Your cart is currently empty!
🇰🇷 တောင်ကိုရီးယားမှာ ကျောင်းတက်နေရင်း ကိုယ်ယူထားတဲ့ Major အတွက် credit ပြည့်အောင် ဖြည့်တဲ့အခါမှာ ကိုယ် မကျွမ်းကျင်တဲ့၊ အခုမှစတင်မယ့် ဘာသာရပ်အနေနဲ့ IT တို့ Engineering တို့ကို ယူရရင် ဘာသာစကား အခက်အခဲကြောင့်ရော၊ အသင်အပြကြောင့်ရော အနည်းနဲ့အများတော့ တိုင်ပတ်တာလေးတွေ ရှိတတ်ပါတယ်။
🎓 Computer Science၊ Computer Software အစရှိတဲ့ IT နဲ့ပတ်သက်တဲ့ မေဂျာတွေအပြင် Engineering ပိုင်း Major ယူထားတဲ့သူတွေအနေနဲ့ Coding တွေ Web design တွေ သင်ရတဲ့အခါမှာ အခက်အခဲ ဖြစ်နေတဲ့သူတွေ ရှိကြလား? Coding ရေးတဲ့အခါ တိုင်ပတ်နေတဲ့သူတွေရော ရှိကြလား?
🇲🇲 MyanGoal Edu မှာ ကိုရီးယားရောက် မြန်မာကျောင်းသူ/ကျောင်းသားတွေအတွက် ကိုယ်ရဲ့ မိခင်ဘာသာစကားနဲ့ဘဲ သင်ကြားပေးမယ့် MT Coding – Tech က ဖွင့်လှစ်တဲ့ Web Design Basic အတန်းတွေကို ပြောပြပေးသွားပါမယ်ဗျ။
🎓 Website တွေရေးဆွဲရမှာဖြစ်လို့ Facebook, YouTube, Netflix တို့လို Website UI လှလှလေးတွေလဲ တည်ဆောက်နိုင်သွားမှာဖြစ်ပြီး၊ Frontend Developer တစ်ယောက်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းဆိုရင်လည်းမမှားပါဘူး။ ဒီအတန်းကတော့ basic အတန်းဖြစ်တဲ့အတွက် Computer နဲ့ Computer Basic ရှိရင် join လို့ရပါတယ်၊ အဓိကက ဝါသနာပါပြီး အချိန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

🏛️ Web Design Basic (Frontend Development) Online Class
Web Design Basic အတန်းကိုဘယ်သူတွေတက်သင့်လဲ❓
✅ IT နဲ့ Career စတင်မယ့်သူတွေ
✅ Long term life plan အတွက် Career ချိန်းမယ့်သူတွေ
✅ Software Engineer, Web Developer ဖြစ်ချင်သူတွေ
✅ Coding ရေးရတာဝါသနာပါတဲ့သူတွေ
✅ Income များများနဲ့ နိုင်ငံခြားဝင်ငွေ ရချင်သူတွေ
✅ Remote or freelancer အလုပ်တွေနဲ့ရပ်တည်ချင်သူတွေအတွက် သင့်တော်ပါတယ်။
Web Design Basic အတွက်ကို အတန်းပုံစံ 3 မျိုးရှိပြီး
👉🏻 ဆရာနဲ့ One by one သင်ယူချင်လား?
👉🏻 Normal Group Class (min 4 – max 10 person) လိုမျိုးရော စိတ်ဝင်စားလား?
👉🏻 ကိုယ့်ရဲ့လိုအပ်ချက်အလိုက် ညှိနှိုင်းပြီးသင်လို့ရတဲ့ custom course အတန်းကိုပါ ထပ်တိုးဖွင့်လှစ်ထားပါတယ်။
အရင်ဆုံး One by one အတန်းကို ဘယ်လိုလူတွေတက်သင့်လဲ❓
✅ ကိုရီးယား မှာ IT ဒါမှမဟုတ် Engineering နဲ့ကျောင်းတက်နေပြီး အခက်အခဲတခုခုကြောင့် Coding ကို သေချာလေ့လာလိုသူတွေ၊ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ group အတန်းချိန်တွေ join ဖို့ အဆင်မပြေနိုင်တဲ့သူတွေ အတွက် အချိန်ညှိနှိုင်းပြီး တက်နိုင်ပါတယ်။
Custom course အတန်းကိုရော ဘယ်လိုလူတွေတက်သင့်လဲ ❓
✅ Web design ဆွဲတာကို အရင်ကလေ့လာဖူးတဲ့ အခြေခံရှိပြီး detail ကျကျမသိဘူးဆိုသူတွေ၊ design တစ်ခုမြင်ရင် coding နဲ့ဘယ်လိုပြောင်းရမယ်ဆိုတာ စဉ်းစားဖို့အခက်အခဲရှိသူတွေ၊ Practice အားနည်းသူတွေအတွက် ပိုသင့်တော်ပါတယ်။ Frontend ပိုင်းကို skill ပိုမြှင့်ချင်တဲ့ developer တွေလဲ တက်သင့်ပါတယ်။

သင်ကြားပေးမယ့် ပုံစံကတော့ Google Meet နဲ့ သင်မှာဖြစ်ပြီး အတန်းမှာသင်ခဲ့တဲ့ Video Record တွေကို ပြန် share ပေးသွားမှာ ဖြစ်ပါတယ်။
🎓 သင်ပေးမှာတွေကတော့
HTML,
CSS,
JavaScript,
Sass,
jQuery (Intro),
Bootstrap,
Mini projects
Git
⏰ သင်တန်းစတင်မယ့်ရက်
✅ August 19, 2024 စပါမယ်
⏲️ 8:00PM – 10:00PM (MM time)
⏰ သင်တန်းချိန်
Mon, Fri 8:00PM – 10:00PM(MM Time)
တစ်ပတ်နှစ်ရက်ပါ (3)လကြာပါမယ် ဒီထက်လည်း ပိုချင်ပိုနိုင်ပါတယ်။

👩💻 သင်ကြားပေးမယ့်သူ
လုပ်သက်အတွေ့အကြုံ (7)နှစ်ကျော်ရှိပြီဖြစ်တဲ့ Senior Frontend Developer Ma May Thinn Khine ဖြစ်ပါတယ်။ Language တစ်ခုကို သူငယ်ချင်း အချင်းချင်း အတူတူလေ့လာတဲ့ ပုံစံမျိုးနဲ့ သင်ယူရမှာမို့ အရမ်း pressure မဖြစ်စေဘဲ Discussion များများလုပ်ပြီး လေ့လာသွားမှာမို့သင်တန်းပြီးသွားရင်လည်း self study ကောင်းကောင်း လုပ်တတ်သွားမှာဖြစ်ပါတယ်။ တစ်တန်းမှာ အနည်းဆုံး 4 ယောက် ကနေစပြီး အများဆုံး 10ယောက်ထိလက်ခံမှာပါ။
💸💰သင်တန်းကြေး
မြန်မာငွေ ၂ သိန်းကျပ်ဖြစ်ပြီး တစ်ဝက်စီ ခွဲပေးလဲ ရပါတယ်။ One by One နဲ့ Custom Course အတွက် fees နဲ့ အသေးစိတ်ကို page messenger မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။
တစ်ယောက်ချင်းစီ သေချာကြည့်ပေးမှာမို့ သေချာအချိန်ပေးပြီး စာလိုက်လုပ်ဖို့လဲ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် IT Career Road Map ပေါ်ရောက်ချင်တဲ့သူ၊ လျှောက်လှမ်းနေတဲ့သူတွေအတွက် အကျိုးရှိစေတဲ့ Class လေးဆိုလဲ မမှားပါဘူးဗျ။
မိမိရဲ့အားလပ်တဲ့ အချိန်တွေမှာ Website နဲ့ Coding Language ရေးတာ သင်ယူပြီး Professional IT Career နဲ့ future plan ခိုင်မာချင်တဲ့ ကျောင်းသူ/ကျောင်းသားများအတွက် MyanGoal Edu x MT Coding – Tech ကို အခုပဲ ဆက်သွယ်လိုက်ပါ။
#နည်းပညာသင်တန်း #နည်းပညာဝန်ဆောင်မှု #Korea #Myanmar #D2Visa #MyanGoal #Education







Leave a Reply
You must be logged in to post a comment.