Seongsu Food Guide

ဒီနေ့မှာတော့ Seongsu နဲ့ Konkuk University ဘူတာနားမှာရှိတဲ့ ကိုရီးယားရဲ့ နောက်ဆုံးပေါ် ခေတ်စားနေတဲ့ နေရာတွေကို သွားလည်တဲ့အခါ စားကြည့်သင့်တဲ့စားသောက်ဆိုင်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ Konkuk University မှာ ကျောင်းတက်နေတဲ့ သူတွေရှိရင်လဲ အခုဖော်ပြထားတဲ့ ဆိုင်တွေကို သွားစားကြည့်သင့်ပါတယ်။
Choi Dining 초이 다이닝
Choi Dining ကတော့ ပင်လယ်စာ၊ ခေါက်ဆွဲနဲ့ ထမင်းဟင်းမျိုးစုံကို ဝန်ဆောင်မှုပေးတဲ့ ဂျပန်စတိုင် စားသောက်ဆိုင်တခုဖြစ်ပြီး ဆိုရှယ်မီဒီယာနဲ့ လူငယ်တွေကြားမှာလဲ အလွန်ရေပန်းစားပါတယ်။ ဆိုင်အတွင်းမှာရှိတဲ့ ထိုင်ခုံနဲ့ နံရံတွေကို ခေတ်မီတဲ့ အငွေ့အသက် ရအောင်ပြုလုပ်ထားပါတယ်။ ဆိုင်ရဲ့ လိုဂိုမှာလဲ ဂျပန်စာလုံးတွေနဲ့အတူ ချစ်စရာဂျပန်ဆူရှီစားဖိုမှူးပုံလေးနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Choi Dining တွင် လူကြိုက်အများဆုံး မီနူးကတော့ Salmon Futomaki နဲ့ Mazesoba တို့ဖြစ်ပါတယ်။ Futomaki ရဲ့ size ကလဲကြီးပြီး အရသာရှိတဲ့ Mazesoba ခေါက်ဆွဲနှင့် တကယ်ကို လိုက်ဖက်ပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-21:00 (နားချိန် 15:00-17:00; နောက်ဆုံးမှာရန် 14:30၊ 20:30)
လိပ်စာ- 2F 50 Yeonmujang-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 연무장길 50 2층 201호
Kkubdang 꿉당
Kkubdang ကတော့ Michelin အဆင့်သတ်မှတ်ထားတဲ့ ကိုရီးယားဝက်သား BBQ စားသောက်ဆိုင်ဖြစ်ပြီး Michelin အဆင့်ဆိုတော့ လူကြိုက်များတဲ့အပြင် ဆိုင်မှာ လူလဲများတတ်ပါတယ်။ ဒီဆိုင်ရဲ့ အရည်အသွေးမြင့် KOKUMI Pork Shoulder နှင့် Pork Belly တို့ကြောင့် လူသိများတာဖြစ်ပါတယ်။ အသားတွေကို ဆိုင်ဝန်ထမ်းတွေက ကင်ပေးမှာဖြစ်ပြီး အသားနဲ့တွဲစားဖို့ အရွက်တွေလဲ ပါပါသေးတယ်။ kubdang မှာရှိတဲ့ အရံဟင်းလျာတွေကလဲ အရသာရှိပြီး အသားနှင့် တွဲစားလို့ကောင်းပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 16:30-22:50 (နောက်ဆုံးအော်ဒါမှာရန် 22:20)
လိပ်စာ- Gyeonggi Association Building၊ 10 Seongsui-ro 20-gil၊ Seongdong-gu၊ Seoul
서울 성동구 성수이로20길 10 경협회관 104호
Saladaeng Temple 살라댕 템플
ဒီထိုင်းစားသောက်ဆိုင်ကိုတော့ 2023 ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဆိုင်ကို လှေစီးပြီးဝင်လိုက်တာနဲ့အတွင်းပိုင်းကို ထိုင်းနိုင်ငံကို အမှန်တကယ်ရောက်နေသလိုမျိုး ခံစားရအောင် ပြင်ဆင်ထားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးပါတယ်။ ထိုင်းအစားအစာတွေကို မြည်းစမ်းနိုင်တဲ့အပြင် ဝိုင်၊ ဘီယာ တို့လဲ ရနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-22:30 (နောက်ဆုံးအော်ဒါမှာရန် 21:30)
လိပ်စာ- 32 Seongsui-ro 16-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 성수이로16길 32
Dodohanmyeon 도도한면
ဒီခေါက်ဆွဲဆိုင်ကတော့ Seongsu မှာ အလွန်နာမည်ကြီးတဲ့ နေရာတခုဖြစ်ပါတယ်။ ခေါက်ဆွဲကြိုက်တဲ့သူဆိုရင်တော့ Dodohanmyeon ကို သွားစားကြည့်ဖို့ အကြံပြုပါတယ်။ ဆိုင်အတွင်းပိုင်းက သေးပေမယ့် အလွန်သန့်ရှင်းပြီး ခေတ်မီတဲ့ဒီဇိုင်းပုံစံ ပြုလုပ်ထားပါတယ်။ လူကြိုက်အများဆုံး မီနူးကတော့ Chikutama (ငါးငပိကြော်)နဲ့ လုပ်ထားတဲ့ Chikutama Bukake Udon ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-21:00 (နောက်ဆုံးအော်ဒါမှာရန် 20:20) ကြာသပတေးနေ့တိုင်း ဆိုင်ပိတ်ပါတယ်။
လိပ်စာ- 41-17 Yeonmujang-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 연무장길 41-17
Sungsu Darak 성수다락
Sungsu Darak ကလဲ Seongsu ဧရိယာမှာရှိတဲ့ အကျော်ကြားဆုံး စားသောက်ဆိုင်တွေထဲက တခုဖြစ်ပါတယ်။ ၎င်းသည် ပေါ်တွင် ပျံ့နှံ့နေပြီး အထူးသဖြင့် ဒီဆိုင်ရဲ့ Omurice နှင့် Spicy Cream Pasta တို့ဟာ ဆိုရှယ်မီဒီယာမှာ လူသိများပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-21:10 (နောက်ဆုံးအော်ဒါ 20:30)
လိပ်စာ- 2F၊ Ttukseom-ro 9-gil 20၊ Seongdong-gu၊ ဆိုးလ်
서울특별시 성동구 뚝섬로9길 20 2층
Grandma’s Recipe 할머니의 레시피
ကိုရီးယား home made style အစားအစာတွေကို အရသာရှိရှိ မြည်းစမ်းချင်ရင်တော့ ဒီစားသောက်ဆိုင်ကို သွားကြည့်သင့်ပါတယ်။ အစားအစာတွေကို အလွန်အာဟာရရှိပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားပါ။ ရိုးရိုးသားသားနဲ့ ချက်ထားတာဆိုတော့ အားလုံးက အရမ်းအရသာရှိတယ်။ Grandma’s Recipe ရဲ့မီနူးတွေဟာ ပိုင်ရှင်ရဲ့ အဖွားက သူ့အမေဆီ လွှဲအပ်ပေးခဲ့တဲ့ လျှို့ဝှက်ဟင်းချက်နည်းတွေကို သူ့ဇနီးကို လက်ဆင့်ထက်ကမ်းပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် – ဗုဒ္ဓဟူးနေ့ ကနေ တနင်္လာနေ့ အထိ 11:30-21:30 (နားချိန် 15:40-17:00; နောက်ဆုံးအော်ဒါမှာရန် 15:00၊ 20:30) အင်္ဂါနေ့တိုင်းပိတ်ပါတယ်။
လိပ်စာ- 서울 성동구 서울숲2길 44-12
44-12 Seolsup 2-gil၊ Seongdong-gu၊ ဆိုးလ်
#myanmar #kpop #korea #MyanGoal #foods #seongsu #konkuk


Latest