Daegu (대구) က ဘာကြောင့် ကိုရီးယားမှာ ပညာသင်ကြားဖို့ အကောင်းဆုံးမြို့တွေထဲက တမြို့ဖြစ်တာလဲ?

Daegu ဟာ ဆိုးလ်နဲ့ ဘူဆန်ကြားမှာ တည်ရှိပြီး Seoul, Busan နဲ့ Incheon မြို့တို့ပြီးရင် တောင်ကိုရီးယားရဲ့ စတုတ္ထအကြီးဆုံးမြို့ ဖြစ်ပါတယ်။ ရှေးခေတ် Silla မင်းဆက်တုန်းက ကိုရီးယားကျွန်းဆွယ်ကို ပေါင်းစည်းချိန်မှာ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ Daegu မြို့မှာ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ Gatbawi ရုပ်တု (갓바위)၊ Donghwasa Temple (동화사) နဲ့ Apsan Park (앞산공원) တို့ ရှိပါတယ်။ Daegu ရဲ့နောက်ထပ်ဆွဲဆောင်မှုကတော့ တောင်တက်ခရီး ဖြစ်ပါတယ်။

မြို့ကြီးပြဖြစ်တာကြောင့် Daegu မြို့မှာ သယ်ယူပို့ဆောင်ရေး ကွန်ရက်ဟာလဲ ကောင်းမွန်ပါတယ်။ မြေအောက်ရထားတွေ၊ ဘတ်စ်ကားတွေနဲ့ ရထားတွေလဲ ရှိပါတယ်။ ရထားစီးတာကတော့ ကိုရီးယားရှိ တခြားမြို့တွေကို သွားရောက်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ Daegu မြို့ဟာ Korea မှာ ပညာသင်ကြားလေ့လာဖို့ အကောင်းဆုံးမြို့တွေထဲက တခုဖြစ်ရတဲ့ အားသာချက်က‌တော့ ကိုရီးယားနိုင်ငံရဲ့ အဓိကမြို့တွေအားလုံးကို ရထားနဲ့ ကောင်းမွန်စွာ ချိတ်ဆက်သွားလာနိုင်တာကြောင့် ဖြစ်ပါတယ်။ ရထားနဲ့ ဘူဆန်ကို တစ်နာရီခွဲခန့်သာ ရှိပြီး ဆိုးလ်ကို နှစ်နာရီခွဲခန့်သာ ကြာပါတယ်။

ဈေးဝယ်ရတာ ကြိုက်တဲ့သူတွေ အတွက်ဆိုရင်လဲ Seomun ( 서문시장 ) နဲ့ Gyeodong ( 교동시장 ) ဈေးတွေရှိပြီး တလမ်းလုံး ဈေးဆိုင်တွေ၊ ကုန်တိုက်တွေနဲ့ အပြည့် Dongseong-ro ကိုလဲ သွားနိုင်ပါတယ်။ မြို့၏မတူညီသောနေရာများတွင်ရှိသေားမှာ Daegu မြို့မှာလဲ တခြားစျေးဝယ်စင်တာကြီးတွေရှိပြီး Dong-gu မှာရှိတဲ့ Lotte Outlets Esiapolis နဲ့ Suseong-gu အားကစားကွင်းအနီးရှိ Color Square တိုဘဲဖြစ်ပါတယ်။

Daegu ရှိ ပြတိုက် အမျိုးမျိုးမှာလဲ သွားရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ ရှေးဟောင်းသုတေသနတွေ့ရှိချက်တွေကို ပြသထားတဲ့ Daegu အမျိုးသားပြတိုက် ၊ ခေတ်ပြိုင်အနုပညာအတွက် Daegu အနုပညာပြတိုက်နဲ့ Daegu အမျိုးသားသိပ္ပံပြတိုက်တို့ ပါဝင်ပါတယ်။ ဖက်ရှင်နဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် Daegu မြို့ဟာ အထည်အလိပ်လုပ်ငန်းရဲ့ အဓိကအချက်အချာ‌‌နေရာဖြစ်ပြီး ကိုရီးယားရဲ့ တခုတည်းသော အထည်အလိပ်ပြတိုက် ဖြစ်တဲ့ DTC Textile Museum ကိုလဲ သွားရောက်လေ့လာနိုင်ပါတယ်။

ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest