0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 / Jeju ကျွန်းက အကောင်းဆုံးကမ်းခြေ ၁၀ ခု
Jul 9, 2025
—
by
Milo Kevin
in
Travel
အရင်ရက်က Jeju ကျွန်းက အကောင်းဆုံးကမ်းခြေ ၁၀ ခုထဲက Hyeopjae ကမ်းခြေ Hamdeok ကမ်းခြေ၊ Yongmeori ကမ်းခြေ၊ Woljeongni ကမ်းခြေ၊ Jungmun ကမ်းခြေတွေအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီလိုကမ်းခြေတွေလိုဘဲ အပန်းဖြေလို့ကောင်းတဲ့ Jeju ကျွန်းက အကောင်းဆုံးကမ်းခြေ ၁၀ ခုထဲက ကျန်နေသေးတဲ့ ကမ်းခြေ 5 ခုကို ထပ်မံပြောပြလိုက်ပါတယ်ဗျို့။
6.Gwakji ကမ်းခြေ
Gwakji သဲသောင်ပြင်ကတော့ တောင်ကုန်းတွေနဲ့ ရွာတစ်ရွာ ဝန်းရံထား၊ ကြည်လင်ပြာလဲ့နေတဲ့ရေနဲ့ လှပတဲ့ကမ်းရိုးတန်းတို့ကြောင့် အပန်းဖြေအနားယူဖို့ သာယာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရေတိမ်အနက်ကလဲ တဖြည်းဖြည်းချင်း လျှောစောက်တက်သွားတာကြောင့် ရေကစားဖို့လဲ ပြီးပြည့်စုံတဲ့ ကမ်းခြေဖြစ်ပါတယ်။ Gwakji သဲသောင်ပြင် အနီးနားမှာရှိတဲ့ Wolmyeongsa ဘုရားကျောင်းကို သွားရောက်လည်ပတ်တာ ဒါမှမဟုတ် ကမ်းရိုးတန်းလမ်းတလျှောက်မှာ ထူးခြားစွာ ပုံဖော်ထားတဲ့ မီးတောင်ချောက်ကမ်းပါးတွေကိုလဲ ကြည့်ရှုဖို့ အကြံပြုပါတယ်။
တည်နေရာ- Aewol-eup၊ Jeju-si၊ Jeju-do၊
7.Geumneung Eutteumwon ကမ်းခြေ
Geumneung Eutteumwon ကမ်းခြေကတော့ ကလေးတွေနဲ့ မိသားစုလိုက် သွားရောက်လည်ပတ်ဖို့ ကောင်းမွန်တဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ကမ်းခြေရဲ့ ရေအတိမ်အနက်ကလဲ သိပ်မနက်ဘဲ ရေကလဲ ကြည်တာကြောင့် သမုဒ္ဒရာကြမ်းပြင်ကိုပါ မြင်နိုင်ပါတယ်။ တစ်နေကုန် ရေကစားပြီးရင်လဲ ကမ်းခြေမှာ ရေနွေးနွေးနဲ့ ရေချိုးလိုက်လို့ ရပါသေးတယ်။ ကမ်းခြေသွားလည်ဖို့ အကောင်းဆုံးအချိန်ကတော့ ဒီရေကျသွားတဲ့အချိန် ဖြစ်ပါတယ်။ ဒီရေကျသွားတဲ့အချိန်မှာ ပျော့ပျောင်းတဲ့ သဲသောင်ပြင်ကို ဖြစ်ပေါ်စေပြီး ကလေးအတွက် ဆော့ကစားလို့ကောင်းတဲ့ နေရာတခုအဖြစ် ဖန်တီးပေးပါတယ်။
တည်နေရာ- Geumneung-ri၊ Hallim-eup၊ Jeju-si၊ Jeju-do၊
8.Pyoseon Haebichi ကမ်းခြေ
Pyoseon Haebichi ကမ်းခြေကတော့ ကိုရီးယားလို “နေရောင်ခြည်” လို့ အဓိပ္ပါယ်ရပြီး ဒီနေရာမှာ နေထွက်ချိန်ကို လှပစွာကြည့်ရှုနိုင်တာကြောင့် နာမည်ကြီးပါတယ်။ လူပေါင်းများစွာဟာ နှစ်သစ်ကူးတဲ့အချိန်မှာ နှစ်တစ်နှစ်ရဲ့ ပထမဆုံး နေထွက်ချိန်ကို ကြည့်ဖို့ လာရောက် စုရုံးကြပါတယ်။ ကမ်းခြေကနေ ဒီရေကျတဲ့အခါ သဲက သဲသောင်ပြင် ဝိုင်းဝိုင်းကြီးပေါ်ပြီး ဒီရေပြန်တက်လာတဲ့အခါမှာတော့ အနက် ၁ မီတာလောက်တော့ ရှိပါတယ်။ ဒါကြောင့် ကိုယ်သွားလည်တဲ့ အချိန်ပေါ်မူတည်ပြီး မတူကွဲပြားတဲ့ ခံစားမှုမျိုးကို ခံစားရနိုင်ပါတယ်။ သြဂုတ်လတိုင်း ဒီကမ်းခြေမှာ Pyoseon Beach Whitesand Festival ကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ ဒေသထွက် အထူးပစ္စည်းတွေနဲ့ Jeju ရဲ့ ရိုးရာယဉ်ကျေးမှုတို့ကို တွေ့နိုင်ပါတယ်။
တည်နေရာ- Pyoseon-ri၊ Pyoseon-myeon၊ Seogwipo-si၊ Jeju-do၊
9.Sanhosa ကမ်းခြေ
Sanhosa ကမ်းခြေကတော့ Udo ကျွန်းရဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိပြီး 350 မီတာရှည်လျားတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ဒီကမ်းခြေက “Seobin Baeksa” လို့ခေါ်တဲ့ အဖြူရောင်သဲသောင်ကြောင့်လဲ လူသိများပါတယ်။ ဒီကမ်းခြေရဲ့သဲမှာ ပင်လယ်ရေမှော် တစ်မျိုးဖြစ်တဲ့ Hongjo ပါဝင်တာကြောင့် Hongjodangoe Coral Sand Beach လို့လဲ ခေါ်ကြပါတယ်။ ဒီလိုကမ်းခြေ အမျိုးအစားဟာ နိုင်ငံတကာမှာတောင် အလွန်ရှားပါးတာကြောင့် ထားသော သဘာဝအထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းထားပါတယ်။
တည်နေရာ- ၂၆၄၊ Udohaean-gil၊ Udo-myeon၊ Jeju-si၊ Jeju-do၊ ကိုရီးယားသမ္မတနိုင်ငံ
10.Hahyo Soesokkak ကမ်းခြေ
UNESCO နယ်မြေအဖြစ် စာရင်းသွင်းထားတဲ့ Hyodoncheon Stream နဲ့ အနက်ရောင် သဲသောင်ပြင်တို့ဆုံရာ Hahyo Soesokkak ကမ်းခြေမှာ ရွက်လှေစီးတား၊ ရေပေါ်စက်ဘီးနင်းတာ စတဲ့ ရေပေါ်အားကစားနည်းမျိုးစုံကို ခံစားနိုင်ပါတယ်။။ Jeju Olle Course 6 ထဲက နယ်မြေတစ်ခုဖြစ်တာနဲ့အညီ ကမ်းခြေတလျှောက် လမ်းလျှောက်ရင်း လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ လာရောက်လည်ပတ်သူတွေအတွက် အဆင်ပြေစေမယ့် အထောက်အကူပစ္စည်းများနှင့် လျှောက်လမ်းတွေကိုလဲ ကောင်းမွန်စွာ ပြုလုပ်ထားပါတယ်။
နွေရာသီတိုင်းတွင်ကျင်းပတဲ့ Soesokkak Black Sand Festival ဟာလဲ Hyodoncheon Stream ရဲ့ ဂေဟဗေဒကို စူးစမ်းလေ့လာတာ၊ သီချင်းဆိုပြိုင်ပွဲနဲ့ ရေကူးပြိုင်ပွဲ စတဲ့ စိတ်လှုပ်ရှားစရာပြိုင်ပွဲတွေကို ပြုလုပ်လေ့ရှိပါတယ်။
တည်နေရာ- Hahyo-dong၊ Seogwipo-si၊ Jeju-do၊
←
Previous:
Steve Jobs ရဲ့ အံ့ဩဖွယ် ရက်ရောမှု
Next:
အင်္ဂါဂြိုဟ်က ကျောက်တုံးတစ်လုံး ဒေါ်လာ ၄ သန်းနဲ့ လေလံတင်ရောင်းမ
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications