ကိုရီးယား မွေးစားစကားလုံး “Koglish”

ကိုရီးယားမှာလည်း မွေးစားစကားလုံးတွေ ရှိတယ်ဗျ တော်တော်လည်းများပါတယ် ကိုရီးယားစာလေ့လာသူဆို သိကြပါလိမ့်မယ်။ အဲလို မွေးစားစကားလုံးတွေကို 외래어 (ဝယ်ရယ်အော) လို့ ခေါ်ပါတယ်။
ဥပမာ Bus ကို “ဘော့စု” စကားပြောတဲ့အခါ “ပေါ့စု” ဖြစ်သွားသလိုပေါ့။
Ice-Cream ကို “အာအီစူးခူးရိမ်” ဆိုပြီး လုံးဝ ကိုရီးယားလိုကြီး လုပ်ယူ ပစ်တာမျိုးပေါ့။ ဗျည်းသံ မဆုံလို့ ဒီလိုရေးရတယ်ဆိုရင်တော့ နားလည်ပေးနိုင်ပေမယ့် ရေးလို့ ရတာတွေလည်း တမင် မရေးပဲ ကိုရီးယား အင်္ဂလိပ်လုပ်ပစ်တာပေါ့။
ဥပမာ ကျနော် က ဘောလုံးပွဲတွေကြည့်တော့ တွေ့တာလေးတချို့နဲ့ ယှဉ်ပြပါမယ်။ နာမည်ကြီး တိုက်စစ်မှူး Ronaldo ဆိုပါစို့ သူတို့ ဘာသာစကားအရ 로날도 ဆိုပြီး သုံးရင် အဆင်ပြေတယ်ဗျ ဒါမယ့် 호날도 “ဟိုနာလ်ဒို” ဆိုပြီး သုံးကြတယ် ပြီးတော့ ဒီယေဂို ဆိုလည်း 디예이고 ဆိုပြီး သုံးလို့ ရပါလျက် 지예이구 “ဂျီယဲအီဂူ” ဆိုပြီး စသဖြင့်သုံးတယ်။ အတော်တော့ ဂွကျ နိုင်ပါတယ်။
ကိုရီးယားစာသင်မယ်ဆို ဒါတွေလည်း သိသင့်ပါတယ်။ ကိုယ်သိထားတဲ့ English တောင် ပျောက်ပါတယ်။ ကိုယ်က English အသံနဲ့ ပြောရင် သူတို့က ရီကြပြီး 영어 못하구나!! “အင်္ဂလိပ်စာ မတတ်တာပဲ” ဆိုပြီး ရီကြပါသေးတယ်။ စိတ်ထဲကတော့ အော် အေးပါကွာပေါ့ ပါးစပ်ကတော့ နဲနဲပေါ့။ 🤭 ဆိုတော့ကာ သူတို့နိုင်ငံမှာ နေမယ်ဆို Stress မရပါ “စူးထုရဲဆူး” ပါပဲ။ Sorry မရပါ “ဆိုးရီး”ပါ။ Nice လား နိုးပါ “နာအီစုစ်”မှ အမှန် စသည်ဖြင့်ပေါဗျာ။
တချို့ ကိုရီးယား တွေက ကိုရီးယားလို နားမလည်ဘူးထင်ရင် အီးလ်ု လာပြောပါတယ် အဲကျ ပိုသေချင်စော်နံပါတယ်။ ဒီမှာ ပြောချင်တာက သူတို့ဘာသာ ဘယ်လ်ုပဲလွဲလွဲနေ ကျနော်တို့ ဘာလို့ လိုက်ပြောလိုက်လုပ်နေကြရတာလဲ? သူတို့က ဒါငါတို့ English ပဲ မင်းကြိုက်ရင် သင် မကြိုက်ရင် ငါတို့နိုင်ငံမလာနဲ့ ငါတို့နဲ့ စကားပြောလို့ အဆင်မပြေပါဘူးဆိုတဲ့ အထာပဲ ပြတ်တယ်။ အဲ့တော့ ကိုယ်တွေက လိုတာကို လိုအပ်တော့ သူတို့နောက်လိုက်ရတာ မဆန်းပါဘူး။
ဒီလိုနည်းနဲ့ သူတို့ ယဉ်ကျေးမှု၊ အစားအစာ၊ အနုပညာ စသဖြင့် ကမ္ဘာကို ထိုးဖောက်လာလိုက်တာ တော်တော်လေး ခရီးရောက်နေပါပြီ။
ဒီနေ့တော့ ဒီလောက်ပါပဲဗျ။
ကျောင်းနဲ့ပတ်သက်လို့ အသေးစိိတ်အချက်အလက်များ တိုင်ပင်ဆွေးနွေးလိုပါက MyanGoal Edu ရုံးသို့ လူကိုယ်တိုင်လာရောက်၍ စုံစမ်းဆွေးနွေးနိုင်ပါတယ်။ Korea မှာကျောင်းတက်ချင်လား MyanGoal Education ဆီလာ…

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest