part 1 / Jeju’s best festivals

Jeju ကျွန်းဟာ တောင်ကိုရီးယားမှာ အင်မတန်လှပတဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့အပြင် ထူးခြားတဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပြီး ပွဲတော်တွေလဲ တော်တော်များများ ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့် ဘယ်လိုပွဲတော်တွေ ကျင်းပဖြစ်လဲဆိုတာ သိချင်ရင်‌တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။

1.Jeongwol Daeboreum မီးပွဲတော်
Jeongwol Daeboreum Fire Festival ကတော့ နှစ်သစ်မှာ ကံဆိုးခြင်းတွေကို ဖယ်ရှားပြီး ကောင်းချီးမင်္ဂလာတွေရရှိဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် မီးပုံးပွဲတွေပြုလုပ်ပြီး ကျင်းပတာဖြစ်ပါတယ်။ Jeju ရဲ့ ရိုးရာမွေးမြူရေး ယဉ်ကျေးမှုကို ရည်ညွှန်းတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး နှစ်သစ်မှာ “ဘေးကင်းရေးနဲ့ သုခချမ်းသာ” အတွက် ဆုတောင်းကြမယ့်သူတွေဟာ မီးတောင်ငယ်တွေမှာ စုဝေးကြပြီး ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့ နာမည်တွေ ဒါမှမဟုတ် ဖြစ်ချင်တဲ့ဆန္ဒတွေကို ကောက်ရိုးပုံပေါ်မှာ ရေးမှတ်ပြီး မီးရှို့ကြတာ ဖြစ်ပါတယ်။

တည်နေရာ- San59-8၊ Bongseong-ri၊ Aewol-eup၊ Jeju-si၊ Jeju-do

2.Tamnaguk Ipchungut ပွဲတော်
Tamnaguk Ipchungut ပွဲတော်ကတော့ Tamna ခေတ်ကတည်းက နွေဦးရာသီမှာ ဘုရားကို ဆုတောင်းတဲ့ ဓလေ့အဖြစ် ဘုရင်ကနေ တောင်သူလယ်သမားတွေကို စုစည်းပြီး အတူတကွ ပြုလုပ်ကြတဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်ပါတယ်။ ရှေးခေတ်ကတည်းက Jeju ကျွန်းမှာ နတ်ဘုရားတွေကို ကိုးကွယ်ခဲ့ကြပြီး နတ်ဘုရားတွေကို ကမ္ဘာမြေပေါ်ကို ခေါ်ဆောင်ဖို့အတွက် ရိုးရာဓလေ့ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုမျိုးဓလေ့ကို “Ipchungut” ဟုခေါ်ပြီး Ipchungut ကို နွေဦးရဲ့အစအဖြစ် သတ်မှတ်ကြပြီး စပါးထွက်နှုန်းကောင်းတဲ့ ရာသီဖြစ်အောင် ဆုတောင်းကြတာဘဲ ဖြစ်ပါတယ်။

တည်နေရာ- 25၊ Gwandeok-ro၊ Jeju-si၊ Jeju-do၊ ကိုရီးယားသမ္မတနိုင်ငံ

3.Seongsan Sunrise ပွဲတော်
နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးပထမနေ့မှာ ဒေသခံပြည်သူတွေဟာ Sunrise Peak လို့ခေါ်တဲ့ Seongsan Ilchulbong Peak ပေါ်ကိုတက်ကြပြီး တစ်နှစ်တာရဲ့ ပထမဆုံး နေရောင်ခြည်ကို ခံစားကြပြီး တနှစ်ပတ်လုံး ပျော်ရွှင်အောင်၊ ကျန်းမာအောင် ဆုတောင်းကြပါတယ်။ Seongsan Ilchulbong Peak ဟာ ကိုရီးယားရဲ့ အလှဆုံးရှုခင်းတွေထဲက တခုဖြစ်ပြီး၊ ယူနက်စကိုမှ ကမ္ဘာ့သဘာဝ အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းထားတာကြောင့်လဲ လူသိများပါတယ်။ Seongsan Sunrise Festival ကို နှစ်သစ်ကူးအကြိုနေ့မှာ မီးရှူးတိုင်နှင့် ရိုးရာအကများ၊ တေးဂီတများနဲ့ ညသန်းခေါင် မီးရှူးမီးပန်းတွေဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။

တည်နေရာ- 284-12၊ Ilchul-ro၊ Seongsan-eup၊ Seogwipo-si၊ Jeju-do၊

4.Hallim Park Tulip ပွဲတော်
Hallim Park Tulip Festival ကတော့ Hallim Park၊ Jeju ကျွန်းမှာ ကျင်းပတဲ့ နာမည်ကြီးကျော်ကြားတဲ့ နွေဦးပွဲတော်ဖြစ်ပြီး လူတိုင်းရဲ့ မျက်လုံးကို စွဲဆောင်နိုင်တဲ့ ကျူးလစ်ပန်းတွေကို ပြသထားတာဖြစ်ပါတယ်။ Hallim Park မှာ Red Impression နဲ့ Apeldoorn အပါအဝင် ကျူးလစ်ပန်းမျိုးပေါင်း 40,000 ကျော်နဲ့ အလှဆင်ထားပြီး လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အမိုက်စားရှုခင်းကို ခံစားရမှာဘဲ ဖြစ်ပါတယ်။ ဒီဥယျာဉ်ကို စတင်တည်ထောင်ကတည်းက အပင်တွေကို Hyeopjae ကမ်းခြေကရရှိတဲ့ မြေဆီလွှာတွေနဲ့ စိုက်ပျိုးထားတာဖြစ်ပါတယ်။

တည်နေရာ- ၃၀၀၊ Hallim-ro၊ Hallim-eup၊ Jeju-si၊ Jeju-do၊

5.Jeju Canola ပန်းပွဲတော်
Jeju Canola ပန်းပွဲတော်ကတော့ Jeju ကျွန်းမှာ ထင်ရှားတဲ့ နွေဦးပန်းတွေထဲက တစ်ခုဖြစ်တဲ့ canola ပန်းတွေကို မြင်တွေ့ရနိုင်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ နွေဦးရာသီရောက်တိုင်း ဒီ canola ပန်းတွေကြောင့် Jeju ကျွန်းဟာ အဝါရောင်သန်းနေတာဘဲ ဖြစ်ပါတယ်။ အရင်က ဒီပန်းတွေကို Jeju ရဲ့ ကျတ်တီးမြေတွေပေါ်မှာ စားသုံးဆီရရှိဖို့ စိုက်ပျိုးထားတာဖြစ်ပေမယ့်လည်း ယခုအခါ နွေဦးရောက်ရင် အလှပဆုံးရှုခင်းတွေကို ဖန်တီးပေးနေပြီဘဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ အလှဆုံးလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Noksan-ro ဟာ Canola ပန်းတွေ အများဆုံးရှိတဲ့နေရာဖြစ်ပြီး လမ်းတလျှောက် ပန်းတွေကို လှပစွာ မြင်နိုင်မှာဘဲ ဖြစ်ပါတယ်

တည်နေရာ- Seongeup-ri၊ Pyoseon-myeon၊ Seogwipo-si၊ Jeju-do၊

Jeju က အမိုက်ဆုံး၊ အကောင်းဆုံးပွဲတော်တွေကတော့ ဒီလောက်နဲ့ မကုန်သေးပါဘူး။ ကျန်နေသေးတဲ့ အမိုက်စားပွဲတော်တွေကို နောက်ရက်ကျရင် တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#Jeju #festival #myangoal #myanmar #korea


Latest