Your cart is currently empty!
သံရုံး Seal မလိုတဲ့ ကျောင်း‼️
ဟုတ်ပါတယ်… ကျောင်းလျှောက်တဲ့အခါ သံရုံး Seal မလိုပဲ၊ စာရွက်စာတမ်း နိုတြီပြန်၊ MOFA တုံးထုရုံနဲ့ ကျောင်းလျှောက်လို့ရမှာဖြစ်ပြီး သံရုံးနဲ့က ဗီဇာဝင်ချိန်ပဲ ထိတွေ့ရမှာဖြစ်လို့ လက်ရှိအနေအထားရ သံရုံး Seal Booking တိုးရတဲ့ ဒုက္ခလည်း တခု သက်သာသွားစေတာပေါ့နော်။ 😮💨
ကျောင်းအနေအထားကလည်း ကောင်း။ မြန်မာလူခံတွေလည်း များ။ ဒီကျောင်းကနေ ဘွဲ့ရသွားသူတွေလည်း အများကြီးရှိခဲ့ပြီး ကျောင်းလခလည်း စျေးသင့်တယ်။ ကျောင်းရဲ့ Facilities တွေကလည်း ကောင်းပြီး တောဘက်နဲ့ တောင်ပေါ်တွေမျိုးမှာ မဟုတ်ပဲ မြို့ပေါ် မြို့လယ်နားမှာ ရှိတာမို့ လမ်းပန်းဆက်သွယ်ရေးကတော့ ပြောစရာကိုမလိုပါဘူး။ မေဂျာတွေလည်း စုံလင်ပြီး ရွေးစရာလည်းများတာမို့လည်း MyanGoal Edu ကညွှန်းလိုက်ရပါတယ်။
နောက်ပြီး မြန်မာအစားအစာတွေလွမ်းရင်လည်း မြန်မာဆိုင်တွေ ရှိရာဘက်ကို သွားနိုင်ပြီး၊ ဆိုးလ်သွားပြီး လည်လည်လုပ်ချင်ရင်လဲ ရထားလေးနဲ့ မိနစ် ၅၀ ကျော်ကျော်လေး စီးရင် ရောက်တာမို့ နေလို့ အဆင်ပြေတဲ့ ရပ်ဝန်းလေးတခုဆိုလည်း မမှားပါဘူး။ အိမ်ငှါးခတွေလည်း စျေးသင့်တယ်၊ ကျောင်းပတ်ဝန်းကျင်မှာလည်း အိမ်တွေပေါတာမို့၊ နေထိုင်ရေးအတွက်လည်း မပူရတဲ့ အဆင်ပြေတဲ့ ကျောင်းလေးတစ်ကျောင်းဖြစ်ပြီး Language Program မှာလည်း ထူးခြားတဲ့ ပထမဆုံး အမှတ်များတဲ့သူတစ်ယောက်ကို ကျောင်းလခ (50%) လျှော့ပေးတဲ့ စကော်လာ အစီစဉ်လေးလည်းရှိတာမို့ ကိုယ်ကြိုးစားဖို့ပဲလိုတယ်နော်။
မေဂျာတန်းမှာလည်း စကော်လာတွေရှိတာမို့… ကဲ ဘာကျောင်းလဲဆိုတာ သိတဲ့သူတွေ သိနေလောက်ပြီ ထင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ MyanGoal Edu ရဲ့ Chat Box ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ။







Leave a Reply
You must be logged in to post a comment.