Kyungsung တက္ကသိုလ်တဝိုက်က နာမည်ကြီးနေရာများ

နိုင်ငံရပ်ခြားမှာ ပညာသင်ကြားတာကတော့ စိန်ခေါ်မှုဖြစ်ပြီး ကိုရီးယားတက္ကသိုလ်တွေမှာ ကျောင်းသွားတက်မယ်ဆိုရင်လဲ ယဉ်ကျေးမှုအသစ်နဲ့ ဘာသာစကားအသစ်တွေကို ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။ ဘူဆန်မြို့မှာ ကျောင်းတက်ချင်လို့ ဖြစ်ဖြစ်၊ ဘူဆန်မြို့က ကျောင်းတွေအကြောင်း လေ့လာနေတဲ့သူတွေအတွက် ဘူဆန်မြို့က ကျောင်းတစ်ကျောင်းဖြစ်တဲ့ Kyungsung တက္ကသိုလ် တဝိုက်က နာမည်ကြီးနေရာတွေ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုနေရာသိထားမှလဲ အလည်အပတ် သွားချင်လို့ဘဲ ဖြစ်ဖြစ်၊ အချိန်ပိုင်းအလုပ်တွေ ပေါနိုင်မယ့် လူစည်ကားတဲ့ နေရာတွေကို ရွေးနိုင်မှာဘဲ ဖြစ်ပါတယ်။

Kyungsung တက္ကသိုလ်အကြောင်း (경성대학교)

Kyungsung တက္ကသိုလ်ကတော့ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘူဆန်မြို့မှာ တည်ရှိပြီး ဒီဧရိယာတဝိုက်မှာ ရှိတဲ့ ကမ်းခြေတွေ၊ အစားအသောက်နဲ့ တခြား activities တွေကြောင့်လဲ ကျော်ကြားပါတယ်။ ဘူဆန်က ထူးခြားတဲ့နေရာတွေကို စူးစမ်းလေ့လာရင်း ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကြောင့် Kyungsung တက္ကသိုလ်မှာ ကျောင်းတက်တဲ့အခါမှာ ကျောင်းသားဘဝရဲ့ ပျော်ရွှင်စရာ အတွေ့အကြုံတွေဟာ စိတ်လှုပ်ရှားစရာကောင်းမှာ သေချာပါတယ်။

Kyungsung တက္ကသိုလ်ကတော့ business, engineering နဲ့ social sciences တို့လို ဘာသာရပ်တွေကြောင့် လူသိများပါတယ်။ အရေးအကြီးဆုံးကတော့ Kyungsung တက္ကသိုလ်ဟာ ကျောင်းသားတွေအတွက် ကျယ်ပြန့်တဲ့ ယဉ်ကျေးမှုဖလှယ်နိုင်မယ့် အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပြီး နိုင်ငံရပ်ခြားက တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကောင်းမွန်တဲ့ ပညာရေး အတွေ့အကြုံကို ရရှိစေမှာပါ။

Kyungsung တက္ကသိုလ် တဝိုက်က  နာမည်ကြီးနေရာတွေထဲက ပထမဆုံးတစ်ခုကတော့ 

1. Kyungsung-dong (경성동)

Kyungsung-dong ကတော့ Kyungsung တက္ကသိုလ်နားမှာ ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။ နာမည်ကျော် Kyungsung University Street မှာ အပန်းဖြေဖို့ ဒါမှမဟုတ် စာကျက်ဖို့ သင့်လျော်တဲ့ ဇိမ်ခံကဖေးတွေ၊ ကိုရီးယားနဲ့ နိုင်ငံတကာ အစားအစာတွေရနိုင်တဲ့ စားသောက်ဆိုင်တွေ၊ night out ထွက်မယ့်လူတွေအတွက်လဲ ဘားတွေလဲ ရှာတွေ့နိုင်ပါတယ်။ စားသောက်ဆိုင်တွေ သာမက ခေတ်မီဖက်ရှင်ဆိုင်တွေနဲ့ လက်ဆောင်ပစ္စည်းဆိုင်များစွာလည်း ရှိပါတယ်။ Kyungsung တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း ကျောင်းသားဘဝကို ပျော်ရွှင်စရာ အတွေ့ကြုံခံစားနိုင်ဖို့ Kyungsung University Street ကို သွားသင့်ပါတယ်။

