လက်ဖက်စိမ်းက အိုမင်းရင့်ရော်မှုကို ဘာကြောင့် လျော့ချပေးတာလဲ ?

လက်ဖက်စိမ်းဆိုတာဘာလဲ ?
ရာစုနှစ်များစွာ သက်တမ်းရှိပြီဖြစ်တဲ့ ဆေးဖက်ဝင် လက်ဖက်စိမ်းဟာ အသားအရေထိန်းသိမ်းမှုလောကမှာ အလွန်ရေပန်းစားလာပါတယ်။ လက်ဖက်ပင်ရဲ့အရွက်ကနေ သဘာဝအတိုင်းရရှိတဲ့ antioxidants၊ polyphenols နဲ့ catechins တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို အမှန်အကန် ထိန်းသိမ်းလို့ ကောင်းပါတယ်။ လက်ဖက်ခြောက်နဲ့ မတူဘဲ လက်ဖက်စိမ်းရွက်ကို အနည်းငယ်သာ ပြုပြင်ပြီး အရွက်မှာ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းထားတာကြောင့် အသားအရေကို ပိုမိုကျန်းမာလာအောင် အကျိုးကျေးဇူးများစွာ ပေးပါတယ်။

လက်ဖက်စိမ်းက အိုမင်းရင့်ရော်မှုကို ဘာကြောင့် လျော့ချပေးတာလဲ ?
လက်ဖက်စိမ်းမှာပါတဲ့ အစွမ်းထက် antioxidants တွေကြောင့် အိုမင်းရင့်ရော်မှုကို သက်သာစေပါတယ်။ Antioxidants ဖြစ်တဲ့ epigallocatechin gallate (EGCG) ဟာ free radicals တွေကို ချေဖျက်ပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းမှုကို ဖြစ်စေတဲ့ oxidative stress (ခန္ဓာကိုယ်အတွင်းရှိ free radicals နှင့် antioxidants များ မညီမျှခြင်းဖြစ်ပြီး ဆဲလ်များကို ပျက်စီးစေခြင်း) ကိုလဲ ကာကွယ်ပေးပါ။ ဒါ့အပြင် အသားအရေမှာ အရေးအကြောင်းတွေဖြစ်တာကိုလဲ သက်သာစေပါတယ်။ Green Tea ဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့အတွက် အသားအရေကို ပိုမိုချောမွေ့စေပြီး နုပျိုတဲ့အသွင်အပြင်ကို ရရှိစေပါတယ်။

Green Tea က ကိုရီးယား အသားအရေထိန်းသိမ်းမှုမှာ ဘာကြောင့်ရေပန်းစားလဲဆိုရင် ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေဟာ သဘာဝအတိုင်း အသားအရေကို အကောင်းဆုံး ပေါ်လွင်စေပြီး နူးညံချောမွေ့စေတဲ့ ပါဝင်ပစ္စည်းတွေကို အဓိက အသုံးပြုပါတယ်။ Green Tea ဟာ အရေပြားအမျိုးအစား အားလုံးအတွက် အဆင်ပြေပြီး ကိုရီးယား အလှကုန်လုပ်ငန်းတွေဟာ Green Tea ကို ကိုရီးယား အလှအပဆိုင်ရာ ပါဝင်ပစ္စည်းအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ လက်ဖက်စိမ်းရဲ့ ဘက်စုံသုံးလို့ရတာကြောင့် အရေပြားဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပြီး လိုက်ဖက်တဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

လက်ဖက်စိမ်းက အသားအရေကို ကြည်လင်စေသလား ?
Green tea မှာ melanin ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်တဲ့ polyphenols တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို ပျောက်ကင်းစေပြီး အသားအရောင်ကို ညီညာစေပါတယ်။ အညစ်အကြေးတွေ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလဲ ကျဥ်းစေပါတယ်။

လက်ဖက်စိမ်းက ဝက်ခြံအတွက် ကောင်းသလား ?
ဝက်ခြံပေါက်တတ်တဲ့ အသားအရေဆိုရင်လဲ လက်ဖက်စိမ်း ပါဝင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုနိုင်ပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ Antimicrobial နဲ့ Anti-inflammatory ဂုဏ်သတ္တိတွေ ပါ၀င်တာကြောင့် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ချွေးပေါက်ပိတ်ခြင်း၊ အသားအရေ ကွဲထွက်ခြင်းနှင့် အဆီဖုထွက်ခြင်းတို့ကို တိုက်ဖျက်ပေးတာကြောင့် ပိုမိုကြည်လင်ပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ Green Tea ပါတဲ့ Skincare ကို နေ့တိုင်းသုံးရင်လဲ ကောင်းပါတယ်။ ဒါပေမယ့် ဘယ် skincare product မဆို ကိုယ်နဲ့တည့်မတည့်ဆိုတာကလဲ အရေးကြီးပါတယ်။

အသားအရေအတွက် လက်ဖက်စိမ်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ highlight လုပ်ပြရရင်တော့
free radicals တွေကို တိုက်ထုတ်ပေးပြီး oxidative stress ကို ကာကွယ်ပေးပါတယ်။
ရောင်ရမ်းမှုကို လျှော့ချပေးပြီး ယားယံတတ်တဲ့ အသားအရေကို သက်သာစေပါတယ်။
Collagen ပေါင်းစပ်မှုကို မြှင့်တင်ပေးပြီး အိုမင်းရင့်ရော်မှုကို လျော့ချပေးတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။
အဆီပြန်ခြင်းကို ထိန်းညှိပေးပြီး အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေအတွက် အကျိုးပြုပါတယ်။
အသားအရေကို ကြည်လင်စေပြီး အမည်းစက်များကို ပျောက်ကင်းစေပါတယ်။
ရေဓာတ်ကို ဖြည့်တင်းပေးပြီး အသားအရေကို ကျန်းမာနုပျိုစေပါတယ်။

#greentea #greenteabenefits #beauty #korea #myanmar #MyanGoal


Latest