Your cart is currently empty!
ကိုရီးယားဘာသာစကား လေ့လာနေသူများအတွက် အကောင်းဆုံး Application (10 ခု)မှာ ကျန်နေသေးတဲ့ နောက်ထပ်ကျန်သေးတဲ့ (5 ခု) ကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
☑️ Mango Languages – သင်ခန်းစာတစ်ခုစီကို 10 မိနစ်ခန့်ကြာမြင့်ပြီး ဝေါဟာရ၊ စကားစုများ၊ သဒ္ဒါနဲ့ culture notes တွေ ပါဝင်ပါတယ်။ သင်ခန်းစာတွေကလဲ အပြန်အလှန် အမေးအဖြေပုံစံဖြစ်ပြီး သင်ယူသူတွေအနေနဲ့ ကိုယ်တိုင်ပြော၊ ကိုယ်တိုင်ဖတ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်တဲ့သူတွေဟာ သင်ခန်းစာတစ်ခုပြီးတိုင်း ကိုယ်သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို ပြန်သုံးသပ်နိုင်ဖို့ revision လုပ်နိုင်ပါတယ်။ ဒီ app မှာ ကိုရီးယားဘာသာစကားအတွက် ကောင်းမွန်စွာ ဖွဲ့စည်းထားတဲ့ သင်ခန်းစာတွေကနေတဆင့် vocabulary, grammar, speaking, reading, and listening တို့ကို သေသေချာချာ လေ့လာနိုင်ပါတယ်။
Features:
Family access
Lessons
Speaking practice
Culture note
Grammar note
Vocabulary
Lesson reviews
Korean level: Beginner, intermediate
Google Play Store – https://shorturl.at/6yez3
Apple App Store – https://shorturl.at/n7WoH
☑️ Drops – Drops ကတော့ vocabulary ဦးစားပေး app ဖြစ်ပြီး မတူညီတဲ့ ခေါင်းစဥ်တွေအလိုက် vocab ရာနဲ့ချီကို လေ့လာနိုင်ပါတယ်။ ၅ မိနစ်စာ သင်ခန်းစာလေးတွေက ပျော်စရာကောင်းတဲ့အပြင် သင်ကြားတဲ့အခါမှာလဲ တော်တော်ထိရောက်မှု ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ vocab တွေကို လေ့လာချင်ရင် drops ကိုတော့ သုံးကြည့်သင့်ပါတယ်။
Features:
Vocabulary practice
Hundreds of sets of vocabulary words
Challenges
Korean level: All levels
Google Play Store – https://shorturl.at/SgTq7
Apple App Store – https://shorturl.at/KcXNd
☑️ Eggbun – Eggbun app ရဲ့ပုံစံကတော့ နာမည်အတိုင်း ချစ်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်ပြီး တခြား app တွေနဲ့ မတူတာက ကျွန်တော်တို့ နေ့စဥ်သုံးနေကျ အပြန်အလှန် စာပို့တဲ့ ပုံစံမျိုးနဲ့ ကိုရီယားဘာသာစကားကို လေ့လာနိုင်မှာဘဲ ဖြစ်ပါတယ်။ App ထဲစဝင်လိုက်တာနဲ့ ကိုယ်လေ့လာချင်တဲ့ သင်ခန်းစာ ခေါင်းစဥ်တွေကို ရွေးချယ်ရမှာပါ။ ရွေးချယ်ပြီးတာနဲ့ app ရဲ့ mascot အကောင်လေးဖြစ်တဲ့ Lanny က ကိုယ်လေ့လာချင်တဲ့ သင်ခန်းစာ ခေါင်းစဥ်တွေအလိုက် chatting style မျိုး သင်ယူနိုင်ပါတယ်။
Features:
Korean lessons
Lesson quizzes
Culture lessons
Wide range of lessons
Join classes to learn with a group
Online chat with fellow learners
Korean level: All levels
Google Play Store – https://play.google.com/store/apps/details…
Apple App Store – https://apps.apple.com/…/eggbun-learn…/id1082966024
☑️ Teuida – Teuida ကတော့ ကိုရီးယားဘာသာစကား သင်ယူသူတွေကို speaking အတွက် လက်တွေ့ဘဝ စကားဝိုင်းတွေပုံစံ သင်ကြားပေးပါတယ်။ သင်ယူသူတွေအနေနဲ့ ဗီဒီယိုဇာတ်လမ်း ၁ ပုဒ် ထဲကို ဝင်ရောက်ကြည့်ရှုပြီး သင်ခန်းစာကို စတင်လေ့လာနိုင်ပါတယ်။ သင်ခန်းစာပြီးသွားရင်လဲ ကိုယ်သင်ယူခဲ့တဲ့ သင်ခန်းစာမှန်သမျှကို revision ပြန်လုပ်ဖို့ quiz ၁ ခုကို ဖြေဆိုရပါသေးတယ်။ Speaking နဲ့ပတ်သက်ပြီး လေ့လာနေသူတွေအတွက် ရွေးချယ်သင့်တဲ့ app ဖြစ်ပါတယ်။
Features:
Learn with videos
Pronunciation analysis
Speaking practice
Learn phrases for specific situations
Online chat to share interests, ask questions, and complete > challenges
Korean level: Beginner, intermediate
Google Play Store – https://www.teuida.net/
Apple App Store – https://apps.apple.com/…/teuida-learn…/id1457532562
☑️ LingoDeer – LingoDeer မှာ လေ့လာမယ်ဆိုရင်တော့ Korean 1၊ Korean 2၊ Fluent Korean နဲ့ Travel Phrasebook ဆိုပြီး အပိုင်း ၄ ပိုင်းခွဲထားပြီး ကိုယ်လေ့လာချင်တာကို ရွေးချယ်နိုင်ပါတယ်။ Korean 1 ကတော့ beginner level တွေ အတွက်ဖြစ်ပြီး Korean 2 ကတော့ intermediate level အတွက်ဖြစ်ပါတယ်။ Korean 1 နှင့် 2 ကတော့ ပုံစံတူပြီး vocabulary, grammar, story reading, speaking practice တွေပါဝင်တဲ့ သင်ခန်းစာတွေကို သင်ကြားပေးပါတယ်။ သင်ခန်းစာတစ်ခု ပြီးတဲ့အခါမှာ vocabulary, grammar တို့ကို ပြန်လည်လေ့လာနိုင်ဖို့ review ပြန်လုပ်လို့ ရပါသေးတယ်။ Fluent Korean section မှာကတော့ ရာနဲ့ချီတဲ့ conversation တွေကို နားထောင် သင်ယူလို့ရပါတယ်။ Phrasebook ကတော့ ခရီးထွက်တဲ့အခါမှာရော နေ့စဉ်သုံးအတွက်ပါ အသုံးဝင်တဲ့ စကားစုပေါင်းများစွာကို သင်ယူလို့ရပါတယ်။
Features:
Korean lessons
Reading comprehension test
Learn Korean through conversations
Speaking practice
Writing practice
Key points of each lesson
Vocab and grammar review
Travel phrasebook
Placement test
Korean language blog
Korean level: Beginner, intermediate
Google Play Store – https://play.google.com/store/apps/details?id=com.lingodeer
Apple App Store – https://apps.apple.com/…/lingodeer-learn…/id1261193709







Leave a Reply
You must be logged in to post a comment.