Jinju Lantern Festival ကို သွားသင့်လား?
တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို စိတ်၀င်စားတဲ့သူတွေဆိုရင်တော့ သွားသင့်တဲ့ နေရာတခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 👇👇👇👇
Jinju Namgang Yudeung Festival လို့ နာမည်ကြီးကျော်ကြားတဲ့ ဒီပွဲတော်ဟာ ကိုရီးယားနိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုကို ပြသတဲ့ပွဲဖြစ်ပါတယ်။ နမ့်မြစ်ကမ်းနံဘေးမှာ အနီရောင်မီးပုံးထောင်ပေါင်းများစွာ ထွန်းညှိကြပြီး ကိုယ့်ချစ်ခင်ရသူတွေရဲ့ ကျန်းမာရေး ကောင်းဖို့ ချမ်းသာဖို့ အတွက် ဆုတောင်းကြပါတယ်။ မရေမတွက်နိုင်အောင် ထွန်းညှိထားတဲ့ မီးပုံးများစွာရဲ့ လှပတဲ့ မြင်ကွင်းများနှင့်အတူ လမ်းဘေးချီတက်ပွဲများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဒေသထွက် လမ်းဘေး အစားအစာများကိုလဲ ခံစားနိုင်ပြီး ကိုယ်ပိုင်မီးပုံးများကို ဖန်တီးကာ Tunnel Of Wish Lanterns တွင် ချိတ်ဆွဲ၍ ဆုတောင်းနိုင်ပါသေးတယ်။
ဒီပွဲတော်ကို ဂျပန်တွေရဲ့ ကျူးကျော်စစ် ကာလအတွင်း နမ့်ဂန်မြစ်ကို ဂျပန်တပ်များ သွားလာခြင်းမှ ရှောင်ရှားရန်အတွက် 1592 ခုနှစ်မှစ၍ ဒီဓလေ့ကို စတင်ပုံဖော်ခဲ့ကြပါတယ်။ 1592 ခုနှစ် Imjin စစ်ပွဲအတွင်း ဖြစ်ပွားခဲ့သော Jinjuseong ခံတပ် တိုက်ပွဲအတွင်း ဗိုလ်ချုပ်ကြီး ကင်ဆီမင်နှင့် သူ၏တပ်များဟာ အချင်းချင်း သတင်းပို့ရန်နဲ့ ရန်သူကို လှည့်ဖြားရန် မီးပုံးများ အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အချက်ပြရန် မီးပုံးများကို အသုံးပြုကာ ဂျပန်တပ်များကြားတွင် အာရုံရှုပ်ထွေးမှုများ ဖြစ်ပေါ်အောင်ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိမ္မာပါးနပ်တဲ့ နည်းဗျူဟာကြောင့် ကိုရီးယားစစ်တပ်အား ရက် ၇၀ ကျော်ကြာ ဂျပန်တို့ ထိန်းချုပ်ထားနိုင်စေရန် ကူညီပေးခဲ့ပြီး အခြားကိုရီးယားတပ်ဖွဲ့များကို ပြန်လည်စုရုံးကာ ဂျပန်တို့ကို တန်ပြန်တိုက်ခိုက်ရန်လဲ ကူညီပေးခဲ့ပါတယ်။
တိုက်ပွဲအတွင်း မီးပုံးများအသုံးပြုခြင်းသည် ကိုရီးယားစစ်တပ်သမိုင်းတွင် အရေးပါသော အလှည့်အပြောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ကိုရီးယားစစ်သားများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ရိုးရှင်းသော်လည်း ထိရောက်သော နည်းဗျူဟာများကို အသုံးပြု၍ ရန်သူကို မည်သို့မည်ပုံ ကျော်လွှားနိုင်ကြောင်း ပြသခဲ့ကြခြင်းဖြစ်ပါတယ်။ ပွဲတော်ကို ခံတပ်တည်ရှိရာမြို့ဖြစ်တဲ့ Jinju မှာ ကျင်းပတာဖြစ်ပြီး ကိုရီးယားလူမျိုးတွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို စုစည်းကျင်းပတဲ့ အချိန်ဖြစ်ပါတယ်။
ပွဲတော်အတွင်း မြို့တော်ကို ပုံသဏ္ဍာန်မျိုးစုံနှင့် အရောင်မျိုးစုံဖြင့် မီးပုံးထောင်ပေါင်းများစွာဖြင့် ထွန်းညှိထားပါတယ်။ ဒီမီးပုံးများဟာ တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ကြတဲ့ ကိုရီးယားစစ်သားများနှင့် မီးပုံးများအသုံးပြု၍ အချင်းချင်း ပေးပို့သည့် စာတိုများကို ကိုယ်စားပြုပါတယ်။ ၎င်းတို့သည် မျှော်လင့်ချက်နှင့် စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုပြီး စစ်ပွဲအတွင်း ကိုရီးယားလူမျိုးများဟာ ဒုက္ခကို မည်သို့ကျော်ဖြတ်ခဲ့ကြသည်ကို ကိုယ်စားပြုခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ဒီမီးပုံးများဟာ Jinjuseong ခံတပ်စစ်ပွဲမှ စစ်ပြန်များကို ဂုဏ်ပြုခြင်းလဲဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.