Your cart is currently empty!
ကျောင်းအလွန် ဗီဇာများအကြောင်း ပြောရမယ်ဆိုရင်တော့ အရင်ကနဲ့ တူမလာတဲ့ အချက်အလက်လေးတွေ ရှိလာတာမို့ မတိုမရှည်လေး ရှင်းပြလိုက်ပါတယ်။
👉 ပထမဆုံး Language program နဲ့ လာမယ်ဆို D-4 visa ဒါက အတော်များများ သိထားပြီးသား ဖြစ်မှာပါ။
👉 ထို့နောက် မေဂျာယူ တက္ကသိုလ်တက်ပြီဆို D-2 visa ကျောင်းသားဗီဇာရပြီ။
👉 အဲ့နောက်ဘွဲ့ရပြီးလို့ Master/ PhD ကို ဆက်တက်မယ် ကျောင်းသားဗီဇာနဲ့ပဲ ဆိုတဲ့သူလည်း ရှိပါမယ်
👉 ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်ချင်တဲ့သူတွေကျ ဘွဲ့ရပြီးတာနဲ့ D-10 visa လို့ခေါ်တဲ့ အလုပ်ရှာဗီဇာချိန်း။ အလုပ်ရှာပေါ့ဗျာ အလုပ်ရဖို့က ခက်လားဆိုရင် ခက်ပါတယ်။ (ကိုယ့်ကို ဗီဇာပေးနိုင်တဲ့ Company က နည်းပါတယ်၊ နည်းတယ်ဆိုတာထက် သူတို့ နိုင်ငံသားတွေတောင် အလုပ်လက်မဲ့များနေတာဆိုတော့။)
👉 အဲလိုပြောင်းနိုင်ရင် E-7-1 visa လို့ခေါ်တဲ့ ကျွမ်းကျင်လုပ်သား ဗီဇာရမယ်ပေါ့။ (ဒီဗီဇာရဲ့ အားနည်းချက်က ဒီအလုပ်မှာပဲ လုပ်ရမှာဖြစ်ပြီး ဒီကထွက်တာနဲ့ ဗီဇာပျောက် အလုပ်ရှာဗီဇာ D-10 ပြန်ချိန်း အလုပ်ပြန်ရှာဆိုတော့ တွေးကြည့်ရင်ကို ရှုပ်ပါတယ်။)
👉 စာရေးသူ မင်မင်ကတော့ လက်ရှိ F-2-R visa ဆိုတဲ့ ဗီဇာချိန်းပြီး နေထိုင်အလုပ်လုပ်ကိုင်နေပြီး အဆင်ပြေမှုလည်း ရှိတာမို့ အပင်ပန်း အနည်းငယ်လေးခံနိုင်မယ်ဆို ဒီ Visa က ခိုင်မာပြီး၊ အဆင့်တခု ရှိတဲ့ Visa ဖြစ်ပါတယ်။ (အိမ်ထောင်ဘက်ပါ Visa အမြင့်တန်းရနိုင်ပြီး၊ ဘွဲ့မရခင် ၆လအလိုတည်းက စတင်လုပ်ဆောင်လို့ရတာတွေနဲ့ဆို အဆင်ပြေတဲ့ ဗီဇာ ဖြစ်လို့ ရေရှည်ဆက်နေမယ့် သူတွေအတွက်တော့ ရွေးချယ်စရာပါပဲ။) ဆိုးကျိုးအနေနဲ့ကတော့ လူနေနည်းပါးတဲ့ ဒေသတွေကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး အဲ့အလုပ် (သို့) စက်ရုံတခုတည်းမှာပဲ ၂နှစ် အနည်းဆုံးတော့ လုပ်ပေးရမှာဖြစ်တာမို့ အလုပ်ကို သေချာလေး စီစစ်ရှာဖို့တော့ လိုပါမယ်ဗျ။ အလုပ်ကိုလည်း အဲဒီနယ်မြေထဲက တခြား Company ကို ပြောင်းနိုင်တာမို့ အဆင်ပြေတယ်လို့ပဲ သုံးသပ်ရပါတယ်ဗျာ။
ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ @MyanGoal Edu ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။







Leave a Reply
You must be logged in to post a comment.