0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု
May 15, 2025
—
by
Milo Kevin
in
Travel
တောင်ကိုရီးယားမှာ အားလပ်ရက်တွေရတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတဲ့ အပန်းဖြေဥယျာဉ်တွေကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့ ဖြစ်ဖြစ် သွားကြပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားရောက်မြန်မာတွေအတွက် အားလပ်ရက်ရတဲ့အခါ သွားဖို့ စိတ်လှုပ်ရှားစရာ ရိုလာကိုစတာလို စီးစရာတွေရှိတဲ့ အပန်းဖြေဥယျာဉ်တွေ၊ ပူအိုက်တဲ့ နွေရာသီလိုကာလတွေမှာ အပူရှောင်ဖို့အတွက် ရေပန်းဥယျာဉ်တွေ အကြောင်းကို ပြောပြပေးသွားပါမယ်။ ကျွန်တော်တို့ MyanGoal-Travel ကနေ တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု ကိုဖော်ပြပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။
1.Lotte World
ဒီအပန်းဖြေဥယျာဉ်ကတော့ ကိုရီးယားကို လာရောက်လည်ပတ်သူတိုင်း လာလေ့ရှိတဲ့ နာမည်ကြီး နေရာဖြစ်ပါတယ်။ Lotte World ဟာ သာမန် အပန်းဖြေဥယျာဉ်တစ်ခု မဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေဥယျာဉ်၊ “Magic Island” လို့ နာမည်ပေးထားတဲ့ outdoor အပန်းဖြေဥယျာဉ်၊ monorail နဲ့ချိတ်ဆက်ထားတဲ့ လူလုပ် ရေကန်နဲ့ ကျွန်းအတု အပြင် တခြား စူးစမ်းလေ့လာစရာ များစွာရှိတဲ့ နေရာဘဲဖြစ်ပါတယ်။ Lotte World အတွင်းမှာ စျေးဝယ်ထွက်ဖို့ ရှော့ပင်းမောလ်တွေတောင် ရှိပါတယ်။
2.Everland
Everland ကတော့ ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ်နဲ့ ရေပန်းဥယျာဉ်ပါရှိတဲ့ ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး အပန်းဖြေဥယျာဉ်ဖြစ်ပါတယ်။ ဒီအပန်းဖြေဥယျာဉ်မှာ ရိုလာကိုစတာ ငါးစင်းရှိပြီး အဲ့ထဲက တစ်ခုကတော့ ကမ္ဘာ့အမတ်စောက်ဆုံး သစ်သားရိုလာကိုစတာအဖြစ် စံချိန်တင်ထားပါတယ်။ ဒီရိုလာကိုစတာဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံး၊ အမြန်ဆုံးနဲ့ အရှည်ဆုံးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်လှုပ်ရှားစရာ ရိုလာကိုစတာလိုမျိုးတွေ စီးချင်ရင်တော့ Everland က တော်တော်မိုက်ပါတယ်။ Everland မှာ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ indoor, outdoor ရေပန်းဥယျာဉ်ဖြစ်တဲ့ Caribbean Bay Water Park လဲရှိပါတယ်။
3.Seoul Land
ဒီကစားကွင်းကတော့ မိသားစုလိုက် အပန်းဖြေဖို့ အလာများပြီး “Fantasy Land”, “Tomorrow Land”, နဲ့ “Adventure Land တို့လို ဧရိယာအမျိုးမျိုး ရှိပါတယ်။ ကစားတွေမှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ ကစားနည်းတွေဖြစ်တဲ့ တိုက်ကားတွေ၊ ရိုလာကိုစတာတွေနဲ့ ပင်လယ်ဓားပြသင်္ဘောတွေအထိ ကိုယ်ကြိုက်နှစ်သက်ရာ ကစားနိုင်ပါတယ်။ ဒါ့အပြင် Seoul Land မှာ ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ရုက္ခဗေဒ ဥယျာဉ်နဲ့ တိရစ္ဆာန်ရုံ တို့ကို တည်ဆောက်ထားပါသေးတယ်။
4.E-World
Daegu မြို့မှာရှိတဲ့ ဒီပန်းခြံဟာ Woobang Tower အနီးမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီပန်းခြံမှာလဲ မတူညီတဲ့ ပန်းခြံဧရိယာ လေးခု ပိုင်းခြားထားပြီး Fantasy World၊ Magic World၊ Adventure World နဲ့ Dynamic World တို့ဖြစ်ပါတယ်။ ဒီပန်းခြံမှာလဲ စိတ်လှုပ်ရှားစရာ စီးစရာတွေ၊ ပြပွဲတွေနဲ့ ဖျော်ဖြေရေးတွေလဲ များစွာ ရှိတာကြောင့် Daegu မြို့မှာနေတဲ့ မြန်မာတွေအတွက် အားလပ်ရက် အပန်းဖြေစရာ နေရာကောင်းတခု ဖြစ်ပါတယ်။
နောက်ထပ်ကျန်နေသေးတဲ့ အပန်းဖြေဥယျာဉ်တွေကိုတော့ နောက်ရက်ကျရင် ကျွန်တော်တို့ MyanGoal-Travel ကနေ တင်ဆက်သွားမှာမလို့ ဘယ်အပန်းဖြေဥယျာဉ်တွေ ဖြစ်မလဲ ဆိုတာကို စောင့်မျှော်နေကြပါနော်။
#korea #amusementpark #themepark #fun #activities #korea #myanmar #visit #travel #airticket #myangoal
←
Previous:
part 2-တောင်ကိုရီးယားကအပြန် ဝယ်ယူသွားသင့်တဲ့ ရိုးရာ အမှတ်တရပစ္စည်းများ
Next:
iPhone 18 Pro မှာ ကင်မရာဒီဇိုင်းအသစ်ထွက်လာတော့မယ်ဆိုတဲ့ သတင်းက တကယ်ကို စိတ်ဝင်စားစရာပါ။
→
Latest
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း…
Read more
: OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications