ကိုရီးယားစာကို အွန်လိုင်းကနေ သင်ယူလေ့လာတော့မယ်ဆိုရင် ဒီ အချက်လေးတွေကို လုပ်ကြည့်တာ ကောင်းပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ tips လေး တချို့ sharing လုပ်ပေးချင်လို့ပါ။
အရင်ဆုံး ကိုရီးယားစာကို အွန်လိုင်းကနေ သင်ယူလေ့လာတော့မယ်ဆိုရင် ကိုယ်ပိုင် အချိန်ဇယားဆွဲပြီး အဲ့အတိုင်း လေ့ကျင့်ကြည့်ပါ။ Website ကဘဲ ဖြစ်ဖြစ် Youtube ကဘဲ ဖြစ်ဖြစ် ကိုရီးယားဘာသာစကားကို လေ့လာတဲ့အခါ နေ့စဥ် တစ်နာရီခန့် အနည်းဆုံး လေ့လာဖို့ အကြံပြုလိုပါတယ်။ သင်ခန်းစာတွေကို မလေ့ကျင်ချင်သေးရင်တော့ အကြိုက်ဆုံးကိုရီးယားရုပ်ရှင် တချို့ကြည့်ပြီးတော့ အရင်ဆုံး warm up လေး အရင်စကြည့်ထားပါ။
သင်ခန်းစာတွေကို လေ့လာတဲ့အခါ အချိန်မရွေးပြန်ကြည့်ဖို့အတွက် မှတ်စုစာအုပ်တစ်အုပ် ထားပါ။ အထူးသဖြင့် ကိုရီးယားအက္ခရာ Hangul ကို သင်ယူရတဲ့အခါ သင်ခန်းစာတွေကို ပြန်ချရေးပြီး ပုံမှန်လေ့ကျင်ခြင်းက ပိုမှတ်မိလွယ်ပါတယ်။ မကြာခဏဆိုသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အဖြေတွေကို ကိုယ့်မှတ်စုစာအုပ်မှာ ချရေးပြီးဖြစ်ဖြစ် workbooks ဝယ်ပြီးလေ့လာရင်လဲ ကိုယ့်အတွက် ခက်တဲ့စာလုံးတွေကို ချမှတ်ထားဖို့ အကြံပြုပါတယ်။
စာအေးဆေး လေ့ကျင့်လို့ရမယ့် နေရာကို ရှာပါ။ Online မှာ ကိုရီးယားစာကို လေ့လာပြီးတဲ့အခါမှာ ဝေါဟာရအသစ်တွေရဲ့ အသံထွက်ကို လေ့ကျင့်ဖို့၊ speaking အတွက် လေ့ကျင်ဖို့အတွက် သင်ခန်းစာတွေကို အေးဆေးလုပ်လို့ရမယ့် နေရာက လိုကိုလိုအပ်ပါတယ်။ ဒါမှလဲ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းကျု အပြည့်အဝ အာရုံစိုက်နိုင်မှာဘဲ ဖြစ်ပါတယ်။
Online မှာ ကိုရီးယားစာကို လေ့လာရတဲ့အခါ ကိုယ့်ရဲ့ phone, tablet, laptop အကြာကြီး ကြည့်ရပါတယ်။ Screen time များလာတဲ့အခါမှာ မျက်စိညောင်းတာတွေ၊ ခေါင်း ကိုက်တာတွေ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ electronic devices တွေရဲ့ screen ကို မျက်စိသက်သာအောင် ပြုလုပ်ပေးတဲ့ software အသုံးပြုပြီးတော့ စာဖတ်တာတွေ၊ လေ့ကျင့်ခန်း လုပ်တာက ပိုကောင်းပါတယ်။ ဒါကြောင့် အကြံပြုချင်တာကတော့ free အသုံးပြုလို့ရတဲ့ f.lux ကိုအကြုံပါတယ်။
f.lux ကတော့ ကိုယ့်ရဲ့ တည်နေရာနဲ့ တစ်နေ့တာရဲ့ အချိန်အလိုက် မျက်နှာပြင်ရဲ့ color temperature ကို ချိန်ညှိပေးတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒီပရိုဂရမ်မှာ ညအချိန် အသုံးပြုတဲ့အခါ မျက်စိညောင်းညာမှုကို လျှော့ချဖို့ ဒီဇိုင်းထုတ်ထားပြီး ကိုယ့်ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေကိုလဲ လျှော့ချဖို့ ကူညီပေးတယ်။ ဒီလို software လိုမျိုး တခြား အခမဲ့ရနိုင်တဲ့ software တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် online ကနေ သင်တဲ့အခါ သက်တောင့်သက်သာနဲ့ သင်ကြားလေ့ကျင့်နိုင်ဖို့ ဒီလိုမျိုး software တွေ သုံးသင့်ကြောင်း အကြုံပြုလိုက်ပါတယ်။
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






