Konkuk University မှာ ကျောင်းတက်ရင်း Kondae မှာလုပ်ကြည့်သင့်တဲ့ အပန်းဖြေစရာ 8ခု

ဆိုးလ် Kondae ဧရိယာဟာ လူငယ်လူရွယ်တွေကြား ရေပန်းစားတဲ့ နေရာတခုဖြစ်ပြီး Konkuk တက္ကသိုလ်လဲ ရှိတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အသွားအများဆုံး နေရာဖြစ်ပါတယ်။ Konkuk တက္ကသိုလ်မှာ ကျောင်းတက်ဖို့ စဥ်းစားနေတယ်ဆိုရင် ကိုယ်တိုင် ကျောင်းသွားတက်ရင်း Kondae ရောက်ရင် လုပ်ကြည့်သင့်တဲ့ ထိပ်တန်း ၈ ခုက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။ Konkuk တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေရှိလဲ ဘယ်နေရာတွေ အများဆုံး သွားဖြစ်ကြလဲဆိုတာ ကောမန့်မှာ ရေးသွားခဲ့လို့ရပါတယ်။
Common Ground မှာ ဈေးဝယ်ထွက်ကြည့်ပါ။
Kondae မှာ လုပ်ကြည့်ရမယ့် ထိပ်တန်းအရာတွေထဲက ဖြစ်တဲ့ Common Ground ( 커먼 그라운드 ) မှာ စျေးသွားဝယ်ခြင်း ဖြစ်ပါတယ်။ ဒီစျေးဝယ်စင်တာကို ပြန်လည်ပြင်ဆင်ထားတဲ့ သင်္ဘောကွန်တိန်နာအတွင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အီလက်ထရွန်နစ် ဆက်စပ်ပစ္စည်းဆိုင်တွေနဲ့ ကော်ဖီဆိုင်ကောင်းတွေလဲ ရှိပါတယ်။ ကွန်တိန်နာတွေရဲ့ အပြင်ဘက်ကို အပြာရောင်နဲ့ ခြယ်မှုန်းထားပြီး လူငယ်အများအပြားဟာ ကွန်တိန်နာတွေကို နောက်ခံအဖြစ်ထားပြီး instagram မှာတင်ဖို့ ဓာတ်ပုံရိုက်ကြပါတယ်။
လမ်းဘေး လက်တွန်းလှည်း စျေးဆိုင်တွေက bunge-pang ကိုမြည်းစမ်းကြည့်ခြင်း။
မြေအောက်ရထားဘူတာရုံရဲ့ ထွက်ပေါက် 2 ကိုဖြတ်ပြီး တက္ကသိုလ်သို့ ဦးတည်သွားတဲ့ ပင်မလမ်း (Neung-Dong-Ro၊ 능동로 ) တစ်လျှောက် လမ်းဘေးအစားအစာဆိုင်‌တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဆိုင်တွေ အထဲမှာ ပဲနီယို ( pat , 팟 ) ဒါမှမဟုတ် ခရင်မ် ( shu cream , 슈크림 ) နဲ့ ပေါင်းထားတဲ့ ကိုရီးယား ငါးပေါင်မုန့် bungeo-ppang ( 붕어빵 ) ရောင်းတဲ့ ဆိုင်တွေရှိပြီး အလွန်သက်သာတဲ့စျေးနှုန်းနဲ့ ရနိုင်ပါတယ်။ ဒါကြောင့် အရသာ ၂ မျိုးလုံးကို စမ်းစားကြည့်သင့်ပါတယ်။
Seoul Children’s Grand Park လျှောက်လည်ပတ်ခြင်း။
Konkuk တက္ကသိုလ်ကိုကျော်ပြီး Neung-Dong-Ro ထိသွားတာနဲ့ Eorini Daegongwon ( 어린이대공원 ၊ အင်္ဂလိပ်နာမည် Children’s Grand Park ) လို့ခေါ်တဲ့ ပန်းခြံကြီးတခုကို ရောက်မှာဘဲ ဖြစ်ပါတယ်။ ဒီပန်းခြံမှာ ရိုးရာပုံစံအိမ်တော်တွေ၊ အနုပညာပြခန်းတွေ၊ တိရစ္ဆာန်ရုံနဲ့ အပန်းဖြေဥယျာဉ်ငယ်တို့ ရှိပါတယ်။ ဒါ့အပြင် ဒီပန်းခြံဟာ နွေဦးရာသီမှာ ချယ်ရီပင်‌တွေ ပွင့်တာကြောင့် အင်မတန် လှပပြီး အပန်းဖြေလို့ ကောင်းပါတယ်။
Comic & Book Café တွေမှာ အနားယူခြင်း
စာတွေလုပ်ရတာ ညီးငွေ့လာတဲ့အခါ Kondae မှာ နောက်ထပ် အကောင်းဆုံးအရာတွေထဲက တခုဖြစ်တဲ့ Comic Cafés တွေမှာ သွားရောက် အနားယူလို့ ရပါတယ်။ တစ်နာရီ ဝမ်နှစ်ထောင် ဝန်းကျင်ခန့်ဘဲ ပေးရတဲ့ ကော်ဖီဆိုင်တွေရှိပြီး ကာတွန်းတွေ ဒါမှမဟုတ် စာအုပ်အမျိုးအစား တော်တော်များများကို ဖတ်ရှုနိုင်ပါတယ်။ Kondae မှာ မြေအောက်ရထားထွက်ပေါက် 6 မှ ညာဘက်မှာ 놀숲 ( Nolsoop ) လို့ခေါ်တဲ့ ကော်ဖီဆိုင်တခု ရှိပါတယ် ။ ဆိုင်ရဲ့ ဆိုင်းဘုတ်အောက်မှာ အင်္ဂလိပ်စကားလုံး ‘Comic & Book Café’ ဖြစ်တာကြောင့် မှတ်မိလွယ် ရှာရလွယ်ကူပါတယ်။
တက္ကသိုလ် တက်နေရင်း စာတွေရော အချိန်ပိုင်းအလုပ်တွေနဲ့ရော ပင်ပန်းနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် နောက်ထပ် စိတ်လှုပ်ရှားစရာ အပန်းဖြေလို့ရမယ့် အရာတွေကျန်နေပါသေးတယ်။ ကျန်နေသေးတဲ့ Kondae ရောက်ရင် လုပ်ကြည့်သင့်တဲ့ ထိပ်တန်း ၄ ခုကို တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094

🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest