0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မြို့က ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ နာမည်ကြီး နေရာများ
May 30, 2025
—
by
Milo Kevin
in
Travel
ဆိုးလ်မြို့မှာ နာမည်ကြီးလည်ပတ်စရာနေရာတွေ၊ စျေးဝယ်ထွက်စရာနေရာတွေ ပေါများပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံမှာ ရိုက်ကူးရေးလုပ်တော့မယ်ဆိုရင် ဆိုးလ်မြို့ဟာလဲ လာရောက်ရိုက်ကူးမှု အများဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal Travel ကနေပြီးတော့ ဆိုးလ်မြို့က ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ နာမည်ကြီး နေရာ 10 နေရာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
1.Mapodaegyo တံတား
Mapodaegyo တံတားမှာ ကမ္ဘာကျော် ဟောလိဝုဒ် စူပါဟီးရိုး ရုပ်ရှင်ကားဖြစ်တဲ့ Avengers: Age of Ultron မှာ Captain America ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့တာကြောင့် တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ ဒါ့အပြင် Mapodaegyo တံတားဟာ တံတားတဝိုက် ညဘက်ရှုခင်းတွေ လှပတာကြောင့်လည်း နာမည်ကြီးပါတယ်။ ဒီတံတားရဲ့ ဒီဇိုင်းဟာ ဆန်းသစ်ထားတာမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားသော်လည်း Han မြစ်ရဲ့ လှိုင်းလုံးတွေနဲ့အတူ ကိုရီးယားရဲ့ မြို့ပြပုံသဏ္ဍာန်ကိုပြသနေတဲ့ အကောင်းဆုံး နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဒီနေရာမှာ ကိုရီးယားဒရာမာတွေနဲ့ ရုပ်ရှင်ပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ Mapodaegyo တံတားပေါ်က “Bridge of Life” ကလဲ လည်ပတ်မှု အများဆုံးနေရာဖြစ်ပါတယ်။ ဒါ့အပြင် တံတားတလျှောက်မှာ စိတ်ကူးယဉ်ဆန်တဲ့ စကားစုတိုလေးတွေကိုလဲ တွေ့နိုင်ပါတယ်။
2.Hangang ပန်းခြံ
နာမည်ကျော် ဟောလိဝုဒ် မင်းသမီး Anne Hathaway ပါဝင်သရုပ်ဆောင်ထားတဲ့ Colossal ဇာတ်ကားကတော့ ဆိုးလ်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Seoul မြို့ရဲ့ အလှအပကို အောင်မြင်စွာပုံဖော်နိုင်တဲ့ နိုင်ငံခြားရုပ်ရှင် အနည်းငယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Hangang Park ရဲ့ လှပပုံကို ရိုက်ကူးထားတဲ့ ရိုက်ချက်တွေဟာ စွဲမက်ဖွယ်ကောင်းပါတယ်။ Hangang Park ဟာ သဘာဝတရား အလှနဲ့ ဆိုးလ်မြို့ရဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်တာကြောင့် အသက်အရွယ်မရွေး လူကြီး၊ လူငယ်ကြားမှာ ရေပန်းစားပါတယ်။ ဒါ့အပြင် လူကြီးတွေအတွက်လဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လို့ရတဲ့ နေရာတစ်ခုဖြစ်ပြီး Han မြစ်အတွင်း အပျော်စီးသင်္ဘောစီးလို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။
3.Gangnam ဘူတာ
2012 မှာ ရိုက်ကူးခဲ့ပြီး Jeremy Renner ပါဝင်သရုပ်ဆောင်ထားတဲ့ The Bourne Legacy ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးရင်တော့ ဒီကားမှာ Gangnam Station ကို ထည့်သွင်းရိုက်ကူးထားတာကို မြင်တွေ့ရမှာပါ။ ဆိုးလ်မှာ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံဟာ အလွန်ပျော်စရာကောင်းကြောင်းကိုလဲ ရုပ်ရှင်အဖွဲ့သားတွေက မှတ်ချက်ပေးခဲ့ပါတယ်။ Gangnam ဘူတာဟာ ဆိုးလ်မြို့ရဲ့ ထူးခြားတဲ့ တက်ကြွမှုနဲ့ စွမ်းအင်ကို ခံစားနိုင်တဲ့ နေရာဖြစ်ပါ။ တစ်နေ့ကို လူဦးရေ တစ်သန်းဝန်းကျင်လောက် အသုံးပြုနေတဲ့ Gangnam ဘူတာဟာ နာမည်ကျော်ကြားတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါ။ စျေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ စားသောက်ဆိုင်တွေနဲ့လဲ နီးတာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ ဒါ့အပြင် နာမည်ကြီး Psy ရဲ့ Gangnam Style ရုပ်တုရှေ့မှာ ဓာတ်ပုံရိုက်လို့ ရပါသေးတယ်။
4.Garak ဈေး
ရုပ်ရှင်ဒါရိုက်တာ Alexander Payne ရဲ့ Downsizing ရုပ်ရှင်ကို အသက်ဝင်စေဖို့ ကိုရီးယား နိုင်ငံ နောက်ခံကို အသုံးပြုပြီး များမဟုတ်ဘဲ သရုပ်ဆောင်တွေ မဟုတ်ဘဲ သာမန်လူ တွေနဲ့ဘဲ ရိုက်ကူးလိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရိုက်ကွင်းနေရာအတွက် ရွေးချယ်ထားတဲ့ နေရာတွေထဲက တစ်ခုကတော့ ဆိုးလ်မြို့မှာရှိတဲ့ Garak စျေးဖြစ်ပါတယ်။ Garak စျေးမှာ ရိုက်ကူးဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ တခြားကိုရီးယားနေရာတွေထက် ကိုရီးယားစတိုင်ကို အပြည့်အဝ ရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ Garak စျေးဟာ ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားတွေအကြား အနှစ်သက်ဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးအစားအလိုက် လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ခင်းကျင်းပြသထားပြီး ပင်လယ်ကောင်းကောင်း စားချင်သူတွေအတွက် နေရာကောင်းတစ်ခု ဖြစ်ပါတယ်။
5.Wonho Aegyo တံတား
Bong Joon-ho ရိုက်ကူးခဲ့တဲ့ ဇာတ်ကား The Host မှာ အဓိကဇာတ်ကောင်ရဲ့ သမီး ပြန်ပေးဆွဲခံရတဲ့ နေရာဟာ Wonhyodaegyo Bridge ဖြစ်တာကို သိပါသလား? Han မြစ်ပေါ်မှာ တံတားများစွာရှိတဲ့ထဲ Wonhyodaegyo တံတား ဘာလို့ရွေးရလဲဆိုတော့ တံတားအောက်က မြောင်းဟာ ရုပ်ရှင်ထဲက ဇာတ်လမ်းအတွက် ကိုက်ညီတာကြောင့် ဖြစ်ပါတယ်။ တခြားတံတားတွေနဲ့မတူဘဲ Wonhyodaegyo တံတားရဲ့ အသွင်အပြင်ဟာ Monster တွေအတွက် ခိုအောင်းရာတစ်ခုအနေနဲ့ ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းတာကြောင့်လဲ ဖြစ်ပါတယ်။
ကျန်နေသေးတဲ့ နောက်ထပ်နေရာ 5 နေရာကို သိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Travel ကနေ နောက်ရက်ကျရင် တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
←
Previous:
အီလွန်မက်စ် ထရမ့်အစိုးရအဖွဲ့မှ နှုတ်ထွက်
Next:
Apple က သူ့ရဲ့ Operating System တွေကို နာမည်အသစ်တွေနဲ့ လာမယ့်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications