Google အကောင့် စကားဝှက် မေ့သွားလို့ပဲဖြစ်ဖြစ်၊ Locked ကျသွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ ပြန်ဝင်လို့ရမယ့် Selfie ဗီဒီယိုနဲ့ Sign-in ဝင်တဲ့ စနစ်သစ်လေးတစ်ခုကို Google က မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ Feature လေးကိုတော့ ဘရာဇီးမှာ စပြီး စမ်းသပ်နေတာပါ။
ကိုယ့် အကောင့်ထဲမှာ ဒီစနစ်ကို ကြိုတင် Set up လုပ်ထားမယ်ဆိုရင် Password မေ့သွားတဲ့အခါ အလွယ်တကူ ပြန်ဝင်နိုင်မှာပါ။ ပြုလုပ်ပုံကလည်း လွယ်လွယ်လေးပါပဲ၊ Google Accounts ထဲက Security & sign-in ထဲကိုသွား၊ Selfie video ဆိုတာလေးကို နှိပ်ပြီး Google ခိုင်းတဲ့အတိုင်း ကင်မရာထဲ ကိုယ့်မျက်နှာလေး ပြပေးရုံနဲ့ မှတ်ပုံတင်ထားနိုင်တာ ဖြစ်ပါတယ်။
ရိုက်ထားတဲ့ Selfie ဗီဒီယိုတွေကိုလည်း ကုဒ်ဝှက်စနစ် (Encrypt) နည်းနဲ့ အဓိက လုံခြုံအောင် သိမ်းဆည်းပေးထားမှာဖြစ်သလို၊ ဒီ Feature လေးကြောင့် AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအတုတွေသုံးပြီး အကောင့်ကို ခိုးဝင်မယ့် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။






