Your cart is currently empty!
ဒီတခါမှာတော့ ကိုရီးယားနိုင်ငံရဲ့ အင်ချွန်းမြို့မှာ တည်ရှိတဲ့ Rating လည်းမြင့်ပြီး နာမည်ကြီးတဲ့ 인하대학교 (Inha University) နဲ့ မိတ်ဆက်ပေးပါ့မယ်ဗျ။
၁၉၅၄ ခုနှစ် ၄လပိုင်း ၂၄ရက်ကနေ စတင်တည်ထောင်ခဲ့တဲ့ ဒီကျောင်းဟာ ခုဆိုရင် နှစ်ပေါင်း ၇၀ သက်တမ်းရှိတဲ့ သက်တမ်းရင့် လေးနှစ်သင်ကျောင်း တစ်ကျောင်းဖြစ်ပြီး စတင်တည်ထောင်ခဲ့သူဟာဆိုလည်း ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ 이승만 (Syngman Rhee) 1875-1965 ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းလခအနေနဲ့ကတော့ Language Program အတွက် Semester တခုကို 1,400,000 ဝမ် ကျသင့်မှာဖြစ်ပြီး တခြားကျောင်းများနည်းတူ ၁၀ ပတ်သင် တပတ်၅ရက် သင်တန်းဖြစ်ပြီး Level အနေနဲ့လည်း 1 to 6 ထိ တူတူဖြစ်ပြီး Topik စာမေးပွဲလည်း လက်ခံကျင်းပတဲ့ ကျောင်းဖြစ်တာမို့ Topik ဖြေချိန်လည်း တခြားကျောင်းသွားစရာမလိုပဲ မိမိကျောင်းမှာပဲ စာရင်းပေးသွင်း ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာကျောင်းသားများလည်း ရှိနှင့်ပြီးသားမို့ အဆင်ပြေတဲ့ ကျောင်းတစ်ကျောင်းအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်ဗျ။ တောင်ကိုရီးယားမှာ ကျောင်းတက်ချင်တယ်ဆိုရင်တော့ အသေးစိိတ်အချက်အလက်များ တိုင်ပင်ဆွေးနွေးလိုပါက MyanGoal Edu ရုံးသို့ လူကိုယ်တိုင်လာရောက်၍ စုံစမ်းဆွေးနွေးနိုင်ပါတယ်။








Leave a Reply
You must be logged in to post a comment.