တောင်ကိုရီယားမှာ ကျောင်းသွားတက်မယ့် ကျောင်းသူ၊ကျောင်းသားတွေအတွက် ကိုရီယားရောက်ရင် အသုံးတည့်မယ့် Application လေးတွေကို ဖော်ပြလိုက်ပါတယ်။
🔺Naver Map – ဒီ app ကတော့ တောင်ကိုရီးယားမှာ အသုံးအများဆုံး Map application ၁ခု ဖြစ်ပါတယ်။ ဒီ App မှာ အချိန်နှင့်တပြေးညီ ယာဉ်ကြောအသွားအလာအပါအဝင် နိုင်ငံရဲ့ အသေးစိတ်နေရာ ၊မြေပုံတွေကို ထည့်သွင်းပေးထားပါတယ်။ အကယ်၍ ကိုယ်က ကားမောင်းနေတာဖြစ်စေ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး တခုခုကို သုံးနေတာဖြစ်စေ၊ လမ်းလျှောက်တာဖြစ်စေ Naver Map ဟာ ကိုယ်သွားလိုတဲ့နေရာတွေကို တိကျစွာ လမ်းညွှန်ပေးပါလိမ့်မယ်။
Google Play Store – https://shorturl.at/Tg8OG
Apple App Store – https://shorturl.at/Asl2T
🔺Subway Korea – တောင်ကိုရီးယားက မြေအောက်ရထားစနစ်ကို အသုံးပြုသူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ App မှာ အချိန်နှင့်တပြေးညီ ရထားထွက်မယ့်အချိန် အချက်အလက်တွေနဲ့ ဘူတာတွေအတွင်းမှာရှိတဲ့ အဆောက်အဦတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလဲ ဖော်ပြပေးထားပါတယ်။ ကိုရီးယားနိုင်ငံမှာ သွားရေးလာရေးအတွက် ရထားနဲ့ သွားဖို့ စဥ်စားနေရင်တော့ ဒီ App လေးကို ဆောင်ထားသင့်ပါတယ်။
Google Play Store – https://shorturl.at/fqCAO
Apple App Store – https://shorturl.at/NP5Nl
🔺KakaoTalk – တောင်ကိုရီးယားမှာ အသုံးအများဆုံး messaging app ၁ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Viber, Telegram, Messenger တို့သုံးပြီး စာပို့ကျသလို တောင်ကိုရီးယားမှာလဲ တယောက်နဲ့ တယောက် စာပို့ကျတဲ့အခါမှာ KakaoTalk ကိုသုံးပြီး ဆက်သွယ်လေ့ရှိကြတာမလို့ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။
Google Play Store – https://shorturl.at/gkZgS
Apple App Store – https://shorturl.at/vwiqx
🔺Naver Papago – ကိုးရီးယားဘာသာစကားကို ဘာသာပြန်ရုံသာမက နေ့စဉ်စကားဝိုင်းတွေအတွက် အသုံးများတဲ့ စကားစုတွေကိုလည်း ဖော်ပြပေးပါတယ်။ ကိုရီးယားဘာသာစကားကို မကျွမ်းကျင်တဲ့ ခရီးသွားတွေအတွက် အဖိုးတန် app တစ်ခုဖြစ်ပြီး ကိုရီးယားရောက်ရောက်ချင်း ကိုယ်မသိတဲ့ စကားလုံးကို ဒီ App နဲ့ လွယ်ကူစွာ Translate လုပ်ပြီး ပြောဆိုနိုင်ပါတယ်။
Google Play Store – https://shorturl.at/Ce2PJ
Apple App Store – https://shorturl.at/PhVSo
🔺Yogiyo – ဒီ app ကတော့ တောင်ကိုးရီးယားနိုင်ငံတစ်ဝှမ်းရှိ စားသောက်ဆိုင်အများအပြားနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Food Panda, Grab Food တို့သုံးပြီးမှာစားကြသလို ကိုးရီးယားမှာလဲ Yogiyo လို့ခေါ်တဲ့ app နဲ့ စားစရာမှာစားတတ်ကြပါတယ်။ ကိုရီးယားဟင်းလျာတွေကနေ နိုင်ငံတကာဟင်းလျာတွေအထိ၊ Yogiyo ဆီမှာ မှာယူ စားသောက်နိုင်ပါတယ်။
Google Play Store – https://shorturl.at/b1IeQ
Apple App Store – https://shorturl.at/eanZA
🔺BucaCheck – BucaCheck app အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ T-money ကတ်အပြင် တခြားသော အဓိက သယ်ယူပို့ဆောင်ရေးကတ်တွေရဲ့ လက်ကျန်ငွေပမာဏကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ ကားစီးတာဖြစ်ဖြစ်၊ ရထားစီးတာဖြစ်ဖြစ် လက်ကျန်ငွေ မလုံလောက်တာမျိုးမဖြစ်အောင် အမြဲ စစ်ဆေးလို့ရအောင် BucaCheck app ကိုလဲဆောင်ထားသင့်ပါတယ်။
Google Play Store – https://shorturl.at/J5i7h
Apple App Store – https://shorturl.at/Ax8Ak
ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။
#education #MyanGoalEdu #Myanmar







Leave a Reply
You must be logged in to post a comment.