0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများ
Jun 10, 2025
—
by
Milo Kevin
in
Travel
Jeju ရဲ့ကျယ်ပြောလှပတဲ့ ပင်လယ်၊ ကောင်းကင်နဲ့ Baekyaki Oreum မီးတောင်ရဲ့ စိမ်းလန်းစိုပြေတဲ့ မြင်ကွင်းတွေကြောင့် စုံတွဲတွေနဲ့ ဟန်းနီးမွန်းထွက်တဲ့သူတွေအတွက် ဆွဲဆောင်မှုရှိပြီး အချိန်တိုင်း ရိုမန်တစ်ဆန်ဆန် ခံစားရစေပါတယ်။ စုံတွဲတွေအနေနဲ့ တစ်ယောက်လက် တစ်ယောက်တွဲပြီး ပျော်ရွှင်စရာကောင်းတဲ့ Jeju ရဲ့ အလှအပဆုံးနေရာအချို့ကို လည်ပတ်နိုင်ဖို့ ဒီနေ့မှာ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် Jeju ကျွန်းကို သွားချင်လို့ လေယာဥ် လက်မှတ်ဖြတ်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ MyanGoal – Travel မှာ လာရောက်စုံစမ်းနိုင်ပါတယ်။
1.Spirited Garden
Spirited Garden ကတော့ ဥယျာဉ်သေး 7 ခုကို စုပေါင်းထားတဲ့ ဥယျာဥ်တစ်ခုဖြစ်ပြီး ဥယျာဥ်တစ်ခုချင်းစီမှာလဲ လှပတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ရေပန်းအလှတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနေရာဟာ ယခုအခါမှာ အေးချမ်းစွာ အနားယူလို့ရတဲ့ နေရာတစ်ခုဖြစ်ပေမယ့်လည်း ယခင်က မြေသြဇာမကောင်းတဲ့ ကျောက်ဆောင်ပေါတဲ့မြေ ဖြစ်ခဲ့ပါ။ ယနေ့အချိန်မှာတော့ ဒီဥယျာဉ်မှာ သစ်ပင် ၄၀၀ ကျော်နဲ့ ကိုရီးယားအပင်မျိုးစုံကို စိုက်ပျိုးထားပါတယ်။ The Spirited Garden ပတ်ပတ်လည်မှာလဲ သဘာဝ မီးတောင်ကျောက်တုံးတွေနဲ့ အလှဆင်ထားပါတယ်။ koi ငါးတွေနဲ့ ပြည့်နေတဲ့ ရေကန်ထဲကို စီးဆင်းနေတဲ့ လူလုပ် ရေတံခွန်လည်း ရှိပါတယ်။
တည်နေရာ- 675 Nokchabunjae-ro၊ Hangyeong-myeon၊ Jeju-si၊ Jeju-do၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ
2.Ihoteu ကမ်းခြေ
Ihoteu ကမ်းခြေကို ရောက်တဲ့အခါ အနီရောင်နဲ့ အဖြူရောင်မြင်းရုပ် မီးပြတိုက်တွေကို အရင်ဆုံး တွေ့ရပါလိမ့်မယ်။ ဒီနေရာကိုရောက်ရင် အံ့မခန်းနေဝင်ချိန်တွေကို ကြည့်ရှုဖို့ နာမည်ကြီးနေရာဖြစ်တဲ့ Yongdam ကမ်းရိုးတန်းလမ်းတလျှောက် လမ်းလျှောက်ရင်း ခံစားနိုင်ပါတယ်။ ဒီထူးခြားတဲ့ မီးပြတိုက် ၂ လုံးကြားကနေ နေဝင်ချိန်ကို ခံစားရင်း ဓာတ်ပုံကောင်းကောင်း ရိုက်ခဲ့လို့လဲ ရမှာဘဲ ဖြစ်ပါတယ်။ Ihoteu ကမ်းခြေဟာ ညဘက်မှာလဲ ဖွင့်တာကြောင့် နေဝင်ချိန်ကိုခံစားပြီးရင်လဲ ဆက်လက်အပန်းဖြေနိုင်ပါသေးတယ်။
တည်နေရာ- 20 Dori-ro၊ Jeju-si၊ Jeju-do၊
3.Seongsan Ilchulbong
