပန်းခြံကတော့ မြို့ပြအိုအေစစ် တစ်ခုဖြစ်ပြီး 4 ကီလိုမီတာရှည်လျားတဲ့ လျှောက်လမ်းဟာ ရေကန်တစ်ဝိုက်မှာရှိတဲ့ မတူညီတဲ့ ဧရိယာတွေကို ချိတ်ဆက်ပေးထားပါ။ လမ်းတလျှောက် သစ်ပင်တွေကို တန်းစီစိုက်ထားပြီး အပန်းဖြေ စက်ဘီးစီးလို့ ကောင်းမွန်ပြီး ညဘက်မှာဆိုရင် ရေပန်းအလှပြပွဲလဲ ပြုလုပ်လေ့ ရှိပါတယ်။ Cheongna Lake ပန်းခြံ ပတ်လည်ရှိ ပန်းပုတွေဟာလဲ ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပြီး တောင်ကိုးရီးယား အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အရေးပါတဲ့ ကျွန်း ၇ ကျွန်းကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် ရုပ်တုတွေ ရှိပါတယ်။ လူကြိုက်များခဲ့တဲ့ K-drama စီးရီး Goblin: The Lonely and Great God (2016) ကို Cheongna Lake ပန်းခြံ မှာ ရိုက်ကူးခဲ့ပါသေးတယ်။
တည်နေရာ- 131 Crystal-ro၊ Seo-gu၊ အင်ချွန်း၊ တောင်ကိုရီးယား
3. Solchan ပန်းခြံ
Solchan ပန်းခြံကတော့ ပင်လယ်ကို မျက်နှာမူ တည်ဆောက်ထားပြီး အနောက်ပင်လယ်ရဲ့ လှပတဲ့ နေဝင်ချိန်ကို ကြည့်ရှုရင်း အပန်းဖြေအနားယူနိုင်တဲ့ နေရာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ ဒီပန်းခြံမှာ Songdo Art Culture Platform လို့ခေါ်တဲ့ ထူးခြား အဆောက်အဦးတစ်ခုရှိပြီး 24/7 ဖွင့်ထားပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအပြင် ယဉ်ကျေးမှုဆိုင်ရာ နေရာတွေလဲ ပါရှိပါတယ်။
တည်နေရာ- 20၊ Convensia-daero 391beon-gil၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား
4. Songdo Hanok ရွာ
Songdo Hanok ရွာကတော့ Songdo နိုင်ငံတကာစီးပွားရေး ဧရိယာရဲ့ အလယ်ဗဟိုမှာရှိတဲ့ကိုရီးယားရိုးရာရွာ ဖြစ်ပါတယ်။ ဒီရွာက ခေတ်ဟောင်းဗိသုကာလက်ရာတွေဟာ ဧရိယာအတွင်းရှိ အလွန်ခေတ်မီတဲ့ မိုးမျှော်တိုက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး မြို့ပြလူနေမှုဘဝကနေ ခဏတာ အနားယူဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ဒီရွာမှာ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်မျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။ တခြား ကိုရီးယားရိုးရာရွာတွေလောက် မကျယ်ဝန်းပေမယ့်လည်း Songdo Hanok ရွာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုအလှကို ကြည့်ရှုရင်း ရည်းစားနဲ့ အေးဆေး အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် ရှိနေပါတယ်။
တည်နေရာ- Songdo-dong၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား
ဒီလောက်နဲ့ Incheon မှာ အတွဲတွေအတွက် သွားစရာနေရာတွေ ကုန်သွားပြီထင်နေရင်တော့ ယောရော်ဘွန်းတို့ မှားသွားပါမယ့် နောက်ထပ်ပြောပြပေးမယ့် နေရာ 4 နေရာ ကျန်သေးတာမလို့ နောက်တပတ် ကျွန်တော်တို့ MyanGoal – Travel Page ကနေဘဲ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
#incheon #korea #myanmar #myangoal #travel #couple #romance #visit
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
စင်္ကာပူမှာ သုတေသနပညာရှင်များက မိုးရေကနေ ဆန်းသစ်တဲ့ လျှပ်စစ် အစွမ်းကိုထုတ်လုပ်နိုင်ခဲ့
Next:
어린이날을 기념하여, 우리는 Yangon, South Okkalapa 타운십의 수도원 교육 학교를 방문하여 학교에 다니는 150명의 어린이에게 문구류를 기부하고, 추억을 공유했습니다.
→
Latest
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”နိုဘယ်လ်ရူပဗေဒဆုရှင် ဒေးဗစ်ဂရော့စ်က ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရင်လေးစရာကောင်းတဲ့ ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။…
Read more
: “လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
Apple နဲ့ Google တို့ရဲ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားရတဲ့ ပူးပေါင်းမှုဟာ အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ Google…
Read more
: Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold Samsung ရဲ့ ဆန်းသစ်လှတဲ့ နှစ်ဆင့်ခေါက်ဖုန်း Galaxy Z…
Read more
: စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။…
Read more
: Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ ပြောင်းလဲခြင်း” ဝန်ဆောင်မှုကို Google က…
Read more
: Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.