2. Geumjeongsan (금정산)

Geumjeongsan (Geumjeong တောင်) ကတော့ Kyungsung တက္ကသိုလ်ကနေ သွားရောက်နိုင်ပြီး beginner လမ်းကြောင်းတွေ၊ challenge လမ်းကြောင်းတွေအထိ လျှောက်လမ်းအမျိုးမျိုးနဲ့ တောင်တက်လမ်းတွေ ရှိပါတယ်။ ရေပန်းစားတဲ့လမ်းတွေထဲက တစ်ခုကတော့ Geumjeongsan တောင်ထိဆီ တိုက်ရိုက်ဦးတည်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ တောင်ထိပ်ပေါ်ကို ခြေလျင်တက်တာကတော့ စိန်ခေါ်မှုဖြစ်ပေမယ့်လည်း ပတ်ဝန်းကျင်တဝိုက်က သဘာဝနဲ့ ရှုမျှော်ခင်းတွေကိုကြောင့် ရင်သပ်ရှုမောဖွယ် တောင်တက်အတွေ့အကြုံကို ရရှိစေမှာပါ။ Geumjeongsan ဧရိယာမှာ AD 678 သမိုင်းကြောင်းရှိပြီး ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Beomeosa ဘုရားကျောင်းကိုလည်း သွားရောက်လည်ပတ်ဖို့ အကြံပြုပါတယ်။ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းတွေနဲ့ ဝန်းရံထားပြီး ဒီဘုရားကျောင်းမှာ စိတ်ကိုအေးချမ်းစေပြီး တိတ်တိတ်ဆိတ်ဆိတ် အပန်းဖြေအနားယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းဝင်အမွေအနှစ်နေရာဖြစ်တဲ့ Geumjeongsanseong ခံတပ်ကိုလည်း သွားရောက်လည်ပတ်လို့ ရပါသေးတယ်။ 

3. Haeundae ကမ်းခြေ (해운대 해수욕장)

Haeundae ကမ်းခြေကတော့ ကျောင်းနဲ့နီးပြီး သွားရေးလာရေး လဲ အဆင်ပြေတာကြောင့် သွားရောက်လည်ပတ်သင့်တဲ့ထဲက တစ်ခုဖြစ်ပါတယ်။ Haeundae ကမ်းခြေမှာ နူးညံတဲ့သဲသောင်ပြင်ကနေ ပင်လယ်ပြင်ရှုခင်းကို ခံစားပြီး အပန်းဖြေနိုင်ရုံသာမက စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေလည်း ရှိပါသေးတယ်။ ကမ်းခြေအပြင် Haeundae Beach Night Market သွားလို့ကောင်းမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဈေးဟာ နွေရာသီမှာဘဲ ဖွင့်တာဖြစ်ပြီး ကိုရီးယားအစားအစာတွေကနေ နိုင်ငံတကာအစားအစာတွေအထိ လမ်းဘေးအစားအစာဆိုင်အများအပြားကို ဖွင့်လှစ်ထားပါတယ်။ Busan Aquarium ကလဲ Haeundae ကမ်းခြေအနီးမှာတည်ရှိပြီး ငါးမန်းတွေနဲ့ တခြားရေနေသတ္တဝါမျိုးစုံကို လေ့လာသွားနိုင်မယ့် ပြတိုက်တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝတရားကို ခံစားချင်တယ်ဆိုရင်တော့ Dongbaek ကျွန်း ကို သွားလည်ဖို့ အကြံပြုချင်ပါတယ်။ Dongbaek ကျွန်းမှာ Dongbaek ပန်းခြံလဲရှိပြီး လျှောက်လမ်းတလျှောက် အံ့သြဖွယ်ကောင်းတဲ့ ရှုခင်းတွေအပြင် ပန်းပုတွေနဲ့ ပန်းဥယျာဉ်တွေကိုလဲ တွေ့မြင်နိုင်တဲ့ ကျွန်းငယ်လေးဖြစ်ပါတယ်။

Kyungsung တက္ကသိုလ်တဝိုက်မှာ ရှိတဲ့ အထင်ကရနေရာတွေက ဒီလောက်နဲ့ ကုန်သွားမှာ မဟုတ်သေးပါဘူး။ နောက်ထပ်ပြောပြပေးမယ့် နေရာတွေ ကျန်ပါသေးတယ်။ ဘယ်နေရာတွေဖြစ်မလဲ ဆိုတာ သိချင်ရင်တော့ ဆက်ပြီး စောင့်မျှော်ပေးကြပါဦးနော်။

ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest