ထွက်တာဆယ်နှစ်ရှိသွားပြီဖြစ်တဲ့ ကိုရီးယား ဒရာမာများ Part-2

ကိုရီးယားဒရာမာတွေထဲမှာ ဟောင်းပေမယ့် ကောင်းနေဆဲ ဒရာမာတွေ အများကြီး ရှိပါတယ်။ မြန်မာပရိတ်သတ်တွေကြား တော်တော်လေး လူကြိုက်များခဲ့ပြီး အခု 2025 ဆိုရင်လည်း ထွက်တာ ဆယ်နှစ်ရှိသွားဖြစ်တဲ့ ဒရာမာတွေ ရှိသေးတာကြောင့် ထပ်ပြီး ပြောပြပေးလိုက်ပါတယ်။ ဒီဒရာမာတွေထဲမှာ ကိုယ့်ရဲ့ ဒရာမာစီးရီးတွေ ပါလားဆိုတာလည်း ဖတ်ကြည့်လိုက်ပါ။

“Warm and Cozy” – July 2, 2015

ဒီဇာတ်ကားကတော့ အချစ်ဇာတ်လမ်းဖြစ်ပြီး Baek Gun Woo (Yoo Yeon Seok) ဟာ ချမ်းသာပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေရတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေကို အသုံးချဖို့အတွက် ဂျယ်ဂျူကျွန်းမှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတာ ဖြစ်ပါတယ်။ Jung Joo ( Kang Sora ) ကလဲ  ဘဝသစ်စဖို့အတွက် Jeju ကျွန်းကို ပြောင်းရွှေ့ခဲ့ပြီး သူတို့နှစ်ယောက် တွေ့ဆုံရာကနေ အချစ်ဇာတ်လမ်း ဖြစ်ပေါ်လာပုံကို ကြည့်ရမှာ ဖြစ်ပါတယ်။

“Who are You: School 2015” – June 16, 2015

ဒီဇာတ်ကားမှာ Kim So Hyun ဟာ အမြွှာညီအစ်မ Lee Eun Bi နဲ့ Lee Eun Byul အဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ ဒီအမြွှာနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက တစ်ယောက်တစ်နေရာဆီ ကွဲသွားတာဖြစ်ပါတယ်။ Eun Byul ကိုတော့ ချမ်းသာတဲ့ မိသားစုကနေ မွေးစားခဲ့ပြီး Eun Bi ကတော့ အထီးကျန်ပြီး ခက်ခက်ခဲခဲ ကိုယ်တိုင်ရုန်းကန် ကြီးပြင်းလာရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Eun Byul ပျောက်သွားပြီး Eun Byul နေရာကို အစားထိုးနေလိုက်ပါတယ်။ ဒါပေမယ့် တကယ့် Eun Byul ပြန်ရောက်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ 

“The Producers” –  May 15, 2015 

ဒီဇာတ်ကားကတော့ ဟာသဒရာမာ အမျိုးအစားဖြစ်ပြီး ရုပ်ရုင် industry ထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီလို industry ထဲမှာ အလုပ်လုပ်နေသူတွေရဲ့ ဘဝကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ Seung Chan (Kim Soo Hyun), Tak Ye Jin (Gong Hyo Jin), Cindy (IU), Ra Joon-mo (Cha Tae-hyun) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

“Hyde, Jekyll, Me” – January 21, 2015

အချစ်ဟာသ ဒရာမာ အမျိုးအစားဖြစ်ပြီး ဒီဇာတ်ကားထဲက Seo Jin (Hyun Bin) ဟာလဲ multiple personality disorder (MPD) ရှိတဲ့သူ ဖြစ်ပါတယ်။ Seo Jin (Hyun Bin) ဟာ အပန်းဖြေဥယျာဥ် ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဒီအပန်းဖြေဥယျာဥ်ရဲ့ မန်နေဂျာ Ha Na (Han Ji Min) နဲ့ တွေ့ဆုံရင်း အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာတကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“My Love Eun Dong” – May 29, 2015

Ji Eun Ho (Joo Jin Mo) ဟာ နာမည်ကြီး သရုပ်ဆောင် တစ်ဦးဖြစ် သူ့ရဲ့ ငယ်စဉ်က အချစ်ဦးနဲ့ Ji Eun Dong ကို ရှာတွေ့ဖို့ ကြိုးစားတဲ့ အဆင်မပြေဖြစ်ပြီး သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရေးဖို့ Seo Jung Eun (Kim Sa Rang) ဆိုသူကို ငှားရမ်းခဲ့ပါတယ်။ ဒါပေမဲ့ Jung Eun ရဲ့ ဇာတ်လမ်းကို နားထောင်တဲ့အခါမှာ Jung Eun နဲ့ Eun Dong ဟာ အတူတူဖြစ်တယ်ဆိုတာ သိသွားတဲ့ အခါမှာတော့ ဇာတ်လမ်းဟာ ထူးခြားအချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။

#Famousdrama #Kdrama #series #entertainment #korean #myangoal


Latest