Your cart is currently empty!
ဒီနေ့မှာတော့ shopping ထွက်ရတာ ကြိုက်တဲ့လူတေွအတွက်ရော၊ budget သမားတွေအတွက်ရော စျေး၀ယ်လို့ကောင်းမယ့် စျေးတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
Namdaemun ဈေး
လိပ်စာကတော့ ၂၁ Namdaemunsijang 4-gil၊ Jung-gu၊ ဆိုးလ် မှာဘဲဖြစ်ပါတယ်။
Namdaemun ဈေးကို ဘယ်လိုသွားရမလဲ? ![]()
ဆိုးလ်မြေအောက်ရထားလိုင်း 4 ကိုစီးပြီး Hoehyeon ဘူတာ (ထွက်ပေါက် 5)မှာ ဆင်းပါ။ အဲ့ကနေ လမ်းဆက်ပြီးလျှောက်ရင်တေ့ ဈေးကိုရောက်ပြီဘဲဖြစ်ပါတယ်။
ဆိုးလ်မြို့လယ်တွင်တည်ရှိပြီး Namdaemun စျေးသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးနှင့် ရှေးအကျဆုံးဈေးများထဲမှ တစ်ခုဖြစ်ပါတယ်။ အဝတ်အစားများနဲ့အသုံးအဆောင်ပစ္စည်းများမှ အမှတ်တရပစ္စည်းများနဲ့အီလက်ထရွန်းနစ်ပစ္စည်းများအထိ ဆိုင်ခန်းပေါင်း 10,000 ကျော်ဖြင့် စည်ကားနေတဲ့ ဒီဈေးဟာ ဈေးဝယ်သူများအတွက် သုဖုဘုံတခုဘဲဖြစ်ပါတယ်။
Dongdaemun Shopping Town
လိပ်စာကတော့ ၂၆၆ Jong-ro၊ Jongno-gu၊ ဆိုးလ် မှာဘဲဖြစ်ပါတယ်။
Dongdaemun Shopping Town ကို ဘယ်လိုသွားရမလဲ? ![]()
ဆိုလ်းမြေအောက်ရထားလိုင်း 1 သို့မဟုတ် လိုင်း 4 ကိုစီးပြီး Dongdaemun History & Culture Park Station (ထွက်ပေါက် 14) မှာ ဆင်းပါ။ အဲ့ကနေ လမ်းဆက်ပြီးလျှောက်ရင်တေ့ ဈေးကိုရောက်ပြီဘဲဖြစ်ပါတယ်။
နေဝင်သွားပြီဆိုတာနဲ့ Dongdaemun Shopping Town ဟာ နီယွန်မီးရောင်များနဲ့ ရှုပ်ထွးလှတဲ့လူအုပ်ကြီးနှင့်အတူ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ဒီနေရာမှာ အဝတ်အစား၊ အသုံးအဆောင်များ၊ အလှကုန်များနှင့် အခြားသောပစ္စည်းတွေကို ၀ယ်လို့ရတဲ့ Doota Mall၊ Migliore နှင့် Hello APM အပါအဝင် ကုန်တိုက်များစွာလဲ ရှိနေနေတယ်။ နောက်ဆုံးထွက် K-Pop ဖက်ရှင်ခေတ်ရေစီးကြောင်းတွေ ဒါမှမဟုတ် တမူထူးခြားတဲ့ အမှတ်တရပစ္စည်းတွေကို ၀ယ်ယူဖို့ ရှာဖွေနေတာဆိုရင်တော့ Dongdaemun Shopping Town ကိုသွားသင့်ပါတယ်။
Gwangjang ဈေး
လိပ်စာကတော့ 88 Changgyeonggung-ro၊ Jongno-gu၊ ဆိုးလ် မှာဘဲဖြစ်ပါတယ်။
Gwangjang ဈေးကို ဘယ်လိုသွားရမလဲ? ![]()
ဆိုလ်းမြေအောက်ရထားလိုင်း 1 ကိုစီးပြီး Jongno 5-ga ဘူတာ (ထွက်ပေါက်
မှာဆင်းပါ။
Gwangjang စျေးကတော့ ကိုရီးယားနိုင်ရဲ့ ရိုးရာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စျေးတခုဘဲဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဒီသမိုင်းဝင်စျေးမှာ အထည်အလိပ်များ၊ hanboks (ရိုးရာကိုရီးယားဝတ်စုံ) နှင့် vintage အဝတ်အစားများကြောင့် နာမည်ကျော်ကြားပါတယ်။ ဒီစျေးရောက်ရင်တော့ ကိုရီးယားလမ်းဘေး အစားအစာစစ်စစ်ကို try ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
Myeongdong Street Market
လိပ်စာကတော့ Myeong-dong, Jung-gu၊ ဆိုးလ် မှာဘဲဖြစ်ပါတယ်။
Myeongdong Street Market ကို ဘယ်လိုသွားရမလဲ? ![]()
ဆိုးလ်မြေအောက်ရထားလိုင်း 4 ကိုစီးပြီး Myeongdong ဘူတာ (ထွက်ပေါက် 6)မှာ ဆင်းးပါ။ စျေးကို လမ်းလေးနည်းနည်း ထပ်လျှောက်တာနဲ့ ရောက်ပါပြီ။
Myeongdong Street Market မှာ အလှအပကြိုက်တဲ့လူတွေ၊ ဖက်ရှင်ကို စိတ်၀င်စားတဲ့သူတွေအတွက် မဖြစ်မနေလာရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါတယ်။ လျော့စျေးတွေလဲ အပြိုင်အဆိုင် ချတတ်ကြပြီး နောက်ဆုံးပေါ် skincare products များကို ရောင်းချနေတဲ့ Innisfree၊ Holika Holika၊ Tony Moly၊ Sulwhasoo နှင့် Hera ကဲ့သို့ အလှကုန်ဆိုင်များနဲ့ စည်ကားနေတဲ့ နေရာတခုဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ချစ်သူများအတွက်လဲ လူကြိုက်များတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်များမှ ပြည်တွင်းဆိုင်များအထိ အထည်ဆိုင် အများအပြားကိုလဲ တွေ့နိုင်မှာဘဲဖြစ်ပါတယ်။
တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
010-2497-1478
10:00am to 8:00pm







Leave a Reply
You must be logged in to post a comment.