Seongsan Ilchulbong (Sunrise Peak) ကတော့ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ကုန်း တစ်ခုဖြစ်ပါတယ်။ ဒီနေရာကို ကိုရီးယားနိုင်ငံရဲ့ သဘာဝကျောက်တိုင်အမှတ် 420 အဖြစ် UNESCO ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ထားပြီး ဒေသခံတွေနဲ့ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အတက်အဆင်းလမ်းကို ကောင်းစွာပြုလုပ်ထားပေမယ့်လည်း တောင်တက်တဲ့အခါမှာ မတ်စောက်တာကြောင့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေကို ဝတ်ဆင်ခဲ့ဖို့ အကြံပြုပါတယ်။ နာမည်အရ နေထွက်ကြည့်ရာ နေရာတစ်ခုအတွက် ကျော်ကြားတဲ့အပြင် ဒီနေရာက သဘာဝအလှကြောင့်လဲ အချိန်မရွေး သွားရောက်လည်ပတ်လို့ ကောင်းပါတယ်။
တည်နေရာ- 1 Seongsan-ri၊ Seongsan-eup၊ Seogwipo-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၇ နာရီမှ ည ၈ နာရီအထိ
4.Camellia တောင်
Camellia Hill ကတော့ camellia ပန်းတွေထက် ပိုနာမည်ကြီးပြီး Hydrangea ပွဲတော်နဲ့ Silver Grass ပွဲတော်တို့လို ရာသီအလိုက် ပွဲတွေကျင်းပရာနေရာလည်း ဖြစ်ပါတယ်။ လမ်းညွှန်မြေပုံ များစွာရှိတာကြောင့်လဲ အေးအေးဆေးဆေး လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ လမ်းလျှောက်တဲ့လမ်းတစ်ခုစီကိုလဲ နံပါတ်တပ်ထားပြီး ဒီနေရာတွေမှာ ချစ်ရသူတွေနဲ့အမှတ်တရ ဓာတ်ပုံရိုက်ကူးဖို့အတွက် နေရာလေးတွေလဲ ပါရှိပါတယ်။ ရာသီမရွေး လှပတဲ့ပန်းတွေကို တွေ့မြင်နိုင်တဲ့အပြင် ဆောင်းဦးဆိုရင်လဲ ရင်သပ်ရှုမောဖွယ်ရာ silver grass နဲ့ ပန်းရောင် muhly တို့ကိုလဲ ကြည့်ရှုနိုင်ပါသေးတယ်။
တည်နေရာ: 166 Byeongak-ro၊ Andeok-myeon၊ Seogwipo-si၊ Jeju-do၊ တောင်ကိုရီးယား
ဖွင့်ချိန်- ဇွန်လမှ သြဂုတ်- နံနက် ၈း၃၀ မှ ည ၇ နာရီအထိ နေ့စဉ်။ မတ်လ-မေလနှင့် စက်တင်ဘာ-နိုဝင်ဘာလ- နေ့စဉ် နံနက် 8.30 မှ 6.30 နာရီအထိ။ ဒီဇင်ဘာ-ဇန်နဝါရီ- နံနက် ၈း၃၀ မှ ညနေ ၆ နာရီအထိ နေ့စဉ်
Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာတွေကတော့ ဒီလောက်နဲ့မကုန်သေးဘူး။ ဒါပေမဲ့ နောက်ထပ်ကျန်နေသေးတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ဘဲ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
←
Previous:
5G နှင့် စက်ရုပ်နည်းပညာနဲ့ မိုင် ၅,၀၀၀ အကွာမှ လူနာကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်
Next:
part 2 – Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများ
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications