အဓိပ္ပါယ်ရှိရှိ Seollal လက်ဆောင်များ

အဓိပ္ပါယ်ရှိရှိ Seollal လက်ဆောင်များ
Seollal ကာလအတွင်းမှာ ကိုယ့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခင်လေးစားကြောင်း ဖော်ပြဖို့နဲ့ နှစ်သစ်ကို ကြိုဆိုဖို့အတွက် ကိုရီးယားလူမျိုးတွေ ပေးလေ့ရှိတဲ့ အဓိပ္ပါယ်ရှိရှိ လက်ဆောင်တချို့ကို ကြည့်ကြည့်လိုက်ရအောင်။

Sebaetdon (세뱃돈) သို့မဟုတ် နှစ်သစ်ကူးငွေ
Sebae (세배၊ နှစ်သက်ကူးအချိန်မှာ ငယ်ရွယ်သူတွေဟာ သက်ကြီးရွယ်အိုတွေကို ရိုးရာဓလေ့တစ်ခုအဖြစ် အရိုအသေပြုတဲ့အနေနဲ့ ကန်တော့ကြပြီး နှစ်သစ်ကောင်းချီးပေးစကားအဖြစ် “ saehae bok mani badeuseyo ” (새해 복 많이 받으세요) ပြောကြပါတယ်။ ပြီးရင်တော့ သက်ကြီးရွယ်အိုတွေက Sebaetdon ကို ပြန်ပေးကြပါလိမ့်မယ်။ ဒါကတော့ မြန်မာမှာ သီတင်းကျွတ်ကန်တော့ပြီး မုန့်ဖို့းပေးသလိုမျိုး၊ တရုတ်နှစ်သစ်ကူး အန်ပေါင်းပေးတာမျိုးနဲ့ ဆင်တူကြပါတယ်။

Geongangsikpum (건강식품) ဒါမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ
Seollal ကာလအတွင်း Geongangsikpum (건강식품၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ) ကို ကျန်းမာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သက်ကြီးရွယ်အိုတွေနဲ့ မိဘတွေအတွက် ရေပန်းစားတဲ့ ရိုးရာလက်ဆောင်တစ်ခုဖြစ်ပါတယ်။ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ အစားအစာအဖြစ် Insam (인삼၊ ဂျင်ဆင်း) နှင့် Kkul (꿀၊ ပျားရည်) တို့ကို လက်ဆောင်ပေးတဲ့အပြင် လက်ဖက်ခြောက်တွေဖြစ်တဲ့ Daechucha (대추차၊ Jujube tea)၊ Insamcha (인삼차၊ ဂျင်ဆင်းလက်ဖက်ရည်)၊ Yujacha (유자차၊ yuja tea) တွေအပြင် multivitamins၊ Omega-3 နဲ့ probiotics တွေပါဝင်တဲ့ vitamins တွေလဲ လက်ဆောင်ပေးကြပါတယ်။ ဒီအစားအစာတွေဟာ ကိုယ်ခံစွမ်းအားကို အားကောင်းစေတာကြောင့် ကိုယ်ချစ်ရသူတွေ ကျေးဇူးတင်ကြောင်းနဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်မယ့် လက်ဆောင်ကောင်းတွေ ဖြစ်ပါတယ်။

Gajeongyongpum (가정용품) ဒါမှမဟုတ် အိမ်သုံးပစ္စည်းများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဟာ Seolllal အတွက် လက်ဆောင်ကောင်းတွေ ဖြစ်ပေမယ့်လည်း Gajeongyongpum ( 가정용품၊ အိမ်သုံးပစ္စည်းများ) တွေကလဲ ဆွေမျိုး၊မိတ်ဆွေတွေအတွက် သေချာပေါက် အသုံးဝင်ပြီး ကောင်းမွန်တဲ့ လက်ဆောင်တွေဘဲ ဖြစ်ပါတယ်။ Seollal အတွက် အိမ်သုံးပစ္စည်း လက်ဆောင်တချို့ကတော့ အိမ်သာသုံးစက္ကူ၊ ခေါင်းလျှော်ရည်နဲ့ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာရည် စတဲ့ သန့်ရှင်းပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီလိုသန့်ရှင်းရေးပစ္စည်းတာဟာ နှစ်သစ်မှာ သန့်သန့်ရှင်းရှင်းနဲ့ ချမ်းသာခြင်း၊ ကျန်းမာခြင်းတို့ကို ရရှိနိုင်မယ်လို့ ယူဆကြပါတယ်။ တချို့တွေကလဲ လူကြီးမိဘတွေအတွက် လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ အနှိပ်ကုလားထိုင်တွေကိုလဲ လက်ဆောင်အဖြစ် ပေးကြပါသေးတယ်။

Seollal ကာလအတွင်းမှာ Eumsik (음식) အစားအစာ ဒါမှမဟုတ် Sul (술) အရက်တွေပါတဲ့ gift sets လဲ လက်ဆောင်ပေးကြလေ့ ရှိပါတယ်။ Ssal (쌀၊ ထမင်း)၊ Seupaem (스팸၊ Spam)၊ Chamchi (참치၊ တူနာသေတ္တာ)၊ Ramyeon (라면၊ Korean အသင့်စားခေါက်ဆွဲ)၊ ကင် (김၊ ကိုးရီးယား ပင်လယ်ရေမှော်ခြောက်) စတဲ့ အစားအသောက်အစုံပါတဲ့ gift sets တွေအပြင် Gwail (과일၊ သစ်သီးခြင်း) တွေလဲ ပေးလေ့ရှိပါတယ်။ အခြောက်ခံထားတဲ့ ဒါမဟုတ် လတ်လတ်ဆတ်ဆတ် Haemul (해물၊ ပင်လယ်စာ) နဲ့ Hanwoo (한우၊ Korean beef) တို့လို အသားအစုံပါတဲ့ gift sets တွေကိုလဲ လက်ဆောင်ပေးလေ့ရှိပါတယ်။

အရက်တွေကို လက်ဆာင်အဖြစ် ပေးအခါမှာလဲ Yangju (양주၊ အရက်)၊ Baekju (백주၊ တရုတ်အရက်)၊ Wain (와인၊ ဝိုင်) နဲ့ Makgeolli (막걸리၊ Korean ဆန်အရက်) တို့ကလဲ လက်ဆောင်ကောင်းတစ်ခု ဖြစ်ပါတယ်။ ကိုရီးယားမှာ ဒီလိုမျိုးအားလပ်ချိန်တွေမှာ အရက်နည်းနည်းသောက်ပြီးတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံ‌ရေးပိုတိုးဖို့အတွက် သောက်လေ့ရှိကြပါတယ်။

လက်ဆောင်လဲလှယ်တဲ့အခါမှာ အရေကြီးတဲ့ လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကတော့ လေးစားမှုပြသဖို့အတွက် လက်ဆောင်ကို လက်ခံရယူတဲ့အခါ ဖြစ်ဖြစ် သို့မဟုတ် ပေးတဲ့အခါဖြစ်ဖြစ် လက်နှစ်ဖက်လုံးကို အသုံးပြုရမှာဖြစ်ပြီး ကိုယ့်ထက်အသက်ကြီးသူရော၊ သက်တူရွယ်တူရော၊ ငယ်တဲ့သူတွေရော ယခုလို ဆက်ဆံကြည့်ဖို့ အရေးကြီးပါတယ်။

#newyear #seollal #gift #korea #myanmar #MyanGoal #events #thingstodo


Latest