ကိုရီးယားမှာ အလာများကျတဲ့ ကျောင်းသားဗီဇာလို့ အထင်မှားတတ်ကြတဲ့ ဗီဇာလေးဖြစ်တဲ့ D-4 ဗီဇာအကြောင်းလေး ပြောပြပေးသွားပါမယ်။
တကယ်တော့ ကျောင်းသားဗီဇာလို့ အထင်မှားတတ်ကြ အလွယ်ခေါ်တတ်ကြပေမယ့် ကိုရီးယားနိုင်ငံရဲ့ သတ်မှတ်ချက်အရ 일반연수 ဗီဇာ အမျိုးအစားဖြစ်လို့ ကျောင်းသားဗီဇာ Student visa လို့လည်း အသေချာပြောလို့ မရပါဘူး သာမန်သင်တန်းသား တစ်ယောက်အတွက် ပေးတဲ့ ဗီဇာလို့ ပြောရင်တော့ ပိုပြီးမှန်ပါလိမ့်မယ်ဗျ။ (ဘာပဲဖြစ်ဖြစ်ပေါ့လေ မြန်မာအခေါ်ဆို ကျောင်းသားဗီဇာ လို့ပြောလဲပဲ မမှားပါဘူး)
ဘာလို့ သင်တန်းသားဗီဇာလို့ပြောလဲ သတ်မှတ်လဲလို့ဆိုရင် ကျနော့်အမြင်ရတော့ D-4 ဆိုတာက ကိုရီးယားဘာသာစကားသင်ဖို့ Language Program ဆိုတဲ့ အစီအစဉ်နဲ့ လာရတာမို့လို့ပဲ ထင်မိပါတယ်။
ကိုရီးယားမှာ ကျောင်းတက်ချင်တယ် ဘာသာစကားမတတ်သေးသူတွေအတွက် အရင်ဆုံး ဘာသာစကား သင်နေစဉ်ကာလအတွက် ဗီဇာ သက်တမ်းတခု သတ်မှတ်ပြီး သင်နိုင်ဖို့အတွက် ဖြစ်ပေါ်လာတဲ့ ဗီဇာလို့ပဲ ဆိုပါရစေ။
ဒါဆို ဒီဗီဇာနဲ့ ဘယ်လောက်ထိ သက်တမ်းတိုးပြီး နေနိုင်လည်းဆိုတော့ (၂နှစ်) အထိ နေနိုင်ပါတယ်။ ၂နှစ် ပြည့်ရင်တော့ ကျိန်းသေပေါက် တက္ကသိုလ်ကို မေဂျာတက်ကိုတက်ရပါမယ်ဗျ။ ၂နှစ်အထိ ကျိန်းသေပေါက်လည်း နေစရာမလိုပါဘူးနော် ကိုယ်က ဘာသာစကားကို အချိန်တိုအတွင်း ကျွမ်းကျင်တာ ဖြစ်ဖြစ် နဂို မြန်မာမှာတည်းက ကြိုတင်လေ့လာထားလို့ပဲ ဖြစ်ဖြစ် သတ်မှတ်တဲ့ Topik Level တခုရလို့ မေဂျာ တက်ချင်တယ်ဆိုလည်း မိမိတက်ချင်တဲ့ ကျောင်းရဲ့ ကျောင်းအပ်ချိန်နဲ့ ညှိပြီး ကျောင်းသားဗီဇာ D-2 ကို ပြောင်းလို့ရနိုင်ပါတယ်။
ဒီလောက်ဆို D-4 ဗီဇာက ဘယ်လို ဗီဇာအမျိုးအစားလည်းဆိုတာ သိလောက်ကြမယ်ထင်ပါတယ်ခင်ဗျ။ ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။
#MyanGoalEdu #Education #Myanmar #Korea #D4visa #VisaSuccess







Leave a Reply
You must be logged in to post a comment.